အသိပေးစာ❕

6.5K 509 37
                                    

Hello
အက်စတာပါရှင်။အသိပေးစရာလေးရှိလို့ပါ။

"အမုန်းပင်မှပွင့်သောအချစ်ပန်း"ကို အက်စတာစရေးတုန်းက introလည်းမဝင်ခဲ့သလို ဘာအသိပေးစာမှမရေးဖြစ်ခဲ့ဘူး။စိတ်ကူးယဥ်ဇာတ်လမ်းလို့သာ ပြောခဲ့ပြီး ပေါ်လာတဲ့plotကိုတန်းရေးပြီး တန်းတင်ဖြစ်ခဲ့တာပါ။အဲ့တုန်းက စာဖတ်တဲ့သူလည်း ဒီလောက်များလိမ့်မယ်လို့မထင်ခဲ့မိတာအမှန်ပါ။အခုကျ စာဖတ်တဲ့သူက ကိုယ်မျှော်လင့်ထားတာထက်များလာတော့ ကိုယ်အသိပေးစာလေးရေးလိုက်ရတာပါ။

ဒီ ficက စိတ်ကူးယဥ်သက်သက်ပဲဖြစ်ပါတယ်ရှင်။အပြင်မှာမဖြစ်နိုင်တဲ့အရာပါ။ပြီးတော့ ထပ်ပြောရရင် လက်ထပ်စာချုပ်ဆိုတာက တကယ်ဆိုတရားမဝင်သလို ဒီလိုမျိုးသိမ်းပိုက်ပြီးလက်ထပ်တာမျိုးက ဥပဒေအရအပြစ်ပေးပိုင်ခွင့်ရှိသလို လုပ်တဲ့သူကလည်း အပြစ်ခံရပါတယ်။အဲ့တာကြောင့် ဒီလိုမျိုး အပြင်မှာလုပ်လို့မရပါဘူးဆိုတာလေး ပြောပါရစေ။နှစ်ဦးနှစ်ဖက်သဘောမတူခဲ့ရင် ဒါက အပြစ်ပါပဲ။ဒါလေးကို စာဖတ်သူတွေသိပြီးဖြစ်မယ်ဆိုတာ သိပေမဲ့ ထပ်ပြောတာပါ။ ကိုယ့်ficက တကယ့်ကိုစိတ်ကူးယဥ်ပါ။အပြင်လက်တွေ့ဘဝထိသယ်မသွားဖို့တောင်းဆိုပါရစေ။

ဒါတွေဘာလို့ပြောရသလဲ။ကြောက်လို့လား ဆိုရင် ဟုတ်ပါတယ်။ကိုယ်သိပ်ကြောက်ပါတယ်။ကိုယ်အမြတ်တနိုးထားတဲ့အရာလေးကိုတစ်ခြားသူတွေလာပြောမှာ၊ကိုယ့်စာတွေက အနည်းငယ်သောကိုယ့်ကလေးတွေကို အဆိပ်အတောက်ဖြစ်စေမှာ ကိုယ်သိပ်ကြောက်ပါတယ်။ဒါကြောင့် ဒီစာကိုရေးခြင်းဖြစ်ပါတယ်လို့။စိတ်ကူးယဥ်ficကလေးကို စိတ်ကူးယဥ်ကမ္ဘာလေးမှာပဲ ထားကြရအောင်နော်။ဒီficနဲ့ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် ကိုယ်လုံးဝရှင်းမှာမဟုတ်ပါဘူးနော်။ဒါကစိတ်ကူးယဥ်ပါလို့ကိုယ်ပြောခဲ့ပြီးပါပြီ။စိတ်ကူးယဥ်မလို့ လက်တွေ့နဲ့ထပ်တူကျချင်မှကျပါလိမ့်မယ်ရှင်။ဒါလေးကိသြတိပြုပေးစေချင်ပါတယ်။

ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။updateကိုတော့ ကိုယ်စိတ်အဆင်ပြေတဲ့အခါ ပြန်ရေးပေးပါ့မယ်။အခုလောလောဆယ်တော့ ဒီficကို ကိုယ်ဆက်ရေးဖို့ အင်အားမရှိဖြစ်နေပါတယ်☹။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now