အပိုင်း {၁} (Uni+Zawgyi)

31.4K 1.1K 101
                                    

အမုန်းမှပွင့်သောအချစ်ပန်း
အပိုင်း {၁}

"မမလေးရောက်တာကြာပြီလား..ကားလမ်းပိတ်နေလို့ပါ"
သူမရှေ့ကားထိုးရပ်ပြီးကားပေါ်မှဆင်းကာ ပြာပြာသလဲဖြင့်မမေးပါဘဲရှင်းပြနေသည့်သူမရဲ့လူယုံတော်အား ဟယ်ရီ ပြုံးကာကြည့်လိုက်မိသည်။
"No Problem ပါခက်ဆစ်ရာ။လေယာဥ်ဆိုက်တာမကြာသေးပါဘူး"ဟုဆိုရင်းဖွင့်ပေးထားသည့်ကားနောက်ခန်းတွင်ဝင်ကာ ထိုင်လိုက်မိသည်။

ဒီနေရာမှာခက်ဆစ်မဟုတ်ဘဲတစ်ခြားတစ်ယောက်သာဆိုမမလေးကအလုပ်ဖြုတ်ပစ်လိုက်မှာပင်။မမလေးကဒေါသထွက်လွယ်ပေမဲ့သဘောတော့ကောင်းလှသည်။ဒါကလည်းရင်းနှီးတဲ့သူတွေလောက်ပဲသိတာပင်။

"ခက်ဆစ်..ငါစုံစမ်းခိုင်းတာရပြီလား"
"ရပြီမမလေး..ဒီမှာပါကျွန်တော်အချက်အလက်တွေထည့်ထားတယ်"
ကားမောင်းရင်းဖြင့်boxထဲရှိဖိုင်တွဲအားယူကာကားနောက်ခန်းရှိမမလေးဆီအားလှမ်းပေးလိုက်မိသည်။လွန်ခဲ့တဲ့တစ်လတည်းက မမလေးကခက်ဆစ်ကို နိုင်ငံခြားကနေ ကြိုပြန်ခိုင်းပြီး စုံစမ်းခိုင်းခဲ့တာပင်။မမလေးအတွက်အရေးပါတဲ့အရာမလို့ခက်ဆစ်သေချာလေးစုံစမ်းပေးထားသည်။အတော်များများတော့မမလေးအားပေးပြီးပေမဲ့ကျန်နေသေးတာတွေထပ်ပြီးစုံစမ်းထားတာပင်။

"ကျေးဇူးနော်ခက်ဆစ်..ငါလိုချင်တာတွေအကုန်ပါတယ်"

"ဦးရဲထွဋ်ခေါင်...ရှင့်အပြစ်ကြွေးတွေကိုပြန်ဆပ်ရတော့မဲ့အချိန်ရောက်လာပြီ။ကျွန်မခံစားခဲ့ရသလိုရှင်လည်း ပြန်ခံစားရစေရမယ်။"

ဟယ်ရီစိတ်ထဲမှပြောပြီးလက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။

"ခက်ဆစ်...အိမ်ကိုမမောင်းနဲ့အရင်ဆုံး ဒီထဲကကုမ္ပဏီလိပ်စာကိုမောင်း"

ကားလေးကတရွေ့ရွေ့ဖြင့်သွားနေပြီး ကားပါကင်တွင်ထိုးကာရပ်လိုက်လေသည်။ကံတရားကဟယ်ရီဘက်ပါသည်ထင်ရဲ့ပါကင်တွင်ကားများသာရှိပြီး လူရိပ်တောင်မရှိ။လုံခြုံရေးကောင်လေးတစ်ယောက်သာရှိလေသည်။
"မမလေးအခုအထဲကနေထွက်လာတာက ဒီကုမ္ပဏီရဲ့ပိုင်ရှင် ဒေါ်နန်းရိပ်လွှာပါ။ဦးရဲထွဋ်ခေါင်ရဲ့တစ်ဦးတည်းသောညီမ"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now