Extra

11.1K 679 42
                                    

စာဖတ်သူများအတွက်သီးသန့်ပေးသည့်လက်ဆောင်တစ်ခုပါ။
📌 warning 📌

အမုန်းပင်မှပွင့်သောအချစ်ပန်း
Extra

"အန်တီ နွားနို့သောက်ရအောင်"

"တို့မကြိုက်ပါဘူးဆို၊မင်းဘာသာသောက်လိုက်"

"မရဘူးလေ မနက်က ဒေါက်တာကသေချာမှာထားတာ၊အန်တီတစ်နေ့ကိုနွားနို့တစ်ခွက်သောက်ရမယ်တဲ့"

"မကြိုက်ပါဘူးဆိုကွယ်၊ဟယ်ရီမသောက်ချင်ရင်သွန်ပစ်လိုက် တို့အလုပ်လုပ်အုံးမယ်"

လက်တော့စ် စခရင်ပေါ်မှအကြည့်မရွေ့ဘဲအတင်းအကျပ်ငြင်းနေသည့်အန်တီ့အားကြည့်ကာ ဟယ်ရီ ခေါင်းတစ်ချက်ခါယမ်းပြီး ဘေးတွင်ဝင်ထိုင်လိုက်မိသည်။

"အန်တီမသောက်လို့မရဘူးနော်"

"ကျစ်..ဟယ်ရီ တို့နွားနို့နံ့ကိုမကြိုက်တတ်တာ မင်းသိရဲ့နဲ့"

လက်​တော့စ် အားပိတ်ပြီးဟယ်ရီ့အား မျက်ဝန်းတောက်တို့ဖြင့်ကြည့်ကာဆိုလေသည်။

"ကျန်းမာရေးအတွက်မလို့ပြောနေရတာလေ၊မရဘူး သောက်ရမယ်"

ခုံပေါ်ရှိနွားနို့အားယူကာ အန်တီ့ဆီအတင်းပေးမိသည်။အန်တီကမယူ၊ဟယ်ရီကအတင်းပေးနှင့်ခွက်မှာ ယိမ်းနေတော့သည်။

"အန်တီနော် ဟယ်ရီ ဘယ်လိုတိုက်မှသောက်မှာလဲ"

"ဘယ်လိုတိုက်တိုက်မသောက်ဘူးပဲ၊သွားသွန်ပစ်စမ်းပါ၊တို့ခေါင်းတောင်မူးချင်ပြီ"

"နှာခေါင်းပိတ်ပြီးသောက်ကွာနော်"

"ဟင့်အင်းကွာ၊ယူသွားပါဆို..အမေ့!"

ဟယ်ရီကပေး၊အန်တီကအတွန်းနှင့်မလို့ နွားနို့ခွက်မှာမှောက်ပြီး အန်တီပေါ်သို့ကျသွားတော့သည်။

"မသောက်ပါဘူးဆို၊ပေကုန်ပြီတွေ့လား အသစ်လဲရအုံးမယ်၊တို့ခုနကမှလဲထားတာ"

"အန်တီက ငြင်းတာကို၊ဒီညတော့ထားပါ၊နောက်ညကျသောက်ရမယ်"

"ကိုယ့်ဘာသာသောက်"

ဟယ်ရီ့အားမျက်စောင်းထိုးပြီး ထိုင်ခုံမှထကာ အဝတ်ဗီရိုထဲရှိ ညအိပ်ဝတ်စုံတစ်စုံအားထုတ်ယူကာ ရေချိုးခန်းဆီဝင်သွားတာကြောင့် ဟယ်ရီလည်းထိုင်ခုံတွင်ထိုင်စောင့်နေမိတော့သည်။

You've reached the end of published parts.

⏰ Last updated: Jan 19, 2023 ⏰

Add this story to your Library to get notified about new parts!

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now