အပိုင်း {၇}

9.9K 763 27
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၇}

"ဟာ!!"
"ဆော..ဆောရီးနော် တောင်းပန်ပါတယ် ချယ်ရီသတိမထားမိလိုက်လို့ပါ"
ရေခဲမုန့်စားရင်း ဝင်တိုက်လိုက်မိတာကြောင့် တစ်ဖက်ရှိအင်္ကျီအဖြူမှာ စွန်းထင်းသွားတော့သည်။တစ်ရှူးစအားအမြန်ယူကာသုတ်ပေးပေမဲ့ ပေကျံနေဆဲပင်။
"တောင်းပန်ပါတယ်နော်ဦး..ချယ်ရီသတိမထားလိုက်မိတာပါ"
"ရပြီ..ရပြီကလေးမ..ကိုယ်အင်္ကျီပြန်လဲလိုက်မယ်နောက်တစ်ခါဆိုသတိထား"ပြောပြီးထွက်သွားသည့်လူအား ချယ်ရီလိုက်ငေးနေမိတော့သည်။အသက်သုံးဆယ့်ငါးဝန်းကျင်လောက်ရှိမည်ဖြစ်သည့်အမျိုးသားမှာ တည်ကြည်ခန့်ငြားလှသည်။မျက်ခုံးထူထူနှာတံစင်းစင်းနဲ့သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပုံမှာ တကယ့်လူကြီးလူကောင်းတစ်ယောက်ပုံစံပင်။
"ဟဲ့..ချယ်ရီအသက်ရှိသေးရဲ့လားခေါ်နေတာကို"
"ဟင်..ဘာဖြစ်လို့လဲ"
"မျက်လုံးကြီးလည်းကျွတ်ပါသွားအုံးမယ်..old manကြီးကိုကြည့်နေလိုက်တာ"
"ဟဲ့အပြောအဆိုဆင်ခြင်စမ်း..ဘာold manလဲ ဦးကဒီလောက်တည်ကြည်ခန့်ငြားနေတာကို"
"ဘာတဲ့..ဦးဟုတ်လား..အမလေး သွန်းချယ်ရီတို့ဆေးမမှီတော့ဘူး"
"မမှီပါစေဟယ်ဘာဖြစ်လဲ..ငါတော့ဦးကိုချစ်မိသွားပြီ"
"ဟယ်..ချက်ချင်းကြီးလား ကောင်မရယ်မူပါအုံး သူ့အကြောင်းတောင်မသိရသေးဘဲ"
"မြင်မြင်ချင်းအချစ်တဲ့ နင်တို့မကြားဖူးဘူးလား.."
သူငယ်ချင်းတွေက မဲ့ကာရွဲ့ကာစနောက်နေပေမဲ့ဟယ်ရီကတော့ ထိုအမျိုးသားအကြောင်းသာတွေးနေမိတော့သည်။အချစ်ဆိုတဲ့စာမျက်နှာဟာ ဦးနဲ့တွေ့မှ မှင်စက်ရာတို့ထင်ကျန်ခဲ့တော့မယ်။
---
"ဒီမှာ..ရှင်အဲ့တာဘာလုပ်နေတာလဲ"
"ကုမ္ပဏီသွားဖို့ပြင်နေတာလေ"
"ရှင်ကုမ္ပဏီသွားမှာအဲ့လောက်ပြင်စရာလိုလို့လား"
"မင်းပဲပြောတယ်လေ ဒီညညစာစားပွဲကအရေးကြီးတယ်ဆိုအဲ့တာကြောင့်တို့ပြင်နေတာ"

ခြေဆုံးခေါင်းဆုံးကြည့်ကာပြောနေသည့်သူအား နန်းရိပ်မျက်စောင်းထိုးလိုက်မိသည်။ငယ်သာငယ်တာ ဒီကလေးမက ဆရာသိပ်လုပ်ချင်သည်။ကိုယ့်ဘာသာဘယ်လိုပြင်ပြင်ပေါ့ သူနဲ့ဆိုင်တာကျလို့လေ။အကုန်လုံးကိုလိုက်ပြောနေတော့တာပဲ။မလိုက်ချင်ဘူးဆိုသည်ကိုအတင်းခေါ်ပြီးအခုကျ ပြင်လို့ပြောပြန်ပြီ။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now