အပိုင်း (၁၈)

7.8K 670 35
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၈)

"နန်းရိပ် ဟိုမှာ"
က်ုကိုကြီးပြသည့်နေရာအား ကြည့်မိတော့ ဆိုင်ထဲသို့လျှောက်လှမ်းလာနေသည့်ကလေးမ။ခေါင်းမာတတ်တဲ့သူမလို့လာပါ့မလားလို့စိုးရိမ်နေခဲ့မိတာပင်။အခုလိုမြင်ရတော့ စိုးရိမ်စိတ်အနည်းငယ်လျော့ရသည်။အရင်တင်းမာနေကျမျက်နှာလေးဟာ ဒီနေ့တော့ အနည်းငယ်ပုံပြောင်းနေသည်။မျက်ဝန်းတောက်တောက်တို့မှာလည်း အားဖျော့ကာနေတာကြောင့်သက်ပြင်းချလိုက်မိပြန်သည်။
"ထိုင်လေ...."
"ဟုတ်"
နန်းရိပ်ဘေးရှိခုံတွင်ဝင်ထိုင်ပြီး ဘာစကားမှမပြောဘဲငိမ်နေလေသည်။ပြောဖို့စကားစတွေရှာနေတာထင်ရဲ့။နန်းရိပ်ကိုယ်တိုင်လည်း ဘယ်ကဘယ်လိုစပြောရမလဲမသိပေ။ဆယ်စုနှစ်စာယုံကြည်ခဲ့တာက အမှားကြီးမလား ဆိုပြီးလည်း လှောင်ရယ်ဖို့အတွေးမရှိ။
"တစ်ခုခုအရင်မှာလိုက်ပါလား"
"ဟင့်အင်း...ဟယ်ရီ အမှုအခြေအနေကိုအရင်သိချင်ပါတယ်"
"အင်း မင်းမင်းလာရင် သိရမှာပါ အခုတော့ တစ်ခုခူမှာပါ တို့ ဝိတ်တာလေးခေါ်ပေးမယ်"
"ရတယ် နန်းရိပ် ကိုကိုကြီးသွားမယ်"
နန်းရိပ်ခေါင်းညိတ်ပြလိုက်မိသည်။လွန်းဟယ်ရီနေရခက်နေမှာစိုးတာကြောင့် ရှောင်ပေးတာမှန်းနန်းရိပ်သိသည်။သူ့အပေါ်စွပ်စွဲခဲ့တယ်ဆိုပေမဲ့လည်း လူကြီးနဲ့လူငယ်မလို့ သူကပဲ ခွင့်လွှတ်လိုက်ပါတယ်တဲ့။လွန်းဟယ်ရီဘက်ကကြည့်ရင်လည်း မှန်တဲ့အရာတစ်ခုမလို့ ဒီတိုင်းပဲမေ့ဖျောက်လိုက်ဖို့ကိုပဲ ကိုကိုကြီးကရွေးချယ်ခဲ့တယ်။တရားခံအစစ်ကိုရှာဖို့ကို​တော့ သူတတ်နိုင်သလောက်ကူညီပေးမှာပါတဲ့လေ။နန်းရိပ်က ဒီကိစ္စကိုဒီမှာပဲ ရပ်လိုက်မှာမဟုတ်မှန်း ကိုကိုကြီးသိခဲ့သည်။
"ယုံလို့ရတယ်မလား"
"ဟင်..ဘာကိုလဲ"
"ကျွန်မ ဒေါ်နန်းရိပ်လွှာကိုတော့ ယုံကြည်လိုက်လို့ရတယ်မလားလို့"
"တို့ကိုယုံဖို့ထက် မင်းဥာဏ်ကိုအသုံးချပြီး ရှာဖွေဖို့ပဲလိုတာပါ။တို့ကိုမျက်စိမှိတ်ယုံရမယ်လို့ တို့မပြောလိုပါဘူး။ဖြစ်နိုင်လားမဖြစ်နိုင်လားကိုသေချာစဥ်းစားပြီး ဆုံးဖြတ်ပါလို့ပဲ တို့ပြောချင်တယ်"
"ဟယ်ရီဘာသာဆိုရင် အခုလိုထပ်ဖြစ်မှာစိုးရိမ်တာမလို့ ဟယ်ရီ အန်တီ့ကိုယုံလိုက်ချင်တယ်"
"အင်း...မင်းသဘောပါ။အခုကမင်းစိတ်တွေရှုပ်ထွေးနေလို့ပါ။အဲ့တာကြောင့်မစဥ်းစားနိုင်ဖြစ်နေတာ။စိတ်အေးသွားရင် မင်းလုပ်နိုင်မှာပါ။မင်းကတော်တဲ့ကလေးပဲလွန်းဟယ်ရီ"
ကိုကိုကြီးပြန်ရောက်လာတာကြောင့် စကားစမှာပြတ်သွားတော့သည်။
"မင်းမင်းကလည်းကြာလိုက်တာ"
"သူအရေးကြီးတာရှာတွေ့ပြီဆိုပြီးပြောတာပဲကိုကိုကြီးရဲ့...​ ဟော.. ဟိုမှာအသက်ရှည်အုံးမယ် လာပြီ"
သုတ်သုတ် သုတ်သုတ် ဖြင့်ဝင်လာသည့်မင်းမင်းအားမြင်လိုက်ရတာကြောင့် နန်းရိပ်ပြုံးလိုက်မိသည်။
"မမကြီးကျွန်တော်တို့အဆင်ပြေတော့မယ်"ဆိုပြီးအားရဝမ်းသာဖုန်းဆက်ပြီးဘာလဲမေးတော့မဖြေ။အရေးကြီးတာရှာတွေ့ပြီဟုသာ​ပြောလေသည်။
"ကဲ..ကိုယ်တော် ကြာလိုက်တာ"
"ကားလမ်းပိတ်တာကြောင့်မလို့ပါမမကြီးရဲ့။အင်း..မလွန်းဟယ်ရီရောက်နေတော့ တစ်ခါတည်းပြီးသွားတာပေါ့အဆင်သင့်လိုက်တာ"
"ကဲထိုင်..ပြောပါအုံး အရေးကြီးတာ"
"ပြောမှာပေါ့ မမကြီးရဲ့။မုန့်လေးဘာလေးမကျွေးတော့ဘူးလား"
စနောက်နေသည့်မင်းမင်းအား နန်းရိပ်မျက်စောင်းတစ်ချက်ခဲလိုက်ပြီးနောက် ဝိတ်တာကလေးအားခေါ်ကာ မှာစေလိုက်သည်။
"ဒီဓာတ်ပုံလေးလေ..."
"ဓာတ်ပုံတစ်ပုံကို...ဘာများလဲလို့ မင်းကတော့ကွာ"
"ဟာ..ဦးကလည်းသေချာကြည့်ပါအုံး။အပေါ်ယံမကြည့်နဲ့လေဗျာ။ဓာတ်ပုံတစ်ပုံဆိုပေမဲ့ အရမ်းအရေးကြီးတာဗျ"
မင်းမင်းအပြောအားသဘောကျကာ နန်းရိပ်တို့အားလုံးပြုံးလိုက်မိပါသည်။
"ဒီပုံက ဘယ်တုန်းကလို့ထင်လဲ ဦးလေး"
ကိုကိုကြီးအားဓာတ်ပုံကမ်းပေးရင်း မင်းမင်းမှပြောတာကြောင့်ကိုကိုကြီးကဓာတ်ပုံအားသေချာစွာကြည့်ပြီးစဥ်းစားနေလေသည်။
"ဆေးသားတွေတောင်မှန်နေပြီပဲ အလွန်ဆုံးဆယ်နှစ်လောက်ဖြစ်မယ်ထင်တယ်"
"ထင်တာမသုတ်ဘူးဗျ တကယ်လေ အဲ့တာက မသွန်းချယ်ရီသေဆုံးတဲ့နှစ်က ဓာတ်ပုံလေ။ကျွန်တော့်ကိုခဏပြန်ပေး"
ဓာတ်ပုံအားယူပြီးသည့်နောက် လွန်းဟယ်ရီဘက်အားကြည့်လိုက်သည့်မင်းမင်း။
"မလွန်းဟယ်ရီ ဒီပုံထဲမှာ ဦးရဲထွဋ်ခေါင်ကိုတွေ့တယ်မလား"
"အင်း...ကျွန်မတွေ့တယ် "
"ဒီဓာတ်ပုံရဲ့နောက်ကျောက စာကိုတစ်ချက်ကြည့်ကြည့်ပါအုံး"
မင်းမင်းဆိုသည့်လူကဘာကိုပြောချင်မှန်းမသိပေမဲ့ဟယ်ရီကြည့်လိုက်မိသည်။
"Workshop Memory
29-12-2010. "

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now