အပိုင်း {၂} (Uni+Zawgyi)

10.3K 805 56
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၂}

"ကောင်မလေးတစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်"
"ဘယ်သူလဲ"
"လွန်းဟယ်ရီလို့ပြောပါတယ်ဘော့စ်"
"ဘာ!ငါ့ဆီချက်ချင်းလွှတ်လိုက်"
အခန်းတံခါးပွင့်ကာ ဝင်လာသည့်သူအားရဲထွဋ်သေချာကြည့်နေမိသည်။အနောက်တိုင်းဝတ်စုံအားဝတ်ဆင်ထားပြီး ဆံနွယ်တွေကိုတင်းတင်းစုကာစည်းထားလေသည်။မျက်ဝန်းတွေက အရောင်တောက်နေပြီး လွန်ခဲ့သည့်ဆယ်နှစ်ခန့်နှင့်လုံးဝမတူစွာကွဲပြားသွားသည့်သူအား မမှိတ်မသုန်ကြည့်ရင်းအကဲခတ်နေမိတော့သည်။
"တွေ့ရတာဝမ်းသာပါတယ်..ဦးရဲထွဋ်ခေါင်..အို..ဒီလိုခေါ်လို့မရတော့ဘူးပဲယောက်ဖကြီးလို့ခေါ်ရမှာပေါ့နော့်"
"လွန်းဟယ်ရီ..မင်းငါ့ညီမကိုဘယ်မှာဖွက်ထားတာလဲ"ဟုဆိုရင်းလက်တွေအားဟယ်ရီလည်ပင်းပေါ်သို့တင်ကာဖျစ်ညှစ်လိုက်လေသည်။ဟယ်ရီမျက်နှာကတော့အပြုံးမပျက်ပေ။
"ပြောစမ်း..ငါ့ညီမနန်းရိပ်ဘယ်မှာလဲ"
"အသက်ကြီးသွားလို့ထင်တယ်ရှင်သိပ်ပြီးအားမသန်တော့ဘူးပဲ"
"လွန်းဟယ်ရီ..ငါမင်းကိုသတ်ပလိုက်လို့ရတယ်"
"ကျွန်မတော့မထင်ဘူး.."
"မင်းကငါ့ကိုလာစမ်းနေတာပဲ.."ဟုဆိုရင်း လည်ပင်းအားပိုတိုးညှစ်ကာနံရံတွင်တွန်းကပ်လိုက်လေသည်။
"ရှင်ကျွန်မကိုသတ်လိမ့်မယ်လို့မထင်ဘူး။ဘာလို့ဆိုကျွန်မက ရှင့်ညီမရဲ့အိမ်ဦးနတ်ဖြစ်နေလို့ပဲ.."
အံ့သြမှုနဲ့အတူရဲထွဋ်ခေါင်ရဲ့လက်တွေက ဟယ်ရီကိုယ်ပေါ်ကနေ ဖယ်ခွာသွားလေသည်။အနည်းငယ်ရဲသွားသည့်လည်ပင်းအား လက်ဖြင့်ပွတ်သပ်လိုက်ရင်းမဲ့ပြုံးအားပြုံးကာ ဆိုဖာတွင်ထိုင်ပြီးခြေနှစ်ချောင်းအား စားပွဲပေါ်တင်လိုက်လေသည်။
"အံ့သြသွားလား..မယုံဘူးဆိုလည်းဒီမှာကြည့်လို့ရတယ်နော်"ဟုဆိုရင်း လက်ထဲရှိဖိုင်တွဲအား ဦးရဲထွဋ်ခေါင် ဆီပစ်ပေးလိုက်လေသည်။
ဖိုင်အားဖွင့်ကာကြည့်လိုက်မိတော့ နှစ်ဦးသဘောတူလက်ထပ်စာချုပ်ဆိုသည့်အောက်တွင် ညီမနာမည်နှင့်လက်မှတ်အားတွေ့လိုက်ရတာကြောင့် ရဲထွဋ်ရင်ထဲကမ္ဘာပျက်သွားရတော့သည်။
"မဖြစ်နိုင်ဘူး...ညီမလေးက ဒီလိုလုပ်မှာမဟုတ်ဘူးမင်းသက်သက်ညာနေတာလွန်းဟယ်ရီ"
"အဟက်..ကျွန်မညာလားမညာလားရှင်သိပါတယ်"
"ငါမင်းကိုသတ်ပြီးလက်စဖျောက်ပလိုက်လို့ရတယ်"ဟုဆိုရင်း အံဆွဲထဲရှိသေနတ်အားဆွဲထုတ်ကာ ဟယ်ရီအားချိန်လိုက်ပေမဲ့ ဟယ်ရီကတော့ ပြုံးပြုံးပင်။
"ဒီနေ့ပဲရှင့်ညီမလက်ထပ်တဲ့သတင်းပါပြီးမနက်ဖြန်မှာ မုဆိုးမဖြစ်သွားတယ်ဆိုတဲ့သတင်းကို ရှင်ကြားချင်မယ်လို့ကျွန်မတော့မထင်ဘူး"ဟုဆိုရင်း ချိန်ထားသည့်သေနတ်အားဖယ်ချကာ ပြန်ထွက်လာခဲ့တော့သည်။
"ဦးရဲထွဋ်ခေါင်အခုမှအစပဲရှိပါသေးတယ်..ကျွန်မအစ်မနာကျင်ခဲ့ရတာထက်စာရင်ဒါက ပါးပါးလေးပါ"
---
"ရော့"
"ဒါကဘာလုပ်ရမှာလဲ"
"အဝတ်ပေးမှတော့လျှော်ဖို့ပေါ့..ဒေါ်နန်းရိပ်လွှာရဲ့"
"လျှော်ရမယ်ဆို မင်းအိမ်ကအလုပ်သမားတွေရှိသားပဲလျှော်ခိုင်းပေါ့"
"ဒီမှာရှင်က ကျွန်မမိန်းမ..ကျွန်မအဝတ်တွေရှင်ပဲလျှော်ရမယ်။မလျှော်ချင်လည်းရတယ်နော်။တစ်ခြားနည်းတွေကျွန်မမှာရှိတယ်"
မျက်နှာနားသို့တိုးကပ်လာတာကြောင့် နန်းရိပ်အမြန်ပင်ထရပ်လိုက်မိသည်။
"လျှော်ပေးမယ်..ဒါအကုန်ပဲလား"
"ဟွန့်အဲ့လိုလိမ္မာစမ်းပါ..မြန်မြန်လျှော်ပြီးရင် ကုမ္ပဏီ သွားရမယ်"
အဝတ်တို့အားပိုက်ရင်း ရေချိုးခန်းဆီလျှောက်သွားသည့်အမျိုးသမီးအား ဟယ်ရီလှမ်းခေါ်လိုက်မိသည်။
"အဝတ်လျှော်စက်နဲ့လျှော်လို့မရဘူး။အောက်ကရေကန်ဘေးမှာသွားလျှော်"
သူမအား မျက်ရည်ဝိုင်းနေသည့်မျက်ဝန်းတို့ဖြင့်တစ်ချက်လှည့်ကြည့်ပြီး နှုတ်ခမ်းအားကိုက်ကာ အခန်းထဲမှထွက်သွားသည့်သူအားကြည့်ရင်းဟယ်ရီစိတ်ထဲအမျိုးအမည်မသိသောခံစားချက်တို့ဝင်လာခဲ့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now