အပိုင်း (၁၇)

7.7K 678 32
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၇)

"မမကြီးပြောသလို အချိန်အားဖြင့်တွက်ကြည်ရြင်အတော်ကွာတယ်။အကယ်ရျ် ဦးရဲထွဋ်ခေါင်က မသွန်းချယ်ရီကိုချိန်းတယ်ထားအုံး။အခင်းဖြစ်တဲ့အချိန်ကာလတွေနဲ့သေချာတွက်မယ်ဆိုရင်တကယ်ကွာဟနေတာပဲ။"
"ဟုတ်တယ် အတော်ကွာနေတာ။နောက်ပြီး ကိုကိုကြီးက သွန်းချယ်ရီကိုမခေါ်ခဲ့တာသေချာတယ်။ဘာလို့လဲဆိုရင်အဲ့အချိန်ကိုကိုကြီးက နိုင်ငံခြားမှာလေ။ဒီစာကတစ်ခုခုတော့လွဲနေတာပဲ။ဒီစာမှာလွဲနေတဲ့အချက်အလက်ကိုပြနိုင်ရင်ပြ၊ဒါမှမဟုတ် ကိုကိုကြီးကအဲ့တုန်းက ဒီနိုင်ငံမှာမရှိခဲ့ဘူးဆိုတဲ့ အချက်ကိုပြ ဒီနှစ်ခုကပဲ ကိုကိုကြီးကိုလွတ်စေမှာ"
"ဟုတ်တယ်မမကြီး။ဒါပေမဲ့ လွန်းဟယ်ရီကခေါင်ူမာတော့ ဒီစာကိုမှားနေပါတယ်ပြောရုံနဲ့လက်မခံလောက်ဘူးဗျ"
"ဟုတ်တယ်မင်းမင်းရယ်။အန်တီလည်း အဲ့တာကြောင့်တွေးနေရတာ။လွန်းဟယ်ရီလက်ခံဖို့ဘာတွေလုပ်ရမလဲဆိုပြီး"
မင်းမင်းက နန်းရိပ်ဖုန်းထဲရှိ စာအားနောက်တစ်ကြိမ်သေချာပြန်ကြည့်နေလေသည်။
"လက်ရေးကတော့အတော်လှတာနော် မမကြီး။ကျောင်းတုန်းကဆရာမတွေသဘောကျတဲ့လက်ရေးမျိုးပဲ။"
"ဟင်..လက်ရေးလား..ဟုတ်တယ် တော်တော်လှတာ..ဟယ် မင်းမင်း !"
"ဘာလို့လဲမမကြီး တစ်ခုခုကိုသတိရလို့လား"
"ကိုကိုကြီးကလက်ရေးမလှဘူးမင်းမင်း"
"ဟာ!! ဟုတ်သားပဲ။ဒီစာမှာမှားနေတာက လက်ရေးပဲ။ကျွန်တော်တို့အကြာကြီးစဥ်းစားလိုက်ရတာပဲ မမကြီးရယ်။လွယ်လွယ်လေးကို"
"ကိုကိုကြီးလက်ရေးမဟုတ်ရင် ဒါဘယ်သူ့လက်ရေးလဲမင်းမင်း။"
"ဒါကိုရှာရမှာနော်မမကြီး။ဒီလိုဆိုရင် မသွန်းချယ်ရီအမှုက ကြိုတင်ကြံစည်ထားတာပဲ။"
"တို့တွေဒါကို မြန်မြန်သိရမှာဖြစ်လိမ့်မယ်။အခြေအနေက သိပ်ပြီးမစုတ်ဘူးလို့ခံစားမိတယ်။နောက်ပြီးဟိုရက်က လွန်းဟယ်ရီဆီ စာတစ်စောင်ရောက်တယ်။ကလေးတွေပြောတာတော့ သွန်းချယ်ရီဆုံးပြီးတော့တစ်ခါ၊အခုတစ်ခါတဲ့။သေချာမသိပေမဲ့ဒါတွေဆက်စပ်နေတယ်လို့ထင်မိတယ်"
"ဒီအမှုက လူနှစ်ယောက်ဆီပဲဦးတည်သွားတာပဲ။တစ်ယောက်က လွန်းဟယ်ရီ၊တစ်ယောက်က ဦးရဲထွဋ်ခေါင်။အကယ်ရျ် သူ့ရဲ့ဒိုင်ယာရီနဲ့မမကြီးပြောတဲ့စာကိုသိရရင်ကောင်းမယ်ဗျ"
"အင်း..."
သက်ပြင်းအားအသာချလိုက်မိသည်။မနေ့က သူလွန်းဟယ်ရီကိုလူလည်လုပ်လာတာမလား။ဒီနေ့ဆို လုပ်လို့ရတော့မှာမဟုတ်။စာအုပ်နဲ့စာကိုဘယ်လိုတောင်းရမလဲတွေးပြီး သက်ပြင်းအကြိမ်ကြိမ်သာချမိသည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ်မမကြီး။မမကြီးလည်းအိမ်တန်းပြန်မယ်မလား"
"အင်း... နည်းနည်းတော့စောသေးတာပဲ။ဟိုဟိုဒီဒီလျှောက်သွားလိုက်ပါအုံးမယ်။စျေးဝယ်ဘာညာပေါ့"
"ဟုတ်မမကြီး...."
Center ဘက်သို့ကားမောင်းထွက်လာခဲ့ပြီး ဆိုင်တန်းတွေကြားလျှောက်ကြည့်နေမိတော့သည်။မှန်ထဲရှိ မွေးနေ့ကိတ်အားအမှတ်မထင်ကြည့်မိတော့ ကိုယ့်မွေးနေ့ရောက်တော့မယ်မှန်းသတိရသွားတော့သည်။
"ဒီနှစ်တော့ဒီကိတ်တွေမရှိဘဲ ဖြတ်သန်းရတော့မှာပေါ့"
တီးတိုးရေရွတ်ရင်း ဟိုဟိုဒီဒီလျှောက်သွားကာ.လိုအပ်မည်ထင်သည့်အရာများအားဝယ်မိသည်။စာအုပ်တန်းဘက်အားရောက်တော့ စာအုပ်အချို့အားလိုက်လံကြည့်မိသည်။
"ဟဲ့ အဲ့တာ Thoon&Loon ကုမ္ပဏီပိုင်ရှင်ယူထားတဲ့တစ်ယောက်မလား"
"အေးဟုတ်တယ်။သူပဲ..။ယဥ်တာတော့အတော်ယဥ်တာနော်။"
"သူ့အစ်ကိုကြောင့် အဲ့တစ်ယောက်ရဲ့အစ်မသေခဲ့ရတာတဲ့။အဲ့တာကြောင့် ဒီအရွယ်ကျမှ အမှုမဖြစ်ဖို့အရေး ယူလိုက်တာနေမယ်နော်"
"ဟဲ့ ကြားသွားပါအုံးနော်"
ထိုကလေးမလေးများက ကြားသွားပါအုံးမယ် ဆိုပြီးတီးတိုးပြောပေမဲ့ နန်းရိပ်က ကြားခဲ့ပြီးပြီဖြစ်သည်။ဒီလောက်တော့ရှိမှာပေါ့လေ။လူတွေက ကိုယ်သိတာထက်ပိုပြီးစကားကို ချဲ့ကားပြောချင်ကြတာမလား။အဲ့ဒီအတွက် နန်းရိပ်ဟာ အစ်ကို့အတွက် ကလေးမတစ်ယောက်ကို ယူခဲ့သည့် လူတစ်ယောက်ဖြစ်သွားရလေပြီ။
"လူတွေကသိပ်ခက်ပါတယ်။သူတို့လည်းသေချာမသိပါဘဲသူတစ်ပါးအကြောင်းတွေဆို အသိလုပ်ကာ ပြောချင်ကြတယ်။သူတို့ရဲ့စကားတွေဟာ လူတစ်ယောက်ကိုထိခိုက်နိုင်လားဆိုတာ မတွေးဘူး။စကားတွေဟာ ဓားသွားတွေလို ထိခိုက်နာကျင်တတ်မှန်းသိကြရင်သိပ်ကောင်းမှာပဲ"
ဖတ်လို့အဆင်ပြေမည်ထင်သည့်စာအုပ်သုံးလေးအုပ်အားယူပြီး ကောင်တာတွင်ငွေရှင်းကာ ထွက်လာလိုက်မိသည်။နာရီအားကြည့်မိတော့ လေးနာရီထိုးတော့မှာပင်။
"သစ်လွင်တစ်ယောက်အိမ်မပြန်လောက်သေးဘူးထင်တယ်။ဝင်ခေါ်သွားလိုက်ပါမယ်လေ"ဟုဆိုရင်း သစ်လွင်ရှိရာ ကျောင်းဆီသို့ကားလေးအားမောင်းလာမိတော့သည်။
ကျောင်းဝန်းထဲမှအထွက် အန်တီ့ကားအားလှမ်းမြင်လိုက်ရတာကြောင့်သစ်လွင် အံ့သြပျော်ရွှင်သွားမိသည်။
"ဟဲ့..ဟဲ့..ငါသွားတော့မယ် ဟိုမှာအန်တီလာကြိုနေပြီ"
"အေးအေး..ဖြေးဖြေး ချော်လဲအုံးမယ်"
အပြေးအလွှားသွားသည့်သစ်လွင်အားနောက်မှသူငယ်ချင်းများက လှမ်းအော်သည်။ကားနားရောက်တော့ ကားပြတင်းအားလက်ဖြင့်အသာလေးခေါက်လိုက်မိသည်။
"အန်တီ..."
"လာသာလာရတယ် သစ်လွင်ပြန်သွားပြီလား စိုးရိမ်နေတာ လာတက် ဒီဘေးကို"
သူ့ဘေးထိုင်ခုံအားလက်ပြသည်မလို့ သစ်လွင်ပျော်သွားရသည်။ကားရှေ့မှပတ်ကာ အန်တီဘေးတွင်ထိုင်လိုက်မိသည်။
"အန်တီကကြိုတော့မပြောဘူး ပြောရင်သစ်လွင်ထွက်လာတာပေါ့။စောင့်နေရတာကြာပြီလား"
"မကြာသေးပါဘူးသစ်လွင်ရဲ့။တစ်ခုခုစားမလား အန်တီလိုက်ကျွေးမယ်"
"နေပါစေအန်တီရဲ့ ရပါတယ်"
"မဟုတ်တာ ဒီနားကဆိုင်မှာ မာလာရှမ်းကောရတယ်ပြောတယ် အဲ့ဆိုင်သွားကြမယ်လေ။သစ်လွင်ကြိုက်တယ်မလား"
"ဟုတ်အန်တီ..."
အန်တီနှင့်အတူသွားရမည်ဆိုတော့ သစ်လွင်ပျော်ရွှင်မှုမှာ ဖော်ပြရျ်မရနိုင်အောင်ပင်။"HeyNow"ဆိုသည့် ဆိုင်ကလေးရှေ့တွင်ကားရပ်လိုက်ပြီးသည့်နောက်ကားပေါ်မှဆင်းမိကြသည်။
"လာ သစ်လွင်"
သစ်လွင်လက်တစ်ဖက်အားဆုပ်ကိုင်ပြီး ဆိုင်ထဲသို့ဝင်သည့်အန်တီကြောင့် သစ်လွင်မှာခြေလှမ်းတို့ပင်မမှန်ချင်တော့ပေ။
"စိတ်ထိန်းသစ်လွင် အန်တီက နင့်ကို တူမတစ်​ယောက်လိုသဘောထားပြီးချစ်ခင်တာ"
"ဟိတ်...ဘာမှာအုံးမလဲမေးနေတာကို ဘာတွေတွေး"
"ဟင်..အာ..အန်တီပြေရာပဲမှာလိုက်ပါ"
"မာလာရှမ်းကောပွဲကြီးတစ်ပွဲ၊ပြီးရင် စတော်ဘယ်ရီဆိုဒါနှစ်ခွက်၊ကြက်သားလုံးကြော်တစ်ပွဲနော်"
စားပွဲထိုးကောင်လေးမှာစာရွက်တွင်ရေးမှတ်ပြီးထွက်သွားလေသည်။
"ကဲ ပြောပါအုံး ဘယ်ကောင်လေးအကြောင်းတွေးနေတာလဲ။အန်တီလာကြိုတော့ ကောင်လေးနဲ့မတွေ့ရတော့လို့လား"
"အာ..မဟုတ်တာအန်တီကလည်း သစ်လွင်မှာကောင်လေးမရှိပါဘူးနော်"
"ဒါဆို ကောင်မလေးလား"
"ဟုတ်တယ် အန်တီလေ"
စိတ်ထဲမှသာထိုစကားအားပြောလိုက်ပြီး ရယ်နေမိလိုက်သည်။
"မမလေးမရှိဘူးလား အန်တီက ကိုယ်တိုင်ကားမောင်းတော့"
"ရှိတယ် အန်တီက ကိစ္စလေးရှိတာနဲ့နေ့လည်ကထွက်လာလိုက်တာ။ပြီးကျစျေးဝယ်ခဏထွက်ပြီး သစ်လွင်ဆီလာလိုက်တာ"
စားစရာများရောက်လာတော့ စကားစပြတ်ကာသွားတော့သည်။
"သစ်လွင်...ဒါကိုယူ"
အန်တီပေးသည့်ပန်းကန်အားလှမ်းကာယူလိုက်မိသည်။သစ်လွင်အတွက်ထည့်ပေးထားသည်မှာစုံလင်စွာ။အန်တီထည့်ပေးတာဆိုသည့်အသိနှင့်ပင် မာလာရှမ်းကောမှာ စားကောင်းနေတော့သည်။
"အန်တီ..."
"ရှင်..."
"အန်တီကချစ်ဖို့ကောင်းတယ်"
"ဟားဟား...အမလေး အဲ့လိုမမြှောက်လည်း ကျွေးပါတယ်နော်"
"အာ အတည်ပြောတာကို"
စားသောက်ပြီးတော့ အိမ်သို့ပြန်မိကြသည်။လွန်းဟယ်ရီကားအား တွေ့သည်မလို့ ပြန်ရောက်နေပြီမှန်းသိလိုက်သည်။
"သစ်လွင် ဒါလေး ယူသွားပါအုံး"
"ဘာလဲအန်တီ"
"အနွေးထည်လေ ဆောင်းတွင်းဆိုတော့ အေးတယ်"
"အာ အန်တီကတော့..."
"ဒါကသစ်လွင်အတွက် ဒါကဆူးအတွက် ဒီအိတ်အပြာကတော့ ခက်ဆစ်ကိုပေးလိုက်ပါ"
အကုန်လုံးအတွက်ဆိုတော့ သစ်လွင်ဝမ်းနည်းမိသွားသည်။အန်တီ့ဘက်ကဖြူဖြူစင်စင်မေတ္တာတွေကို သစ်လွင်က ဘာတွေများမျှော်လင့်နေတာလဲလေ။
"ကျေးဇူးတင်ပါတယ် အန်တီ"
----
နန်းရိပ်အပေါ်တက်ဖို့ပြင်တော့ အနောက်ကနေလိုက်လာသည့်လွန်းဟယ်ရီ။တစ်ချက်ငဲ့ကြည့်ပြီးအခန်းဆီတန်းဝင်မိသည်။
"ကျွန်မအတွက်ရော..."
"ဟင်..ဘာကိုလဲ"
"ကျွန်မအတွက်အနွေးထည်ကရောလို့"
"မင်းမှာအနွေးထည်မရှိဘူးလား။မပြောဘဲနဲ့ပြောရင်တို့ဝယ်လာမှာပေါ့"
ဘာလဲ ဒီအဒေါ်ကြီး လူလည်ကျရုံတင်မဟုတ်ဘဲ တစ်အိမ်လုံးအတွက်ဝယ်လာတဲ့အနွေးထည်က သူ့အတွက်ကျမပါဘူးလား။
"သူတို့ကရော မရှိလို့လား"
"မင်း ဘာဖြစ်နေတာလဲ။သူတို့ကို တို့ပိုက်ဆံနဲ့တို့ဝယ်ပေးတာနော်။ဘာတွေတွေးနေတာလဲ"
ဟယ်ရီကို ပိုက်ဆံနှမျောလို့ပြောနေတယ်ထင်နေတာပဲ။သူဝယ်လာတာကိုလိုချင်လို့ပြောနေတာကို။ပွစိပွစိပြောရင်း ကုတင်ပေါ်တွင်ထိုင်ချလိုက်မိသည်။ထိုအမျိုးသမီးကတော့ ဘာမှမဖြစ်သယောင် ရေချိုးဖို့ပြင်ဆင်နေလေသည်။
"ရတယ်လေ အနွေးထည်နဲ့မနွေးရရင် လူနဲ့နွေးအောင်လုပ်မှာပေါ့ ဟွန့်"
ရေချိုးခန်းထဲမှ ရေသံကြားသည်နှင့်ဟယ်ရီလည်း မမအခန်းဘက်သို့ထွက်လာမိတော့သည်။
မမရဲ့ဒိုင်ယာရီစာအုပ်အားဖတ်ရင်းညငယ်ဘဝအားပြန်လွမ်းရသည်။စာအုပ်ထဲတွင် ဟယ်ရီတို့အကြောင်စ၊မမသူငယ်ချင်းတွေအကြောင်းရေးထားလေသည်။တစ်ဝက်လောက်ရောက်အောင်ဖတ်ပြီးတော့ တစ်နေကုန်အလုပ်မှာပင်ပန်းတာကြောင့် နေရာတွင်ပင် အိပ်ပျော်ကာသွားတော့သည်။
နာရီအားကြည့်မိတော့ ကိုးနာရီအတိပင်။ဒီအချိန်ထိဟိုကလေးမပြန်မလာသေး။အခန်းထဲလိုက်သွားရင်လည်း အရင်တစ်ခါလိုအော်ထုတ်မှာသေချာသည်။အိပ်ပျော်နေတာလားလို့တွေးမိတော့ လိုက်သွားကြည့်ရန်ဆုံးဖြတ်လိုက်မိသည်။
အခန်းရှေ့ရောက်တော့တံခါးအားအသာဟကာကြည့်မိလိုက်သည်။ထင်သည့်အတိုင်းထိုကလေးမမှာအိပ်ပျော်နေတာပင်။ဒီဇင်ဘာဆောင်းကအေးပါတယ်ဆိုမှ အနွေးထည်မပါ ဘာမပါနဲ့ဒီတိုင်းအိပ်နေသတဲ့။
"လွန်းဟယ်ရီ..လွန်းဟယ်ရီ"
"ဟင်..အင်း"
"လွန်းဟယ်ရီ ထ အခန်းထဲပြန်အိပ်လေ။ဒီမှာအေးတယ်"
အရဲစွန့်ပြီးနှိုးတော့ နိုးလာကာ ဘာမှမပြောဘဲ နန်းရိပ်နောက်လိုက်လာလေသည်။အခန်းထဲရောက်တော့ ကုတင်ပေါ်လှဲချလိုက်သည်မှာ ဝုန်းခနဲပင်။အခန်းတံခါးအားပိတ်လိုက်ပြီးနောက် အခန်းမီးပါမှိတ်ကာ ညအိပ်မီးအိမ်လေးအားပြောင်းလိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာ"
"ဟဲ့ အလန့်တကြား မင်းအိပ်တာမဟုတ်ဘူးလား"
အိပ်ဖို့ပြင်ကာမှထခေါ်တာကြောင့် လန့်ကာ မကျေမနပ်ဆိုလိုက်မိသည်။
"အိပ်ဖို့ပဲ အေးလို့"
"အေးရင်စောင်ခြုံလေ။မင်းအေးတာနဲ့ တို့နာမည်ဘာလို့ခေါ်ရတာလဲ "
"ဖက်အိပ်ချင်လို့ အေးနေတော့ ဖက်ပြီးအနွေးဓာတ်ယူရတယ်လေ မသိဘူးလား"
"ဘာ..ဘာဆိုင်လို့လဲ။ကိုယ့်ဘာသာအိပ်"
"ရှင်အကြွေးတွေများနေပြီလေ။အာဘွားလည်းမပေးဘူး အနွေးထည်ကျလည်းဝယ်မလားဘူး။အဲ့​တော့ ကျွန်မဖက်အိပ်တာခံရမယ်"
ပြောပြောဆိုဆိုဖြင့်စောင်အားဆွဲယူပြီး ထိုအမျိုးသမီးအားဖက်ကာလှဲချလိုက်မိသည်။
"အခုမှပဲ နွေးသွားတော့တယ်။"
သိပ်မကြာလိုက် ထိုအမျိုးသမီးမှာ အရင်ဆုံးအိပ်ပျော်သွားတာကြောင့် ဟယ်ရီလည်းအိပ်လိုက်မိတော့သည်။
----
"နိုးရင် မျက်နှာသစ်ပြီး ဒါလေးလာကြည့်ပါလား"
"ဟင်..အစောကြီးကိုဘာလို့ထခိုင်းတာလဲ"
"အရေးကြီးတယ်နော်..။"
"ပြီးရော ပြီးရော ဘယ်လိုအန်တီကြီးမှန်းလည်းမသိဘူး။ဆောင်းတွင်းဘက်ကိုမကွေးရဘူး"
မျက်နှာသစ်၊တဘတ်ဖြင့်သုတ်ပြီးတော့ ထိုအမျိုးသမီးထိုင်နေသည်အြနားအားသွားမိသည်။
"ဒေါ်နန်းရိပ်လွှာ...ရှင်ဘာလို့"
ဟယ်ရီစကားတောင်မဆုံးသေး နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ်ရောက်လာသည့်လက်ညှိုးလေးကြောင့်တိတ်ဆိတ်သွားတော့သည်။
"တို့ကိုမအော်ခင် ဒါလေးကိုအရင်သေချာလေးကြည့်ပေးပါလား။ပြီးရင် မင်းဆီက တို့ထင်မြင်ချက်လေးသိချင်တယ်"
ထိုအမျိုးသမီးပြသည့်စာရွက်နှစ်ခုအား ယှဥ်ကာကြည့်မိသည်။တစ်စောင်မှာ မမရဲ့စာအုပ်ကြားထဲကတွေ့သည့် ဦးရဲထွဋ်ခေါင်က မမအားချိန်းသည့်စာ။တစ်စောင်မှာ ဟယ်ရီဟိုတစ်နေ့ကမှလက်ခံရရှိခဲ့သည့်စာပင်။ဒီအမျိုးသမီးက ဒီစာနှစ်ခုကိုယှဥ်ပြပြီးဘာကိုပြောချင်တာပါလိမ့်။
"မင်းတွေ့လား လွန်းဟယ်ရီ"
"ဟင့်အင်း ရှင်ဘာကိုပြောချင်တာလဲ"
"ကျစ်..မင်းကတော့လေ ဒါနဲ့များ တရားမျှတမှုရှာချင်သေးတယ်။ကလေးလို့ပြောတော့မကြိုက်ဘူး။ဘာမှဖြင့်အဖြစ်မရှိဘဲ"
"ဘာဖြစ်တယ်..ရှင်နော်"
"ဆောရီးဆောရီး..မင်းကတို့ကိုအော်ဖို့ငေါက်ဖို့တော့အဖြစ်ရှိတာ တို့မေ့သွားတယ်"
"ကျွန်မကိုရှင်ပြောချင်တာဘာလဲ။တည့်တည့်သာပြော"
"ဒီနှစ်ခုမှုတူနေတဲ့အရာရှိတယ်။မင်းအဲ့တာကိုမမြင်ဘူးမလား"
"ဟင့်အင်း မသိဘူးလေ ကျွန်မက ယှဥ်ပြီးမှမကြည့်ရသေးဘဲ"
"ဒီမှာလေ လက်ရေးနှစ်ခုကိုယှဥ်ကြည့်"
ထိုအခါမှ စာရွက်နှစ်ခုအားယူကာ ပြူးပြဲကြည့်နေသည့်ကလေးမ။ပြောလိုက်ရင် ကမ္ဘာပေါ်မှာသူကအတေယ်ဆုံး။ရှားလော့ဟုမ်းကတောင် သူ့ကိုဆရာခေါ်ရမှာ။တကယ့်တကယ်ကျ ဘာမှလည်းမဟုတ်။လူကိုကသိကအောက်ဖြစ်အောင်လုပ်ဖို့လောက်ပဲ သူကျွမ်းကျင်သည်။
"ဒီလက်ရေးနှစ်ခုကအတော်တူတာပဲ။ဒီမှာကြည့်ပါအုံး အသတ်ကလေးတွန့်တာကအစ တူလိုက်တာ။ပြီးလက်ရေးလည်းအတော်လှတယ်နော်"
"လက်ရေးနှစ်ခုကဘာလို့တူနေရတာလဲ"
ထိုအခါမှ အနည်းငယ်တည်သွားသည့်မျက်နှာထား။ခုနကအထိ ပေါ့တိပေါ့ပျက်လုပ်နေပေမဲ့အခုကျ လေးနက်စွာ။
အတွေးတို့ရှုပ်ထွေးသွားရသည်။မတူညီသည့်လူနှစ်ယောက်ရဲ့လက်ရေးက ဘာလို့ဒီလောက်တူနေရတာလဲ။
"တို့ပြောတာကိုမင်းလက်ခံပြီမလား။ဒီကိစ္စက ကိုကိုကြီးနဲ့မပတ်သက်ဘူးဆိုတာလေ"
"ခဏလေး ခဏလေး လက်ရေးနှစ်ခုတူတာနဲ့ပဲ ရှင့်အစ်ကိုမဟုတ်ဘူးလို့ပြောလို့မရဘူးလေ။"
"မင်းခုထိ တစ်ဖက်သတ်တွေးနေတုန်းပဲလား"
"မဟုတ်ဘူးအန်တီ။ဒီတိုင်းပြောပြတာ။ကျွန်မအတည်ပြုကြည့်ဖို့လိုသေးတယ်လေဖယဒီလက်ရေးဟာ ဦးရဲထွဋ်ခေါင် လက်ရေးဟုတ်မဟုတ်ဆိုတာ ကျွန်မမှ သေချာမသိဘဲ"
"မင်းသဘောပေါ့လေ။အကယ်ရျ် မင်းစိတ်ထဲမှာ ကိုကိုကြီးအပေါ် တစ်ဖက်သတ်တွေးထားတဲ့အတွေးတွေရာခိုင်နှုန်းလျောသွားတယ်၊တရားခံအစစ်ကိုရှာချင်တယ်ဆိုရင်တော့ ညနေကျရင် "HeyNow Bakery"ကိုလာခဲ့လိုက်ပါ။အဲ့မှာတို့တွေရှိနေမယ်"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now