အပိုင်း ၃၉

2.5K 109 0
                                    

(unicode)

" ဟေ့ !  ထ တစ်ငုံသောက်အုန်း "

" ဂလု...အာ... "

ပြောစကားနားထောင်စွာ စားပွဲထက်ခေါင်းတင်အိပ်နေရာမှ ပြန်ထသောက်လာသူကြောင့် ဦးမင်း
ထွဋ်ခေါင် ခေါင်းညိတ်ထောက်ခံဖြစ်သည်။ ယနေ့သည် အရက်မသောက်နိုင်သော စွယ်သော်လင်းကို အထူးလေ့ကျင့်ပေးဖြစ်သော နှစ်ရက်မြောက်နေ့ပင်။ အရက်နည်းနည်းဝင်သည်နှင့် မှောက်သွားတတ်သူအတွက် အရက်ခံနိုင်ရည်နည်းနည်းပိုတိုးလာအောင် ထိန်းကျောင်းပေးဖြစ်သည်။

ဦးမင်းထွဋ်ခေါင်မှာ အရွယ်ကောင်းဆဲ လူလွတ်တစ်ဦးပင်။ ဇနီးသည်မရှိတော့သည်နောက်ပိုင်း စိတ်လွတ်ကိုယ်လွတ်နေခဲ့သူဖြစ်၍ သားဖြစ်သူ
နှင့်လည်း သိပ်မရင်းနှီး။ သူ့ဘာသာသူနေ ငါ့ဘာသာငါနေဖြင့် နေချင်သလို့နေခဲ့ကြသည်မှာ ဒေါင်းမာန်တစ်သက်နီးပါး ဆိုနိုင်သည်။

လွန်ခဲ့သော တစ်နှစ်ကျော်လောက်ကမှ မှတ် ဉာဏ်အချို့ပျက်စီးသွားသော သားဖြစ်သူကို အနားပြန်ခေါ်ထားခြင်းပင်။ တစ်နည်းဆိုရလျှင် လုပ်ငန်းများကို သားဖြစ်သူအား တစ်ပတ်ရိုက်
ဦးစီးခိုင်းဖြစ်ခဲ့သည်။

ဒေါင်းမာန်ထွဋ်ခေါင်သည် လုပ်ရေးကိုင်ရေးရှိ၍ နှစ်အနည်းငယ်အတွင်းမှာ  XZအုပ်စုနှင့်ယှဥ်တွဲမြင်လာသည့်အထိ ရှိလာခဲ့သည်။ ထားလိုက်သည် ချစ်သူရည်းစားနှစ်ယောက်လုံးမှာ ယောကျာ်းလေးများဖြစ်နေသော်လည်း ဦးမင်း
ထွဋ်ခေါင်အတွက် သိပ်အရေးမကြီး။ သားဖြစ်သူပျော်လျှင် ပြီးပြီးပင်။ အသက်လည်းရလာပြီးဖြစ်၍ သူ့ဘာသာ​သူ စဥ်းစားတတ်ပေမည်။

ရှေ့စားပွဲထက် ခေါင်းငိုက်နေသော စွယ်သော်လင်းကို ဦးမင်းထွဋ်ခေါင်သေချာကြည့်ဖြစ်၏။ အကြောတင်းလေးပင်။ ပထွေးနှင့်တစ်ရုံးတည်းအတူမရှိချင်၍ အမွေဖြတ်ခြင်းခံလိုက်ရသူ။ ထိုကောင်လေးသည် ချစ်မွှေးပါပေ၏။ ပျင်းနေချိန်အတူရှိပေးသူလည်းဖြစ်လာ၍ တူတစ်ယောက်ပမာ မြင်မိနိုင်ပေသည်။

...📱(ဖုန်းသံ) ..📱...

မြည်လာသောဖုန်းသံကြောင့် ဦးမင်းထွဋ်ခေါင် ဖုန်းကို ကြည့်လိုက်သည်။ ပြီးလျှင် ရှေ့စားပွဲထက် ခေါင်းတင်မှောက်နေသူကို တစ်ဖန်ကြည့်လိုက်၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now