အပိုင်း ၅၆

2.6K 100 0
                                    

(unicode)

မနက်ခင်းတွင် အိမ်တစ်ခုလုံး တိတ်ဆိတ်နေပေသည်။ ကိုနေ့သစ်သည်လည်း မရှိနေ။ အပြင်ထွက်သွားခဲ့သည်မှာ ညနေ့မှပြန်လာမည်အ ကြောင်းကိုမူ စာရေးထားခဲ့ပေသည်။

စွယ်သော်လင်း ရေခဲသေတ္တာကိုဖွင့်လိုက်လျှင် စားစရာအပြည့်တွေ့လိုက်ရ၍ စိတ်မှာကြည်လင်လာသယောင်။ အကြိုက်ဖြစ်သော sedaap အ စိမ်းထုပ်ကိုယူလိုက်ပြီး ကြက်ဥနှစ်လုံးကိုပါယူလိုက်သည်။

ကလေးငယ်ရှိနေသော နေရာကိုသိပြီးဖြစ်၍ အ ပြေးလေးသွားရှာရ​ပေသည်။ ခြံတံခါးကို အသာ
ဖွင့်ဝင်လာလိုက်ပြီး အိမ်လေးရှိရာသို့ လာခဲ့လိုက်သည်။ ခြံဝင်းငယ်သည် တိတ်ဆိတ်နေပေ၏။ ခြံနှင့်အိမ်ငယ်လေးမှာလည်း လိုက်ဖက်ညီစွာနေချင်စဖွယ်လည်း ရှိပေသည်။

အိမ်တံခါးကိုခေါက်ရန် ပြင်လိုက်၏။ သို့သော် စေ့ရုံစေ့ထားသောတံခါးကြောင့် အသာတွန်းဖွင့်ဝင်လိုက်သည်။ အခြားသူအိမ်အတွင်းသို့ အတိုင်းသာဝင်သွားသည်မှာ မသင့်တော်သည်ကို သိနား လည်ထားသော်လည်း ဒေါင်းမာန်စိတ်မရှည်နိုင်တော့။

အသည်းအသက်ကလေးငယ်ကို တွေ့ချင်လှပြီး။ မြင်ချင်ပေ၏။ တံခါးမှ အသာဝင်လိုက်လျှင် ကြမ်းခင်းထက်ထိုင်နေသောကလေးငယ်ကို တွေ့လိုက်ရပေသည်။ တံခါးဘက်ကိုကျောခိုင်းထိုင်လျက် တရှုံ့ရှုံ့ငိုနေဟန်ဖြင့်ရှိနေလေ၍ စိုးရိမ်သွားသည်။

" ကလေးငယ် ! "

စားသောက်နေချိန်လူကြီး၏ခေါ်သံကို ကြား လိုက်လျှင် စားလက်စခေါက်ဆွဲအစပ်တို့ပင် သီးသွားရ၏။

" အဟွပ် ဟွပ် ရေ အင့် "

လက်တခါခါပြုလျက် ရေတောင်းနေသူကို တွေ့
ပြီး ဒေါင်းမာန်ခြေလက်မကိုင်မိဖြစ်ရသည်။ ရေမရခင် ကလေးငယ်မှာ မျက်ရည်များပင်ကျနေသည့်ဖြင့်၍ အစပ်ဒဏ်ကြောင့်ထော်ရဲနေသော နှုတ်ခမ်းလေးကို အပြည့်အဝငုံထွေးပြီး ပူစပ်မှုအား သက်သာစေရန် အမြန်ဆောင်ရွက်ပေးလိုက်သည်။

လူကြီး၏နှုတ်ခမ်းထံမှ စုတ်ယူမှုကို ခံစားမိချိန် စွယ်သော်လင်း ရင်တဒိတ်ဒိတ်ခုန်လာသည်။ တားမရဆီးမရ ခုန်ပေါက်နေ၍ လူကြီး၏ရှေ့ ဆက်လာသော အနမ်းရှည်တို့ကြားမှ ရုန်းထွက်ရန်ကိုပင် မေ့လျော့သွားရ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now