အပိုင်း {၅}

9.5K 740 53
                                    

အမုန်းပင်မှပွင့်သော အချစ်ပန်း
အပိုင်း {၅}

"ကားရပ်သံကြားတာလားလို့အန်တီ"
"အင်း..အန်တီလည်းကြားတယ်မင်းမမလေးဘာကျန်ခဲ့လဲမှမသိတာ သွားကြည့်လိုက်အုံး"
နေမကောင်းဖြစ်ပြီးသည့်ရက်ထဲက နန်းရိပ်သူနဲ့မျက်နှာချင်းမဆိုင်ခဲ့တာပင်။စာဖတ်ခန်းမှာသာ တစ်ယောက်တည်းအိပ်ပြီးရှောင်နေခဲ့ခြင်းသာ။လုပ်စရာရှိတာသာလုပ်ပေးပြီး သူ့ရှေ့တော့မသွားခဲ့။သူနဲ့မဆုံအောင် အခန်းထဲနေခဲ့သည်ကများသည်။ဒီနေ့တော့ သူအလုပ်ပြန်သွားပြီမလို့ အောက်ထပ်တွင်ဆူးနှင့်စကားလာပြောခြင်းသာ။သစ်လွင်ကလည်းကျောင်းသွားတော့ အိမ်မှာခြံစောင့်နှင့်နန်းရိပ်တို့ပဲရှိလေသည်။ကားပြန်ထွက်သံမကြားသလို ဆူးလည်းပြန်မဝင်လာတာကြောင့် နန်းရိပ်တံခါးမှတစ်ဆင့်အိမ်ရှေ့ဘက်သိူ့လှမ်းကြည့်မိတော့ လွန်းဟယ်ရီမဟုတ်ဘဲ တစ်ခြားတစ်ယောဖြစ်နေသည်။
"ဆူး..ဘာဖြစ်လို့လဲ"
"ဟို..ဘာမှမဖြစ်ဘူးအန်တီ..ဒီမှာလေ"
"ဒေါ်နန်းရိပ်လွှာထင်တယ်..သစ်ရိပ်မေပါ..ဟယ်ရီရဲ့အချစ်ဦးပေါ့...အိုဒီလိုပြောလို့မသင့်တော့ဘူးထင်ရဲ့"
အရှေ့ရှိ သစ်ရိပ်မေဆိုသည့်သူအားနန်းရိပ်အလိုမကျစွာကြည့်လိုက်မိသည်။အသက်မှာလွန်းဟယ်ရီထက်နှစ်အတော်များများကြီး ပေလိမ့်မည်။ကျောလယ်ဆံပင်တို့အားကောက်ပြီးချထားပြီးမျက်မှန်အမဲအားတပ်ဆင်ထားသေးသည်။နှုတ်ခမ်းဆိုးဆေးကိုရဲနေအောင်ဆိုးပြီး ဂျင်းအသားကပ်ဘောင်းဘီနှင့်ခပ်ပွပွblouseအင်္ကျီအားတွဲကာဝတ်ထားသည့်ထိုမိန်းမသားမှာ နန်းရိပ်မျက်လုံးထဲတော့ ကြည့်လို့မရပေ။တစ်ထွာလောက်ရှိမည့်ဒေါက်အားစီးထားသေးတာကြောင့် နဂိုမြင့်နေသည့်အရပ်မှာ ပိုမြင့်သွားတော့သည်။အမြင်မကြည်ဆုံးကတော့ သူ့ကိုယ်သူဟယ်ရီအချစ်ဦးပါဆိုပြီးမိတ်ဆက်တာကိုပင်။ဘယ်လိုပဲပြောပြော နန်းရိပ်ဟာ တရားဝင်လက်ထပ်ထားသူပေပဲမလား။
"ဘာကိစ္စရှိလို့လဲ.."ခပ်ပြတ်ပြတ်မေးခွန်းကိုကြားတော့ ထိုမိန်းမသားကရယ်သည်။သွားစွယ်ဖွေးဖွေးလေးမှာထင်းကနဲလှပေမဲ့ နန်းရိပ်အတွက်တော့မဟုတ်ပေ။
"ကိစ္စမရှိပါဘူး အချစ်ကလေးနဲ့တွေ့ချင်လို့"
တော်တော်မျက်နှာပြောင်တိုက်တဲ့သူပါလေ။ဘာလို့များဒီလောက်ထိအတင့်ရဲရသလဲ။နာမည်နဲ့လူမှာတစ်ခြားစီ။
"လွန်းဟယ်ရီမရှိဘူး..တွေ့ချင်သူ့ကုမ္ပဏီလိုက်သွား"
"အဟင်း..ဖုန်းဆက်ပြီးပြီမောင်က ပြန်လာခဲ့မယ်တဲ့..ဒါနဲ့ဒေါ်နန်းရိပ်လွှာကသစ်ရိပ် ကိုသဘောမကျသလိုပဲ"
"တို့ကငါးပြေမဆားပက်ထားတာတွေသဘောမကျတတ်ဘူး"
"ဟား ဟား"ဆူးမှာထိန်းထားတဲ့ကြားက အသံထွက်အောင်ရယ်မိတော့သည်။"ငါးပြေမဆားပက်ထားတာတွေသဘောမကျတတ်ဘူး"တဲ့။စပ်စလူးထနေတဲ့လူတွေကိုသဘောမကျဘူးလို့ပြောလိုက်ခြင်းပင်။တစ်ဖက်ကလူမှာ အစကတော့ကြောင်သွားပြီး ပြီးမှသဘောပေါက်ကာ ကြိတ်မနိုင်ခဲမရတွေဖြစ်နေတော့သည်။
"ဒီမှာရှင်အကြီးဖြစ်ပြီး ရိုင်းလိုက်ချည်လား"
"တို့ကမင်းလိုတော့ သူများအိမ်ပေါ်တက်ပြီး တရားဝင်လက်ထပ်ထားတဲ့သူများအိမ်သူသက်ထားကို မပြစ်မှားဘူး"
"ရှင်..ရှင်..ရှင့်ကိုဟယ်ရီနဲ့တိုင်မယ်"
"သဘောပေါ့...တို့ကဂရုစိုက်မယ်ထင်လို့လား"
နန်းရိပ်စကားအားကြားတော့ တစ်ဖက်မှာစွေ့စွေ့ခုန်နေလေသည်။ခုန်လည်းမတတ်နိုင် ကိုယ်ကအရင်စတာမှမဟုတ်ဘဲလေ။
"ဒီမှာဘာတွေဖြစ်နေတာလဲ"အသံနှင့်အတူဝင်လာသူမှာလွန်းဟယ်ရီပင်။ကားရပ်သံတောင်မကြားလိုက်ရတာကြောင်ဘာနဲ့များပြန်လာသလဲ။အချစ်ဦးကရောက်နေတယ်ဆိုတော့ လေဟုန်စီးပြီးပြန်လာတာထင်ရဲ့။
"မောင်..မောင်ပြန်လာတာနဲ့အတော်ပဲ..မေကလေမောင်နဲ့တွေ့ချင်လို့ပဲပြောမိတာ မေ့ကိုမောင့်ဇနီးကအော်နေတာ"မျက်ရည်လေးစမ်းစမ်းဖြင့်ပြောနေသူမှာ ခုနကနဲ့မတူစွာ။
"ဒေါ်နန်းရိပ်လွှာ..ရှင်ကျွန်မဧည့်သည်ကိုဘယ်လိုဆက်ဆံတာလဲ"
"မြင်တဲ့အတိုင်းပဲလေ..မင်းမှာမျက်လုံးပါတယ်မလား"
"ဒေါ်နန်းရိပ်လွှာ!!"
"ဇာတ်လမ်းထဲမှာပဲမြင်ရမယ်ထင်ထားတဲ့ဒရမ်မာကွင်းကို အပြင်မှာမြင်ရတာဘယ်လောက်ကံကောင်းလိုက်သလဲ ဆူးရေကြည့်ထားနော်မြင်ရခဲတယ်"
ပြောပြီး နေရာမှလှည့်ထွက်ကာ မီးဖိုခန်းဆီဝင်သွားသည့်အမျိုးသမီး။အရင်ကနဲ့မတူစွာပုံစံမှာကွဲပြားလျှက်။
"မောင်ရယ်အန်တီနဲ့မပြေဖြစ်လိမ့်မယ်..မေပြန်လိုက်မယ်လေနော် တည်းခိုခန်းမှာပဲ.."
"တော်တော့မေ..မေမောင့်အိမ်မှာပဲနေရမယ် ဘယ်သူမှဂရုစိုက်စရာမလိုဘူး"
"ဒါပေမဲ့မောင်ရယ်..."
"တော်တော့မေရာနော်..ဧည့်ခန်းမှာစောင့်နေမောင်လာခဲ့မယ်..ဆူး အိတ်တွေအပေါ်ကငါ့အခန်းထဲထည့်ထားလိုက်"
မသယ်ချင်ပေမဲ့မမလေးအမိန့်အားမလွန်ဆန်ရဲသည်မလို့ အိတ်အားမကာ အပေါ်ဆီတက်လာလိုက်မိသည်။
"အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့..မမလေးကလည်းယုံတယ်သူ့ကို"
မကျေမချမ်းဖြင့်ရွတ်ရင်း အောက်ဆီပြန်ဆင်းလာမိတော့သည်။
"ဒေါ်နန်းရိပ်လွှာ"
ကြက်သွန်လှီးနေသည်အား ဂရုမစိုက်စွာ ရုတ်တရက်လက်အားဆွဲလိုက်သည့်လွန်းဟယ်ရီကြောင့် နန်းရိပ်လက်ညှိုးမှာ ဓားရှသွားတော့သည်။
"မင်းဘယ်လိုဖြစ်နေတာလဲ"
"အဲ့တာကကျွန်မမေးရမှာ..မေ့ကိုဘာလို့အဲ့လိုဆက်ဆံရတာလဲ"
"တို့စိတ်နဲ့တို့လေ တို့ကြိုက်သလိုဆက်ဆံမှာပေါ့"
"နောက်တစ်ခါမေ့ကို အဲ့လိုဆက်ဆံရင်ကျွန်မအဆိုးမဆိုနဲ့"
"မင်းမှာတို့ကိုတားပိုင်ခွင့်မရှိဘူးလွန်းဟယ်ရီ..သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်"
"အဟက်..ရှင်ဒီရက်သိပ်စွာနေပါလားဟမ်..ဘယ်သူ့အားကိုးနဲ့လဲ..အရင်တစ်ခါလာတဲ့ဆရာဝန်လား..ဟမ်ပြောပါအုံး
"လွန်းဟယ်ရီ.."
"အနာထိတော့စပ်သွားတယ်ပေါ့..ဒီတစ်ခါကျွန်မပါးကိုရှင့်လက်ဖဝါးလာထိရင်အရင်တစ်ခါထက်ပိုဆိုးလိမ့်မယ်"
လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းထွက်သွားသည့်ကျောပြင်အားတစ်ချက်ငေးကြည့်လိုက်မိသည်။
"ဘာလို့များလဲ..ဘာလို့တို့ရေစက်တွေက ဒီလောက်ဆိုးရတာလဲ..တို့မင်းကိုနားလည်အောင်လုပ်ပေမဲ့ မင်းကအမြဲတို့အပေါ် အနိုင်ယူလွန်းတယ်လွန်းဟယ်ရီ"
"ဆူးရေ..ဒီနေ့ဘာချက်...ဟင်အန်တီဘာလို့ငိုနေတာလဲ"​
ကြမ်းပြင်တွင်ထိုင်ကာ ဒူးလေးအားလက်ဖြင့်ပိုက်ရင်း ခုံအားမှီကာငိုနေတာကြောင့် အိတ်အားစားပွဲပေါ်တင်ကာအမြန်သွားလိုက်မိသည်။
"အန်တီ..ဘာလို့ငိုနေတာလဲ"
ကလေးတစ်ယောက်ပမာ ရှိုက်ကာငိုနေပုံမှာ သစ်လွင်ရင်ထဲနာကျင်စေသည်။လက်ကလေးအားဆုပ်ယူကိုင်ရင်း ချော့ချင်ပေမဲ့စကားလုံးများမှာပျောက်ရှနေတော့သည်။
"အန်တီရယ်..ဘာဖြစ်ရတာလဲ"
"သစ်လွင်..ပြန်ရောက်လာပြီလား"
"priticalပြီးလို့..အန်တီမမလေးနဲ့မပြေကြပြန်ဘူးလား"
"တို့တွေကဘယ်တော့မှပြေနိုင်မှမဟုတ်ပါဘူးကွယ်"
"တင်းမထားပါနဲ့ ငိုချလိုက်နော်အန်တီ..သစ်လွင်ရှိတယ်"
ငိုချင်နေပါလျှက်နဲ့သစ်လွင်ကြောင့်ထိန်းထားသည့်အန်တီအား သစ်လွင်အနည်းငယ်စိတ်သက်သာရာရစေရန်ငိုခိုင်းမိသည်။
"ငိုလိုက်ပါ...စိတ်ရှိသလောက်သစ်လွင်တို့ရှိပါတယ်"
"တို့သိပ်ကိုပင်ပန်းနေပြီသိလား..တကယ်ကိုပင်ပန်းနေတာ"ဟုဆိုရင်း သစ်လွင်ရင်ခွင်ထဲခေါင်းလေးတိုးကာ ငိုနေသည့်အမျိုးသမီးအား လက်မောင်းလေးအားခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်ပေးနေမိသည်။
"ဝဋ်ကြွေးဆိုရင်လည်းဒီလောက်နဲ့ပဲကျေစေချင်ပါတယ်အန်တီရယ်"စိတ်ထဲမှတီးတိုးရေရွတ်ရင်း သင်ပြင်းတို့သာချအိသည်။
"အန်တီ့လက်ဓားထိထားတာပဲ..ဆူးဆေးထည့်ပေးမယ်"
"ဟင့်အင်း..ရပါတယ်ဒီဒဏ်ရာက ရင်ထဲကနာကျင်မှုနဲ့ယှဥ်ရင်သေးသေးလေးပါ"
"မဟုတ်တာပဲအန်တီကလည်းဆူးဆေးဗူးယူပေးမယ်..သစ်လွင်ထည့်ပေးလိုက်နော် မမလေးခေါ်နေလို့"
"အင်းရတယ်..."
အများကြီးမဟုတ်ပေမဲ့အနာမှာအနည်းငယ်နက်သွားလေသည်။
"ညကျဆေးသောက်အုံးအန်တီ..အနာရှိန်နဲ့ဖျားလိမ့်အုံးမယ်"
"တို့ဒီလောက်ထိမပျော့ပါဘူးသစ်လွင်ရယ်"ဟုဆိုသည့်အမျိုးသမီးရဲ့အသံမှာတိုးညှင်းနေပြီးမျက်ဝန်းတို့မျက်ရည်စများစိုစွတ်ကာဖျော့တော့နေလေသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now