အပိုင်း (၁၆)

7.1K 657 38
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၆)

လက်ထဲမှအိပ်ယာခင်းများအား ဘေးသို့ခဏချလိုက်ရင်း စာအုပ်အားယူကာကြည့်လိုက်မိသည်။ရှေ့ဆုံးစာမျက်နှာအားလှန်လိုက်လေတော့ "သွန်းချယ်ရီ၏နေ့စဥ်မှတ်တမ်း"  ဆိုသည့်စာအားတွေ့ရတာကြောင့် မမ၏ဒိုင်ယာရီစာအုပ်ဆိုတာ သေချာသွားတော့သည်။စာအုပ်အားဟိုဟိုဒီဒီလှန်လေတော့ ခေါက်ထားသည့်စာတစ်စောင်မှာအောက်သို့ပြုတ်ကျသွားတာကြောင့် ကောက်ကာ ဖတ်ရန်ပြင်လိုက်မိသည်။
"မမလေး...."
"ခက်ဆစ်..အဆင်ပြေခဲ့လား"
"တောင်းပန်ပါတယ် ကျွန်တော် အဲ့ဒီလူကိုမရှာနိုင်ခဲ့ဘူး"
"ရတယ် ရတယ် No Problem တစ်ချိန်ချိန်ကျတွေ့ရမှာပဲ"
"ဟုတ်ကဲ့ပါမမလေး။ကျွန်တော်ကားထုတ်ထားလိုက်ရတော့မလား "
"ကား...ကားကဘာလုပ်ဖို့...ဟာသေစမ်း ဘယ်နှစ်နာရီရှိနေပြီလဲ ခက်ဆစ်"
"ဆယ်နာရီထိုးဖို့မိနစ်နှစ်ဆယ်အလိုပါ မမလေး"
"ကျစ် အစည်းအဝေးက ဆယ်နာရီမလား။ကားအဆင်သင့်လုပ်ထားလိုက်ခက်ဆစ်။ငါဆင်းလာခဲ့မယ်"
"ဟုတ်ကဲ့မမလေး"
အိပ်ခန်းဆီသို့အမြန်ပင်လျှောက်ကာ လက်ထဲရှိစာအုပ်နှင့်စာခေါက်အား မှန်တင်ခုံပေါ်တင်ပြီး ရေအမြန်ချိုးဖို့ပြင်လိုက်မိသည်။ရေချိုးပြီးတော့ အဝတ်အစားလဲကာ အမြန်ပင် ကားဆီလျှောက်မိတော့သည်။ဒီနေ့ ပရောဂျက်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံမည့်သူတွေနှင့်ချိန်းထားတာပင်။ဒါကို ဟယ်ရီလုံးဝသတိမရ။တကယ့်အရေးကြီးတာကိုမှမေ့ရတော့သည်။
"မြန်မြန်လေးမောင်း ခက်ဆစ်..."
"ဟုတ်မမလေး..."
လက်ကနာရီအားကြည့်မိတော့ ဆယ်နာရီထိုးဖို့ငါးမိနစ်။ခက်ဆစ်မောင်းနှုန်းနဲ့ဆို အချိန်မှီမှာသေချာပါသည်။
"အန်တီနန်းရိပ်သတိပေးမာ်ထင်တာနဲ့ ကျွန်တော်မပြောလိုက်တော့တာ"
အန်တီနန်းရိပ်ဆိုတော့မှ မမရဲ့ဒိုင်ယာရီစာအုပ်အားခုံပေါ်ဒီအတိုင်းတင်ထားခဲ့မိသည်အား သတိရကာသွားတော့သည်။
"ခက်ဆစ်..အိမ်ကိုကားပြန်လှည့်.."
"ဗျာ!.."
"ကားပြန်လှည့်လို့ အရေးကြီးတဲ့ဟာအိမ်မှာကျန်ခဲ့တယ်"
"ဟုတ်ကဲ့မမလေး..."
ဟယ်ရီ့ကုမ္ပဏီရှိအတွင်းရေးမှူးအားဖုန်းဆက်ကာ နောက်ကျမည့်အကြောင်း လှမ်းပြောလိုက်မိသည်။
---
လွန်းဟယ်ရီသွားပြီမလို့ နန်းရိပ်လည်း ကုမ္ပဏီသို့သွားဖို့ပြင်ဆင်ရန် အပေါ်ထပ်အိပ်ခန်းဆီတက်လာလိုက်မိတော့သည်။
"ဒီနေ့မနက်ဘာမှချိန်းထားတာမရှိလို့တော်သေးသားပဲ။မဟုတ်ရင် နောက်ကျနေအုံးမှာ"ဟုဆိုရင်း အဝတ်ဗီရိုအားဖွင့်ကာ ဝတ်စုံတစ်စုံအားထုတ်ပြီးကုတင်ပေါ်တင်ပြီးချိန် မှန်တင်ခုံပေါ်ရှိ စာအုပ်နှင့်စာခေါက်ဆီအကြည့်တို့ရောက်သွားမိတော့သည်။
"လွန်းဟယ်ရီ မေ့ကျန်ခဲ့တာလား"
စာအုပ်အားကြည့်တော့ နှစ်အတော်ကြာနေသည့်ပုံပေါ်လေသည်။ဒီလောက်နှစ်ကြာနေတဲ့စာအုပ်ကို လွန်းဟယ်ရီက ဘယ်ကယူလာတာပါလိမ့်။စာခေါက်ကလည်း ခေါက်ချိုးနေရာတို့တွင် ပြဲသယောင်ယောင်တောင်​ဖြစ်နေလေပြီ။
"သူများဟာ မစပ်စုတာပဲကောင်းပါတယ်။တော်ကြာ အသံပြဲကြီးနဲ့ ဒေါ်နန်းရိပ်လွှာဆိုပြီး အော်နေအုံးမယ်"
ဟုဆိုရင်း စာအုပ်နှင့်စာရွက်ခေါက်အား ခုံပေါ်ပြန်တင်ကာ ရေချိုးသဘက်ဆီလက်လှမ်းလိုက်မိသည်။သို့ပေမဲ့စိတ်မှာ ထိုစာရွက်နှင့်စာအုပ်ထံသာရောက်နေတော့သည်။
"နည်းနည်းလောက်ယူဖတ်လိုက်လို့လည်း ဘာမှမဖြစ်လောက်ဘူးမလား။ဒါက ဆွဲဆောင်နေတာလေ။"
ပြောပြောဆိုဆို စာရွက်ခေါက်အား အရင်ယူကာ ဖြေးညှင်းစွာဖြန့်မိသည်။အလောတကြီးဖြန့်ရင် စာရွက်မှာပြဲသွားမှာသေချာသည်လေ။ဖတ်ဖို့သာပြင်ရသည် အရေးကြီးတဲ့ဟာရောဟုတ်ရဲ့လားမသိ။အရေးမကြီးလို့သာ လွန်းဟယ်ရီ ကဒီတိုင်းလက်လွတ်စပယ်ထားခဲ့တာဖြစ်လိမ့်မည်။စာရွက်ပြန့်သွားတော့ အနည်းငယ်မှိန်နေပြီဖြစ်သည့်စာအား ဖတ်လိုက်မိသည်။
သို့
ချယ်ရီ
ဖုန်းဆက်ရင်အဆင်မပြေဖြစ်မှာစိုးတာမလို့ ဦးစာပဲပေးလိုက်တယ်နော်။မနက်ဖြန်ကျရင် ဦးတို့...
"ဒေါ်နန်းရိပ်လွှာ!!!"
စာမပြီးခင်ကြားလိုက်ရသည်အြသံကြောင့် နန်းရိပ်ကိုယ်လုံးလေးတုန်တက်သွားတော့သည်။
"ဒါဘာလုပ်တာလဲ။ဘာလို့ ရှင်နဲ့မဆိုင်တာတွေကို ကိုင်ရတာလဲ"
လက်ထဲမှာစာရွက်အား ဆွဲယူသွားကာ နန်းရိပ်အား ဒေါသဖြစ်နေသည့်မျက်ဝန်းတို့ဖြင့် စိုက်ကြည်​ြတြာကြောင့်ဘာပြောရမှန်းမသိတော့ပေ။အစည်းအဝေးသွားတဲ့သူက ဘယ်လိုဖြစ်ပြီးချက်ချင်းကြီးပြန်ရောက်လာရတာလဲ။
'သူများပစ္စည်းကိုခွင့်ပြုချက်မရှိဘဲ မကိုင်ရဘူးဆိုတာ မသိဘူးလား ဒေါ်နန်းရိပ်လွှာ"
"မင်း..မင်းကဒီတိုင်းထားခဲ့လို့ တို့ယူကြည့်လိုက်မိတာ။နောက်ပြီး ဒါက တို့နဲ့လည်းဆိုင်တယ်မလား။မင်းဒီစာကို ဖတ်ပြီးပြီဆိုရင် ဒါက တို့နဲ့လည်းပတ်သက်ကြောင်းသိတယ်မလား"
ဟယ်ရီ စာကိုသာယူလာတာ ဖတ်မကြည့်ရသေးပေ။ဖတ်ဖို့ကို အစည်းအဝေးကိစ္စကိုလောရင်း မေ့သွားခြင်းသာ။ထိုအမျိုးသမီးပြောမှ စာကိုမဖတ်ရသေးမှန်းသတိရသွားကာ ဖတ်ဖို့ပြင်လိုက်မိသည်။
စာအားအစအဆုံးဖတ်ပြီးတော့ ဟယ်ရီ မျက်နှာထက်တွင် ပုံမှန်လိုမဟုတ်သည့် လှောင်ပြုံးတစ်ခုဆင်မြန်းလိုက်မိရင်း နန်းရိပ်ဆီစာရွက်အားပြန်ပေးကာ ဖတ်စေလိုက်သည်။
"ယုံကြည်ချက်တွေ ရှိသေးလား ဒေါ်နန်းရိပ်လွှာ"
ခနဲ့သည့်စကားအားကြားသည့်တိုင် နန်းရိပ်ဘာမှပြန်မပြောနိုင်။ပြန်ပြောစရာမလိုတာပါ။ပြန်ပြီးစကားနိုင်လုနေဖို့မလိုတာ။နန်းရိပ်က ကိုကိုကြီးကို ယုံပြီးသားလေ။ယုံပြီးသား။ဒီစာတစ်စောင်ကြောင့်နဲ့ဘာလို့ယုံကြည်မှုပျက်ရမလဲ။
"မှားနေပြီ လွန်းဟယ်ရီ။မင်းမှားနေပြီပဲ။တို့က ယုံကြည်ချက်အပြည့်အဝပဲ။တို့ယုံကြည်မှုက ယိုင်နဲ့သွားစရာမလိူဘူးလေ သိလား"
"စာတစ်စောင်လုံးတွေ့နေတာ​တေင် ယုံကြည်ချင်သေးတယ်ပေါ့လေ။ခက်လိုက်တာရှင်ရယ်"
"မင်းကဒီစာတစ်စောင်ကြောင့်နဲ့ ကိုကိုကြီးကိုတရားခံလို့တွေးရင် တို့ကလည်း ဒီစာတစ်စောင်ကြောင့်နဲ့ ယုံကြည်မှုပျက်စရာမရှိဘူးလို့တွေးမယ်လေ။တို့နှစ်ယောက်ကအတူတူပဲမလား။"
"ဒါကလိပ်ပါလို့သေချာမြင်နေရတာတောင် ရှင်က ဂျပိုးဆိုပြီး ယုံမှားနေတာပဲ။ယုံကြည်မှုဆိုတာ လွန်ကဲလွန်းရင်လည်းမကောင်းဘူးလေ ဒေါ်နန်းရိပ်လွှာရဲ့"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now