အပိုင်း (၂၂)

7.2K 644 37
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၂၂)

"ဖန်တီးမယ် ဟုတ်လား အန်တီ"
"ဟုတ်တယ်..။သက်​သေကို သူတို့ကဖျောက်လိုက်ရင် တို့တွေက ပြန်ပြီးဖန်တီးမယ်"
"ဘယ်လိုလုပ်မှာလဲ အန်တီ။ဟယ်ရီ့အထင်မလွယ်ဘူးထင်တယ်"
"ဇာတ်ကားရိုက်နေတာမဟုတ်တော့ ဘယ်လွယ်မလဲလေ။ဒါပေမဲ့ရသမျှနည်းလမ်းတော့သုံးကြည့်ရမှာပဲမဟုတ်လား။တစ်နည်းမပြေရင်တစ်နည်းပေါ့။ဒီတိုင်းထိုင်ပြီး အဲ့ဒီအပြစ်သားတွေကို ကြည့်နေဖို့မှမဖြစ်နိုင်တာ"
"ဒါဆို ဘယ်ကစမလဲအန်တီ"
"တို့တွေရဲ့ထောင်ချောက်ထဲကို ဝင်မဲ့သူကနေစမယ်"
အန်တီပြောပြသည်များအားဟယ်ရီနှင့်အတူ အစ်ကိုမင်းမင်းပါ နားထောင်မိကြသည်။တစ်ချို့နေရာတွေ ဘယ်လိုကပိုကောင်းမလဲဆိုတာတိုင်ပင်ကြသည်။တစ်ယောက်တစ်ခွန်းစီဖြင့်တိုင်ပင်ပြီးသည့်နောက်တွင်တော့ ဟယ်ရီတို့နည်းလမ်းတစ်ခုအားရတော့သည်။
"ဒါဆို ဒီအစီအစဥ်ကနေစမယ်။ဒီနေရာမှာပဲ အစီအစဥ်ကြောင်းပြောတာကိုထားခဲ့မယ်။ဒီအကြောင်းကိုမပြောဘဲနေမယ်"
"ဟုတ်ကဲ့အန်တီ..."
"တို့တွေရဲ့အနီးဆုံးမှာရန်သူကရောက်နေတယ်ဆိုတာ သတိကပ်ထားရမယ်"
"ဟုတ်ကဲ့မမကြီး..."
"ဟယ်ရီအရင်ပြန်နှင့်ပါလား အန်တီ ကိုကိုကြီးဆီ တစ်ချက်ဝင်ချင်လို့"
"ဟင်...ဟယ်ရီလိုက်လို့မရဘူးလား"
"တို့နည်းနည်းလေးကြာမှာမလို့ မင်းမင်းကိုလိုက်ပို့ခိုင်းလိုက်မယ်။အပြန်ကျကိုကိုကြီးလိုက်ပို့လိမ့်မယ်လေ။ဟယ်ရီ ကုမ္ပဏီ ဝင်ရမယ်လေ"
"ဟုတ် အဲ့တာဆိုလည်း ဟယ်ရီပြန်နှင့်ပြီ"
ဟယ်ရီထွက်သွားသည်နှင့်နန်းရိပ်လည်း ခုံပေါ်တွင်အားလျော့စွာထိုင်ချလိုက်မိသည်။
"ပြန်စဥ်းစားပါအုံးလား မမကြီးရယ် ကျွန်တော်တော့ မလုပ်စေချင်ဘူး"
"တို့အများကြီးစဥ်းစားပြီးပါပြီ ဒီနည်းလမ်းကပဲအဆင်ပြေလိမ့်မယ်။"
"မမကြီးလုပ်ရပ်က ကျားရှေ့မှောက်ရက်လဲ သလိုဖြစ်နေမှာ။ကျွန်တော်တို့ တစ်ခြားနည်းလမ်းစဥ်းစားလို့ရပါတယ်"
"ဟင့်အင်း ဒါကလွဲပြီး တစ်ခြားနည်းမရှိဘူး။သူ့အိမ်ကိုဝင်ခွင့်ရဖို့ဆိုရင် ဒီတစ်နည်းပဲရှိလိမ့်မယ် မင်းမင်း။"
"ကျွန်တော်လုပ်မယ်။ မမကြီးကို အဲ့လိုကောင်ဆီတော့ အသွားမခံနိုင်ဘူး။ဘယ်လောက်ထိအဲ့ကောင်က မိုက်ရိုင်းလဲသိလျှက်နဲ့ ကျွန်တော် မလွှတ်နိုင်ဘူး"
"မင်းကဘယ်လိုလုပ်မှာလဲ။သူလိုချင်တာက တို့ပဲ။သိလား ဒီကိစ္စတွေကို ပြန်ပြီးအစပေါ်စေတဲ့သူက တို့ပဲမလို့ သူအဓိက လိုချင်တာက တို့ပဲ။အဲ့အတွက် တို့သွားမှပဲပြေမှာ"
"အဆင်မပြေခဲ့ရင်ရော..။အဆင်မပြေခဲ့ရင်ရော အဲ့အကောင်က မမကြီးကို ဒီတိုင်းထားလိမ့်မယ်လို့ထင်လို့လား ဟင် မမကြီး။အဲ့ဒီလူကမမကြီးကို ဒီတိုင်းလွှတ်ပေးမယ်ထင်သလား"
"ဒါကတော့ကံတရားပေါ့။ကံကိုပဲပုံချလိုက်ရမှာပေါ့"
"ကျွန်တော်မမကြီးကို မပြောပြခဲ့သင့်ဘူး။ကျွန်တော့်ဘာသာနည်းလမ်းရှာပြီး အဲ့ဒီဗီဒီယိုဖိုင်ကိုရအောင်လုပ်ခဲ့ရမှာ..."

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now