အပိုင်း {၄}

10K 753 23
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၄}
"ဆူး..."
"ပြောလေအန်တီ"
"အန်တီကို လွန်းဟယ်ရီအစ်မအကြောင်းပြောပြပါလား"ပဲတောင့်ရှည်အား ကြော်ဖို့ချိုးနေရင်းမှနန်းရိပ်မေးလိုက်မိသည်။လွန်းဟယ်ရီအစ်မအကြောင်းကိုသိရပြီးမှကျန်တာဆက်ပြီးစုံစမ်းလို့ရပေမည်။
"ဆူးကသိပ်တော့မသိဘူးအန်တီရဲ့..သစ်လွင်ကပိုသိတာ..ဆူးသိသလောက်တော့ပြောပြမယ်လေ သစ်လွင်ကျောင်းကပြန်လာမှထပ်မေးကြည့်ပေါ့"
"အင်း..ဆူးသိသလောက်ပြောပြပါရတယ်"
"မမကြီးချယ်ရီက သနားဖို့ကောင်းတယ်အန်တီရဲ့"ဟုဆိုရင်း နန်းရိပ်ထိုင်နေရာစားပွဲဝိုင်းရှိထိုင်ခုံတွင်ဝင်ထိုင်လိုက်သည့်ဆူး။နန်းရိပ်လည်း ပဲသီးအားချိုးရင်း ဆူးပြောပြမည့်အကြောင်းများကိုနားစွင့်နေမိတော့သည်။
"မမလေးတို့က တကယ်ကမောင်နှမသုံးယောက်ရှိတာတဲ့။အကြီးဆုံးကမမကြီးသွန်းချယ်ရီ၊အငယ်ဆုံးကတော့ မမလေးလွန်းဟယ်ရီပေါ့။ကြားထဲမှာယောင်္ကျားလေးတစ်ယောက်ပါသေးတယ်။သူကမွေးပြီးသိပ်မကြာခင်မှာပဲဆုံးသွားခဲ့တာ။အဲ့တာကြောင့်မမကြီးချယ်ရီနဲ့ဟယ်ရီက ဆယ်နှစ်နီးပါးအသက်ကွာကြတာလေ။"
ပြောနေရင်းဖြင့် မီးဖိုပေါ်ရှိဟင်းအိုးကျက်တာကြောင့်သွားချပြီး တစ်ဖန်ပြန်လာကာ ခုနကစကားအားပြန်ဆက်လေသည်။
"မမကြီးကလေ မမလေးကိုသိပ်ချစ်တာ၊ဆယ်နှစ်ကျော်ကွာတာဆိုတော့ မမကြီးကအမေလိုတစ်မျိုးအစ်မလိုတစ်ဖုံစောင့်ရှောက်ခဲ့တာ။မမလေးငါးနှစ်သမီးအရွယ်လောက်မှာ သူ့ဖေဖေကရောဂါနဲ့ဆုံးသွားတော့ မမလေးက မမကြီးကိုပိုပြီးမှီတွယ်ခဲ့တာပေါ့။မမလေးတို့အမေကလည်း အပြင်မှာစီးပွားရေးကိုဆက်လုပ်ရတော့ သူ့ခမျာမမလေးတို့ကိုအချိန်မပေးနိုင်ဘူး။မမကြီးကပဲမမလေးကို စောင့်ရှောက်ပြီးနေခဲ့ကြရတာ။ဒါပေမဲ့မမကြီးက ကံဆိုးရှာပါတယ်။နှစ်ဆယ်ကျော်အရွယ်လေးမှာသူ့ကိုယ်သူသတ်သေသွားတာလေ"
မောသွားလို့ထင်ရဲ့ဆူးက စားပွဲပေါ်ရှိရေကရားမှရေအားခွက်ထဲထည့်ကာ မော့သောက်လိုက်လေသည်။နန်းရိပ်မှာလည်း သိချင်စိတ်ပြင်းပြနေခဲ့သည်။တကယ်ပဲဟယ်ရီပြောသလို သွန်းချယ်ရီက ကိုယ့်ကိုယ်ကိုယ်သတ်သေတာဆိုတော့ နန်းရိပ်ရင်ထဲ သနားမိသွားသည်။
"မမကြီးသေတုန်းက မမလေးဟယ်ရီက ဆယ်နှစ်​ကျော် ဆယ့်တစ်နှစ်ဝန်းကျင်အရွယ်​လေးဖြစ်မယ်ထင်တယ် ။သူ့အမေလိုဖြစ်နေတဲ့သူဆုံးသွားတော့တော်တော်လေး ကိုခံစားခဲ့ရတာ။သစ်လွင်ပြောပြတာ မမကြီးဆုံးပြီးတော့ မမလေးကို နှစ်လလောက်ဆေးရုံမှာကုယူလိုက်ရတယ်တဲ့လေ။အဲ့နောက်ပိုင်းတည်းက မမလေးက အပြုံးအရယ်သိပ်မရှိတော့သလို သူ့အစ်မအတွက် ကလဲ့စားချေမယ်ပဲပြောနေတော့တာ။အဲ့တာကြောင့်မမလေးအမေက မဖြစ်တော့ဘူးဆိုပြီး သူ့သမီးကိုခေါ်ပြီး နိုင်ငံခြားထွက်သွားခဲ့တာ။အဲ့မှာပဲအခြေချနေခဲ့တာ ဆယ်နှစ်နီးပါးပေါ့။အခုမမလေးအမေက ဆုံးပါးသွားပြီဆိုတော့ မမလေးက ဒီပြန်ရောက်လာတာပဲ"
နန်းရိပ်ရင်ထဲဝယ် ဝမ်းနည်းမိသွားသလို မျက်ရည်လေးများပင်ဝိုင်းသွားတော့သည်။ဆယ်နှစ်ကျော်အရွယ်နဲ့မမျှအောင်သူ့ခမျာ ခံစားခဲ့ရတာတွေများလွန်းတော့ သနားမိသွားသည်။ဆူးပြောပြသည့်အထဲ ဘာကြောင့်သတ်သေတယ်ဆိုတာမပါသေးတာကြောင့် နန်းရိပ်ထပ်မေးဖို့ကြံလိုက်စဥ် အိမ်ရှေ့မှကားဟွန်းတီးသံကြားတာကြောင့် စကားစပြတ်သွားတော့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now