အပိုင်း ၅၄

2.7K 98 1
                                    

(unicode)

" တောက် ! ! ! "

နေ့သစ်ပိုင် ခံပြင်းရသည်။ ချစ်ရသူကို အဝေးခေါ်ထုတ်သွားသူအကြောင်း စုံးစမ်းကြည့်ရာမှ ထပ်သိလိုက်ရသော အကြောင်းရာတို့ကြောင့် ပို၍မကျေနပ်ဖြစ်ရသည်။

အကြောင်းမှာ လက်ရှိသော်လင်း၏အဖိုးကြီးသည် သော်လင်းမမေ့နိုင်ဖြစ်ခဲ့ရသူပင် ဖြစ်နေပေသည်။ ထိုအဖိုးကြီးသည် လက်ရှိ၌ အတိတ်ကဖြစ်ရပ်တစ်ချို့ကိုမေ့နေ၍ ကုသမှုအချို့ကိုလည်း သိုသိပ်စွာခံယူနေရ၏။ ထိုအကြောင်းကို
သော်လင်းလည်း သိ​မထားပုံပင်။

" ငါအတွက်မျှတမှုက ဘယ်မှာလဲ အား !  ခလွမ် "

မျက်စိရှေ့ပေါ်နေသော မှန်တံခါးကို လက်ဗလာဖြင့် ထိုးခွဲလိုက်သည်။ လက်ဆစ်တွင် ကပ်နေသောသွေးအချို့ကိုကြည့်ပြီး နာကျင်စွာ ပြုံးမိ သည်။

" သော်လင်းဆိုတဲ့ လူသားဟာ ငါအတွက်ပဲဖြစ်ရမှာကိုကွာ "

အမြတ်တနိုးချစ်ခဲ့ရသော ထိုလူသားလေးကို ဘယ်သူဆီမှ မပေးနိုင်။ ကိုယ်တိုင်ပင် ပိုင်ဆိုင်ချင်မိသည်။

" နှစ်၊ လကြာအောင် ဝေဒနာတွေပေးခဲ့သူကိုမှ ပြန်ချစ်သွားခဲ့တယ်တဲ့လားကွာ၊ အနားမှာရှိခဲ့သူကိုကျ မမြင်ဘဲလေ ဒုန်း ဒုန်း ဒုန်း  "

အနားရှိမြင်သမျှအသုံးဆောင်တို့ကို ထပ်ခါမ ပြတ်ထိုးကြိတ်လိုက်ပြီး စိတ်ဖြေလျော့နေမိ သည်။ ကြေမွသွားသော လက်ဆစ်တို့၏နာကျင်မှုတို့ထက် နှလုံးသားအတွင်းပိုင်း၌ ပိုနာကျင်နေ သည်။

မိုးလင်းတည်းက လူကြီးကို မတွေ့လိုက်ရသေး။ အိပ်ယာထနောက်ကျသွား၍ လူကြီးတစ်ယောက်အလုပ်သွားလေပြီး။ ယနေ့ စွယ်သော်လင်းစိတ်ကြည်လင်နေ၍ လူကြီးကုမ္ပဏီသို့လိုက်သွားရန် ပြင်ဆင်နေမိသည်။

နေလောင်ကာခရင်တို့ကို လိမ်း၊ ရေမွှေးကို ဆွတ် ၍ ဒါရိုက်ဘာဦးလေးကို ကုမ္ပဏီလိုက်ပိုခိုင်းလိုက်သည်။

" ဦးဒေါင်းမာန်နဲ့တွေ့ချင်လို့ပါ "

" ကြိုချိန်းထားတာရှိလား "

" မရှိဘူးဗျ၊ ကျွန်တော်က "

" ကြိုမချိန်းထားရင် တွေ့ဖို့အဆင်မပြေပါဘူးရှင့်၊ စောင့်နေလည်းဒီနေ့ အချိန်မရနိုင်ဘူး ထင်တယ်၊ ခုလေးတင် ကောင်မလေးနဲ့အတူ အပြင်ထွက်သွားလို့ပါ "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now