အပိုင်း (၁၁)

7.9K 705 99
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၁)

ခြံဝန်းထဲသို့ကားအားမောင်းဝင်လေတော့ ဒန်းပေါ်တွင်ထိုင်နေသည့် အမျိုးသမီးကြောင့် ဟယ်ရီအံ့သြသွားရသည်။
"ဒေါ်နန်းရိပ်လွှာ..."
ဟုတ်ပါ့မလားလို့ထပ်ကာပြန်ကြည့်မိတော့ ဟယ်ရီ့အကြည့်တို့မမှားပေ။ဒန်းပေါ်တွင် စာအုပ်ဖတ်နေသည့်အမျိုးသမီး။မပြောမဆိုပါဘဲ ထွက်သွားပြီ အခုကျ ဘာလို့များ ပြန်လာရတာလဲ။ဝင်လာလိုက်၊ထွက်သွားလိုက်လုပ်ပြီး ဟယ်ရီရင်ကိုခွဲမလို့လား။ဒီအမျိုးသမီးအငြှိုးကကြီးလိုက်တာလေ။
"ဒေါ်နန်းရိပ်လွှာ...."
လက်ထဲမှလွတ်ကျသွားသည့်စာအုပ်အားမကောက်သေးပါဘဲ ဟယ်ရီအားမျက်တောင်မခတ်တမ်းငေးကြည့်နေသည့်အမျိုးသမီး။အရင်လို နှုတ်ကနေ ယောင်ယမ်းပြီးတော့ ရေရွတ်တာမျိုးမရှိတော့ပေ။အင်း...။မေ့သွားလောက်ရောပေါ့။အရင်လိုမှမဟုတ်ဘဲ။
"ဘာလို့ပြန်လာတာရတာလဲ..ကျွန်မအိမ်ကို"
မေးဖို့ပြင်မိသည်မှာတစ်ခြား။ထွက်သွားသည့်စကားလုံးမှာတစ်ခြား။ဘယ်တတ်နိုင်မလဲလေ။ဒါက သူ့ထိုက်နဲ့သူ့ကံပေါ့။
"ကျွန်မအိမ်ဆိုတာ ဘာလဲ.."
"ဒေါ်နန်းရိပ်လွှာ ရှင်ပုံမှန်တော့ဟုတ်တယ်မလား မတွေ့ဖြစ်တာရက်နည်းနည်းလေးပါ။ဒါကျွန်မအိမ်လေ ရှင်မေ့တာတော့မဖြစ်နိုင်ပါဘူး"
"မင်းအိမ်ဆိုရင် တို့အိမ်ပဲမလား။တို့အိမ်ကို တို့ကဘာလို့ပြန်လာလို့မရရမှာလဲ"
"ရှင့်အိမ်...ဟား...ဘယ်လိုဖြစ်ပြီးရှင့်အိမ်လဲ။ပြီးတော့ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
"မင်းပဲလေ..။မင်းခွင့်ပြုချက်နဲ့ပဲလေ။မင်းပဲတို့ကို အဲ့လိုဝင်ထွက်ခွင့်ရအောင် လုပ်ပေးခဲ့တာမလား။"
"ဘာရယ်..."
"အဟင်း...အတိတ်မေ့တာက တို့မဟုတ်ဘဲ မင်းဖြစ်နေတာထင်ရဲ့။ဒီလိုလေ အိမ်ထောင်တစ်ခုမှာ ခင်ပွန်းသည်ပစ္စည်းကိုဇနီးမယားကလည်းပိုင်သတဲ့ ကြားဖူးတယ်မလား"

မျက်ခုံးနှစ်ဖက်မြောက်တက်ကာ အံ့သြရသူမှာ ဟယ်ရီသာ။ဒေါ်နန်းရိပ်လွှာမှဟုတ်ပါရဲ့လား။စာအုပ်အားကောက်ပြီး ဟယ်ရီအား တစ်ချက်ပြုံးကြည့်ကာ မျက်ခုံးတစ်ဖက်တွန့်ကာပြပြီး လျှောက်လှမ်းသွားပုံမှာ ဒေါ်နန်းရိပ်လွှာနဲ့ခြားနားစွာ။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now