အပိုင်း (၂၀)

8.3K 609 27
                                    

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း (၂၀)

"သစ်လွင် အန်တီ ဝင်လာမယ်နော်"
"ဟုတ် အန်တီဝင်ခဲ့ပါ။သစ်လွင် လော့ခ်မချထားပါဘူး"
လက်ထဲရှိစုတ်တံအားဘေးခုံပေါ်ရှိနေရာတွင်ခဏတင်ထားလိုက်ပြီး အခန်းဝဆီမျက်နှာလှည့်မိတော့ သစ်လွင်ဆီလျှောက်လှမ်းလာနေသည့်အန်တီ။
"ဘာတွေလုပ်နေလဲ ဆူးကပြောလို့ သစ်လွင်ဖျားနေတယ်တဲ့။ဘာလို့တို့ကိုမပြောတာလဲ ဆရာဝန်ပင့်ပေးမှာပေါ့"
"ရပါတယ်အန်တီရဲ့။သစ်လွင်အရမ်းမဆိုးပါဘူး အန်တီထိုင်လေ"
"အင်း..။မဆိုးလည်း ခက်ဆစ်ကိုဆရာဝန်ပင့်ခိုင်းထားပြီးပြီ။နေမကောင်းတာနားနားနေနေ နေတာမဟုတ်ဘူး"
"နေပါတယ်အန်တီရဲ့။ပျင်းတာနဲ့ ပုံဆွဲလိုက်တာပါ"
ခုံမှထရင်း အန်တီ့ဘေး ကုတင်ပေါ်တွင်ဝင်ထိုင်တော့ သစ်လွင်နဖူးပေါ်ရောက်လာသည့် အန်တီလက်နုနုကလေးကြောင့် အဖျားတို့ပင် ပျောက်သွားသလိုခံစားလိုက်ရသည်။
"ကိုယ်ကနွေးတေးတေးလေးပဲ။အခုရောဘာစားထားလဲ။"
"ဆူးကဆန်ပြုတ်ပြုတ်ပေးတာသောက်ထားပါတယ်"
"ဘာစားချင်လဲ တည့်တာပြောနော်။မတည့်တာတော့လာမပြောနဲ့"
"မစားချင်ပါဘူးအန်တီရဲ့။သစ်လွင်အဆင်ပြေပါတယ်"
အန်တီလက်နှစ်ဖက်အားဆုပ်ကိုင်ရင်း သစ်လွင်ဆိုမိသည်။အဖြူရောင်မေတ္တာတွေမှန်းသိပါလျှက်နဲ့သစ်လွင်ပျော်ရွှင်မိသည်။ဒီမေတ္တာတွေနဲ့တင် သစ်လွင်ဟာ နေတတ်ပါသည်။နေရာတစ်ခုကနေရပ်ပြီးအန်တီ့ကိုငေးမောရတာ သစ်လွင်အတွက် ကျေနပ်စရာကောင်းလှသည်။ဒီ့ထက်ရှေ့ဆက်တိုးဖို့၊ဒီထက်ပိုပြီးလောဘမတက်မိဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမည်။
"သစ်လွင်က ပန်းချီဆွဲတာ ဝါသနာပါတာလား"
"ဆိုပါတော့ အန်တီရယ်။ပုံတွေဆွဲနေရရင်အေးချမ်းတယ်လေ"
"သစ်လွင်ကပါရမီပါတယ် ဆွဲထားတာ တကယ်လှတာပဲ"
"အန်တီကမြှောက်နေပြန်ပါပြီ"
"တကယ်ပြောတာ။ဒီပုံတကယ်လှတယ်။ကြည့်တာနဲ့ဘာပန်းလဲသိနိုင်တယ်လေ။နေပါအုံး ခုနနာမည်သတိရပါသေးတယ်"
သစ်လွင်ဆွဲထားသည့်ပန်းအားကြည့်ကာ နာမည်စဥ်းစားနေသည့်အန်တီကြောင့်ပြုံးလိုက်မိသည်။
"ဇီဇဝါပန်းပါ အန်တီ"
"အို..ဟုတ်သားဇီဇဝါ။နာမည်ကိုပြောရင်းမေ့နေတာ။အနံ့သင်းသင်းလေးနဲ့ချစ်စရာပန်းလေးလေ။သစ်လွင်ဆွဲထားတော့ပိုလှသွားတယ်"
"ရနံ့မွှေးပြီးလှတဲ့အပြက် ဝမ်းနည်းစရာတွေလည်းရှိတဲ့ပန်းလေးလေ"
"ဘယ်လိုမျိုးလဲ သစ်လွင်"
"ဟိုးအရင်တုန်းက ဇီဇဝါပန်းတွေကို လူတွေက သူတို့ချစ်ပေမဲ့ဖွင့်ပြောဖို့မတတ်နိုင်တဲ့၊ဖွင့်ပြောခွင့်မရှိတဲ့သူတွေကို ပေးတတ်တယ်တဲ့။ဒါကြောင့် ဇီဇဝါပန်းတွေဟာ လျှို့ဝှက်တတ်တဲ့အချစ်၊တိတ်တခိုးအချစ်ကိုရည်ညွှန်းတယ်တဲ့။ဖွင့်မပြောဖြစ်ဘဲ တိတ်တခိုးလေးငေးမောဖြစ်တော့မဲ့လူကို ဇီဇဝါပန်းနဲ့ရည်ညွှန်းသတဲ့"
"အွန်း..လွမ်းမောစရာလေးပဲ"
"အန်တီ...မမလေးပြန်ရောက်နေပြီ"
"ဟယ်မြန်လိုက်တာ အန်တီလာခဲ့မယ်နော်"
နေရာမှဆတ်ကနဲထရပ်လိုက်သည့်အန်တီ။အပြုံးတစ်ပွင့်မှာ မျက်နှာထက်ဝယ်တွဲခိုလျှက်သား။ပြတင်းတံခါးမှလေဝေ့တော့ ဖြန့်ချထားသည့်ဆံနွယ်တို့မှာ အန်တီမျက်နှာရှေ့ဝေ့ဝဲကာ ပိုရျ်လှပစေသည်။
"ပြုံးနေလိုက်တာများအန်တီရယ် မမလေးကိုအဲ့သလောက်ချစ်ရသလား"
စိတ်ထဲမှထိုစကားအားဆိုရင်း မျက်ရည်မှာရစ်ဝဲလာရပြန်သည်။
"အန်တီသွားအုံးမယ် ဆရာဝန်လာရင်ပြန်လာခဲ့မယ်နော်"
အခန်းဝသို့သွက်လက်သည့်ခြေလှမ်းများဖြင့်ထွက်ခွာသွားသည့်အန်တီ။တံခါးဆီလက်မလှမ်းခင် သစ်လွင်နေရာမှရပ်ရင်းခေါ်မိိလိုက်သည်။
"အန်တီ..."
"ဟင်..ဘာလိုလို့လဲ သစ်လွင်"
လှည့်ကြည့်လာသည့်မျက်ဝန်းတို့မှာ တောက်ပစွာ။ဒီမျက်ဝန်းတွေထဲ စိုးရိမ်မှုတွေဟာလည်း ရောထွေးလျှက်ပင်။အဖြူရောင်စိုးရိမ်မှုတွေပါလေ။
"ဇီဇဝါပန်းရဲ့ဆိုရိုးလေးတစ်ခုရှိတယ်။မပိုင်ဆိုင်ရဘူးဆိုရင်တောင် ဒီတိုင်း တိတ်တိတ်ကလေးငေးကြည့်ပြီး ပျော်ရွှင်ကျေနပ်ရပါတယ် တဲ့"
သစ်လွင်စကားဆုံးတော့ အနည်းငယ်တွေဝေသွားသည့်မျက်ဝန်းများ။ပြောပြီးကာမှရိပ်မိသွားမလားစိုးထိတ်မိရသည်။
"အန်တီမှတ်ထားလိုက်မယ်နော်"
အခန်းထဲမှပျောက်ကွယ်သွားသည်နှင့် ကုတင်ပေါ် လှဲချလိုက်မိသည်။
"မပိုင်ဆိုင်ရလည်း ချစ်ရပါတယ် အန်တီရယ်"
-----
"လွန်းဟယ်ရီ လွှတ်လို့"
"မလွှတ်ပါဘူးဆို...ချစ်တယ်ပြောရင်လွှတ်မယ်"
"အရူးမထနဲ့ လွှတ်ပါဆို"
"မလွှတ်ပါဘူးဆို အန်တီဆီက ချစ်တယ် ဆီုတဲ့အဖြေကြားရရင် လွှတ်ပေးမယ်"
နောက်ကနေ အတင်းဖက်ထားသည့် ဟယ်ရီ့ကြောင့် နန်းရိပ်မှာနေရခက်စွာ။အဖြေတောင်းရင် ဒီလိုတောင်းရတယ်လို့သူ့ကိုဘယ်သူကများသင်ပေးလိုက်သလဲမသိ။တကယ် ပါလေ ဒီကလေးနဲ့တော့။
"ကဲ..လွှတ်ပါဆို။အဖြေကိုဒီလိုအတင်းအကျပ်တောင်းရမယ်လို့ ဘယ်သူကသင်ပေးလိုက်တာလဲ။အတင်းအကျပ်တောင်းပြီးရလာတဲ့အဖြေက စစ်မှန်မှာမလို့လား လွန်းဟယ်ရီ"
ထိုအခါမှ ဖက်ထားသည့်လက်အစုံပြေလျော့ကာသွားလေသည်။စကားပြောဖို့လှည့်တော့ မျက်ရည်ဝိုင်းနေသည့်မျက်ဝန်းတို့ဖြင့် နန်းရိပ်အားကြည့်နေသည့်ကလေးမ။ထိုအခါတွင်မှ အနည်းငယ်စကားလွန်သွားပြီမှန်းသတိရတော့သည်။တကယ်တော့ နေရခက်တာကြောင့်လွှတ်စေချင်လို့ပြောလိုက်မိခြင်းသာပင်။
"ဟို.."
"တောင်းပန်ပါတယ် အန်တီ။ဟယ်ရီအတင်းအကျပ်တောင်းဖို့ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။အန်တီကြိုအနှောင့်အယှက်ဖြစ်သွားစေခဲ့လို့တကယ်တောင်းပန်ပါတယ်"
အခန်းထဲမှ ပြေးထွက်သွားသည့်ကလေးမ။လသာခန်းမှာသွားငိုနေအုံးတော့မှာပဲ။ညလေတွေကအေးနေတာကို။
"ကျစ်..ကလေးလည်းမဟုတ်ဘဲ လွန်းဟယ်ရီကတော့လေ"
စာအုပ်ထဲသို့ရောက်နေသည့်စိတ်တို့မှာ ဖုန်းမြည်သံကြောင့်လွင့်စင်ကာသွားတော့သည်။စာအုပ်အားဘေးချလိုက်ပြီးဖုန်းရှိရာစားပွဲသို့လျှောက်သွားမိသည်။
"ဟဲလို မင်းမင်းပြော..."
"...."
"ဟင်..မြန်လိုက်တာ "
"...."
"အင်းပါ။မင်းမင်းလည်းသတိထား။အကြောင်းထူးရင်ချက်ချင်းဆက်နော်"
"....."
"အင်း ဒါပဲနော်"
ဖုန်းအားချပြီးသည့်နောက် အနည်းငယ်ခုန်သွားသည့်ရင်အား ဖိထားလိုက်မိသည်။
"သူပြန်ရောက်နေပြီတဲ့လား ဘယ်လိုအန္တရာယ်တွေ ရောက်လာလိမ့်အုံးမလဲ။ဒီတစ်ကြိမ်မှာတော့ အမှန်တရားပေါ်အောင် ကူညီပေးပါ"
နာရီအားကြည့်မိတော့ ညကိုးနာရီခွဲ။ဟိုကလေးမအခုထက်ထိပြန်မလာသေးတာကြောင့်လိုက်သွားဖို့ဆုံးဖြတ်မိသည်။
"ဒီလောက်အေးနေတာ ဖျားသွားနိုင်တယ်ဆိုတာ မင်းမသိဘူးလား လွန်းဟယ်ရီ"
"ဖျားတဲ့ဒဏ်က ခံရမခက်ပါဘူးအန်တီ"
"ဒါဆို ဘယ်ဒဏ်က ခံရခက်တာလဲ"
"ချစ်တာကို ဥပေက္ခာပြုခံရတဲ့ဒဏ်က ခံရခက်တာပါ"
နန်းရိပ်ပြုံးလိုက်မိသည်။နန်းရိပ်အားမကြည့်ပါဘဲ စီးကရက်ရှိုက်ပြီးအဝေးတစ်နေရာအားငေးကာကြည့်ရင်း ခွန်းတုန့်ပြန်ပြောနေခြင်းသာ။
"အဲ့တော့ မင်းက စီးကရက်ရှိုက်ရင်း တစ်ညလုံး ဒီမှာထိုင်မယ်ပေါ့"
"ဟုတ်တယ်..."
"ဒါဆို တို့လည်း ထိုင်မယ် "
ပြောပြောဆိုဆို ထိုကလေးမဘေးဝယ်ထိုင်ချလိုက်ရင်း စီးကရက်တစ်လိပ်အားယူပြီးမီးညှိကာ နှုတ်ခမ်းတွင်တေ့ကာ ရှိုက်လိုက်မိသည်။
"ဘာလုပ်တာလဲ အန်တီ"
နန်းရိပ်လက်ထဲမှ ဆေးလိပ်အားဆွဲယူကာမီးငြှိမ်းလိုက်သည့်ကလေးမအား နန်းရိပ်စိုက်ကြည့်လိုက်ရင်း
"မင်းပဲ ဒီမှာဆေးလိပ်ရှိုက်ရင်း ထိုင်နေမယ်ဆို အဲ့တော့ တို့လည်း မင်းလိုပဲ ဆေးလိပ်ရှိုက်ရင်းထိုင်နေမလို့လေ"
"ဘာဆိုင်လို့လည်း အန်တီကဘယ်တုန်းကဆေးလိပ်သောက်ဖူးလို့လဲ"
"အရင်ကမသောက်ဖူးလည်း သောက်လို့ရတာပဲ ဘာဖြစ်လဲ။မင်းတောင် ဆေးလိပ်ကို ရှိုက်ရတာသဘောကျနေတာပဲ။တို့လည်းသဘောကျနိုင်တာပဲလေ"
"အန်တီ ရှိုက်ချင်ရင် ဆေးလိပ်ကိုမရှိုက်နဲ့"
"ဒါဆို ဘာကိုရှိုက်ရမှာလဲ မင်းကျ...အွန့်"
နှုတ်ခမ်းအားဖိကပ်နမ်းရှိုက်ခံလိုက်ရတာကြောင့်နန်းရိပ်စကားတို့မဆုံးလိုက်ပေ။
"ဆေးလိပ်ကိုရှိုက်မဲ့အစား ဟယ်ရီနှုတ်ခမ်းကိုပဲ နမ်းရှိုက်လိုက်။ဆေးလိပ်က မချိုဘူး။ဟယ်ရီနှုတ်ခမ်းက ချိုတယ်"
"ဒါဆို မင်းနှုတ်ခမ်းကိုလဲ တို့ကိုနမ်းရှိုက်ဖို့ပဲ သုံးလေ"
နှုတ်ခမ်းပေါ်ရောက်လာသည့် နှုတ်ခမ်းတစ်စုံကြောင့် ရင်ခုန်အံ့သြရသူမှာ အန်တီမဟုတ် ဟယ်ရီသာပင်။အိပ်မက်တွေများမက်နေတာလား။အန်တီက ဟယ်ရီကိုနမ်းနေသတဲ့။
"ကြားလား..နောက်ဆို တို့နှုတ်ခမ်းကိုပဲ နမ်းရှိုက်ဖို့သုံး"
"အန်တီက ခွင့်ပြုတယ်ပေါ့"
"အွန်း"
"ဒါဆို ဟယ်ရီ့ကိုချစ်တယ်ပေါ့"
"မချစ်ရင်နမ်းခိုင်းမလား"
"တကယ်နော်..အန်တီ ပြန်မပြောင်းရဘူးနော်"
"ဟင့်အင်း"
ရှက်ပြုံးကလေးပြုံးရင်း ခေါင်းလေးအားရမ်းခါပြသည့်အမျိုးသမီး။ဟယ်ရီပျော်ရွှင်မှုမှာ အနှိုင်းအဆမဲ့စွာပင်။
"အန်တီ တကယ်ချစ်တာနော်"
"အင်းပါဆို"
"ဒါဆို ချစ်တယ်လို့ပြောပါလား ဟယ်ရီကြားချင်လို့"
"ဟင့်အင်း မပြောပါဘူး "
ထပြေးဖို့ကြံသည့်အမျိုးသမီးအား အမိအရဆွဲကာရင်ခွင်ထဲရောက်စေလိုက်သည်။မျက်နှာအား လက်နှစ်ဖက်ဖြင့်ဖုံးကွယ်ထားရင်း ရှက်နေသည့်အမျိုးသမီး။
"အန်တီ...ချစ်လားလို့"
"အင်းပါဆို..."
"အင်းလို့ကြားချင်တာမဟုတ်ဘူး ချစ်တယ်လို့အန်တီနှုတ်ခမ်းက ပြောတာကို ကြားချင်တာ"
"ဒါလည်းတို့နှုတ်ခမ်းကပြောတာပဲကို"
"ရတယ် ဒါဆို အခန်းထဲကျမှပြော"
ပြောပြောဆိုဆို ထရပ်လိုက်တော့ အလန့်တကြားဖြစ်သွားသည့်အမျိုးသမီး။ဟယ်ရီလည်ပင်းအား လက်နှစ်ဖက်ဖြင့်သိုင်းဖက်ပြီးခပ်တိုးတိုးဆိုသည့်စကားကြောင့် ဟယ်ရီနှလုံးသားတွင် ပန်းကလေးများပွင့်လန်းသွားတော့သည်။
"လွန်းဟယ်ရီကို ချစ်တယ်"
ကောင်းကင်ထက်မှ ကြယ်တစ်စင်းကြွေတော့ ဟယ်ရီဆုတစ်ခုအားတောင်းလိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာဆိုသည့်အမျိုးသမီးအား ဘဝတစ်လျှောက်လုံးချစ်ခင်မြတ်နိုးသွားခွင့်ရပါစေ"
.......
"အခြေအနေကဘယ်လိုလဲ"
"မကောင်းဘူး မကောင်းတာမှတော်တော်မကောင်းတာ။သူတို့တွေငါ့ကို ရိပ်မိနေကြပြီ"
"တောက်ခ် ဒီလောက်သေချာလုပ်ထားရဲ့နဲ့ ဘာလို့ရိပ်မိသွားကြတာလဲ"
"အဲ့တာ ဟိုမိန်းမကြောင့်လေ။သူ့ကြောင့်သာ မဟုတ်ရင် လွန်းဟယ်ရီ ဒီကိစ္စကို ရိပ်မိမှာမဟုတ်ဘူး။သူရှုပ်လို့အကုန်ပေါ်တော့မလိုဖြစ်နေတာ"
"အဲ့တာခင်ဗျားအမှားပဲ။ရဲထွဋ်ခေါင်ကို ဒီဇာတ်လမ်းထဲဆွဲထည့်လို့ ဒီလိုတွေဖြစ်တာ"
"ဟေ့ကောင် ဒီဇာတ်လမ်းကိုစတာဘယ်သူလဲ။ဒီလောက်နှစ်တွေအကြာကြီးမင်းတို့အေးဆေးနေရတာဘယ်သူ့ကြောင့်လဲ။ငါသာ အဲ့ကောင်ကိုဆွဲမသွင်းရင် မင်းတို့တွေပြေးနေရတာကြာပြီကွ"
သီးသန့်ခန်းမှာမလို့ အချေအတင်ငြင်းခုံပြောနေကြခြင်းသာ။
"တော်ပြီ တော်ပြီ ခုချိန်ကရန်ဖြစ်ရမဲ့အချိန်မဟုတ်ဘူး။ကျွန်မတို့သုံးယောက် အတူစဥ်းစားရမဲ့အချိန်ပဲ"
"ဟုတ်တယ် ငြင်းခုံနေရင် တစ်ဖက်က သက်သေအထောက်အထားရသွားလိမ့်မယ်။ခင်ဗျားရဲ့လူယုံဆီက ဘာသတင်းရလဲ ဦးနေရောင်လွင်"
"တိတိကျကျတော့မသိရဘူး။သူတို့က ဒီကိစ္စကို လျှို့ဝှက်ပြီးလုပ်တာမလို့။ဒီတစ်ပတ်ထဲ သက်သေလုပ်ပေးမဲ့သူကို ရအောင်ရှာမယ်လို့တော့ပြောတယ်"
"ဒါဆို ကျုပ်တို့လုပ်ရမှာက သူတို့ထက်အရင် အဲ့ဒီလူကိုတွေ့အောင်ရှာပြီး လက်စဖျောက်ပစ်ဖို့ပဲ"
"ငါသေချာသိရအောင်လုပ်ခိုင်းထားတယ်။သိရတာနဲ့ငါ့လူတွေလွှတ်လိုက်မယ်"
စကားဝိုင်းကခဏမျှတိတ်ဆိတ်သွားပြီး ကိုယ်စီစဥ်းစားခန်းဝင်နေကြသည်။
"ငှက်တစ်ကောင်ပျံသန်းဖို့ အဓိကလိုအပ်တာဘာလဲ ခင်ဗျားတို့သိလား"
ထိုသူ့ဆီကစကားအားကြားပြီးနောက် ဦးနေရောင်လွင်နှင့်ထိုအမျိုးသမီးမှာ တစ်ခုခုကိုတွေးတောသည်။ထို့နောက်တွင် အမျိုးသမီးမှ
"ငှက်တစ်ကောင်ပျံသန်းဖို့ဆို အတောင်ပံလိုတာပေါ့။အတောင်ပံရှိမှသူပျံသန်းလို့ရမှာ"
"ဒါဆို ငှက်တစ်ကောင်ကိုမပျံသန်းစေချင်တော့ရင် ဘာလုပ်ရမယ်လို့ခင်ဗျားတို့ထင်လဲ"
"......."
အဖြေစကားအားကြားပြီးနောက် ထိုသူကပြုံးလိုက်သည်။ထို့နောက် ဖုန်းနံပါတ်တစ်ခုအား​နှိပ်လိုက်ပြီး
"မင်းအတွက် ကစားစရာအရုပ်လှလှလေးတစ်ရုပ်ရှာတွေ့ထားတယ်"
တစ်ဖက်မှသဘောတကျရယ်သံအားအကုန်လုံးကြားလိုက်ရသည်။
"မိနစ်ပိုင်းပဲစောင့် အချက်အလက်တွေအကုန်ပို့လိုက်မယ်"
မျက်နှာထက်ဝယ်မဲ့ပြုံးတစ်ခုအား ဆင်မြန်းလိုက်သည့်ထိုသူမှာ ဖိုင်တစ်ခုအား လူတစ်ဦးစီပို့ပေးလိုက်လေသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now