အပိုင်း (၂၃)

8K 761 46
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၂၃)

"မင်း..မင်းက Psychopath ပဲ"

"ဟား..ဟား..မှတ်မိသွားပြီပဲ။ကျွန်တော်သိတာပေါ့ မမလွှာက မှတ်ဥာဏ်ကောင်းမှန်း"

"မင်းပါးစပ်ကနေငါ့နာမည်ကိုထပ်မခေါ်နဲ့။မင်းလို မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွ​န် ခဲ့တဲ့သူဆီကနေ ငါ့နာမည်ခေါ်တာ သိက္ခာကျတယ်။ဒီနှစ်တွေမှာ မင်းဘယ်လိုများနေထိုင်ခဲ့လဲ ဟမ်။လူတစ်ယောက်လုံးကိုသေစေခဲ့ပြီး မင်းနေနိုင်တာ အံ့သြလိုက်တာ"

"နေနိုင်တာပေါ့။ကျွန်တော့်အပြစ်မှမဟုတ်တာ။အပြစ်တင်ချင်ရင် သူ့သူငယ်ချင်းနဲ့သူ့ဦးလေးကိုပဲ တင်ရမှာပေါ့။ကျွန်တော်က သူတို့ဆန္ဒပြည့်အောင်ကူညီပေးရုံသက်သက်လေ"

"မင်းမလို့ပြောထွက်တယ်။မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မကျူးလွန်ခဲ့တဲ့ သူက အပြစ်ကင်းတယ်လို့တကယ်ပဲတွေးနေတာလား ထက်မြက်မင်း"

"လူနှစ်ယောက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတာက အပြစ်ရှိလို့လား။အပြစ်ရှိတယ်ဆိုရင် ဒီဇာတ်လမ်းကိုစခဲ့တဲ့ သူတို့နှစ်ယောက်မှာပဲအပြစ်ရှိတယ်မလား"

"ဒါဆို သွန်းချယ်ရီကို အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ မင်းက အပြစ်မရှိဘူး ဒီလိုလား"

"ဟုတ်တယ်..ကူညီတာက အပြစ်မှမဟုတ်တာလေ"
နန်းရိပ် မသိမသာ အပြုံးတစ်ပွင့်အားဆင်မြန်းလိုက်မိသည်။

"ဒါဆို အပြစ်တင်မယ်ဆိုရင် ဘယ်သူ့ကိုတင်ရမှာလဲ"

"ကျွန်တော်ပြောတယ်မလား ဒီဇာတ်လမ်းကိုစခဲ့တဲ့သူ။အဲ့ဒီနေ့က ကျွန်တော့်ဆီကို သွန်းချယ်ရီကိုခေါ်လာပေးတဲ့သူနဲ့ ကျွန်တော့်ကို အကူအညီတောင်းခဲ့တဲ့သူ"

"မင်းက တကယ်လက်ဖျားခါတယ်။ကိုယ့်အပြစ်ကိုသူများအပြစ်ဖြစ်အောင်လွှဲချတဲ့နေရာမှာဆရာကြီးပဲ။"

"လွှဲချတယ်လို့မြင်လို့ပါ ကူညီတာလို့မြင်ရင် ကျွန်တော့်ကို အခုလို ဒေါသထွက်နေမှာမဟုတ်ဘူး။ဟုတ်တယ်မလား မမလွှာ"

"ငါ့နာမည်ကို ထပ်မခေါ်နဲ့ ထက်မြက်မင်း။မင်းတို့သုံးယောက်လုံးကို ငါထောင်ထဲထည့်မယ်။မင်းတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြန်ခံစားရစေရမယ်"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now