အပိုင်း ၄၃

2.6K 96 0
                                    

(unicode)

လူကြီးပြန်အလာကိုစောင့်လျက် အိပ်ပျော်သွား ၏။ နားထဲတိုးဝင်လာသော ရေကျသံတချို့ကြောင့် မျက်လုံးတို့ဖွင့်လိုက်လျှင် လူကြီးမှာ ပြန်ရောက်လာပြီး ရေချိုးနေပုံပင်။ ရေချိုးခန်းတံခါး လည်း ဖွင့်ဟထားပုံရ၏။ ထို့ကြောင့်လည်း ရေသံတိုးတိုးတို့ကိုကြားပြီး နိုးလာခဲ့ပေသည်။

ဒေါင်းမာန်ကိုယ်ဗလာကျင်းဖြင့် ထွက်လာခဲ့လိုက်ချိန် ကလေးငယ်သည်ကုတင်ထက်၌ မျက်လုံးနှစ်ဖက်ကို လက်ညိုးလေးတို့ကွေးလျက် ပွတ်သပ်နေဟန်ကို ချစ်စဖွယ်တွေ့လိုက်ရ၏။

" လူ လူကြီး "

ရုတ်တရက်မျက်လုံးရှေ့ပေါ်လာသော ကိုယ်ခန္ဓာဗလာကျင်းကြောင့် စကားပင် ထစ်မိသွားသည်။

" ဂလု "

အသံထွက်သည်အထိ တံတွေးမျိုချလိုက်မိ၏။ ရေစက်လက်နှင့်လူကြီးမှာ အထက်အောက်အစအဆုံး ဗလာကျင်း။

" ကိုယ်ကိုခွင့်လွတ် ကလေးငယ် "

" ဘာကို အွပ် အင် "

ပခုံးနှစ်ဖက်ကို လက်ဖဝါးကျယ်နှစ်ဖက်ဖြင့် အပြည့်အဝဆွဲယူပြီး ရင်ခွင်ထဲပွေ့ပိုက်လျက် နမ်းရှိုက်လာသည်။ စွယ်သော်လင်းမှာ မွေ့ယာအစွန်းတွင်ဒူးထောက်လျက် ကုတင်ဘေးရပ်နေသူ၏ရင်ခွင်ထဲ အဖက်ခံထားလျက်နှင့် ခေါင်းလေးမော့ကာ အနမ်းခံနေရပေသည်။ နှုတ်ခမ်းတစ်ခုလုံးကို ပါးစပ်ထဲဝင်မတတ် စုပ်ယူနေသူကြောင့် ပြန်တုံ့ ပြန်နမ်းရန်ကြိုးစားလိုက်သော်လည်း နှုတ်ခမ်းအစုံမှာ လှုပ်ရှားခွင့်ပင် မရခဲ့။

ကလေးငယ်၏လက်တစ်ပွေ့စာ ကိုယ်လုံးသေးလေးကို ရင်ခွင်ထဲအပ်ထားလျက် နမ်းရှိုက်မှုပြုပြီး ထိုမှ လယ်တိုင်လေးထက် မျက်နှာအပ်မိပြန် သည်။ ကလေးငယ်အား ချစ်ချင်စိတ်တို့သည်
တားဆီးမရအောင် နှိုးထလာခဲ့ပြီး။ လည်တိုင်လေးထက် အရာထင်ကျန်လောက်သည့်အထိ သွားဖြင့် ဖိခြစ်ယူနေမိသည်။ ဆွဲကိုက်နေမိ၏။

" အင့် လူကြီး အင့် အင်း အင် "

ကလေးငယ်နှုတ်မှ ထွက်ပေါ်လာအသံသေးသေးလေးမှာ ဒေါင်းမာန်စိတ်တို့ကို ပိုမိုတွန်းအားပေးလာသယောင်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now