အပိုင်း (၁၀)

8.8K 771 53
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၀)

အထုပ်တွေ တစ်ပွေ့တစ်ပိုက်ဖြင့်ကားပေါ်ကဆင်းသည်နှင့် မီးဖိုထဲသို့တန်းဝင်သွားသည့်မမလေးအား သစ်လွင်နှင့်ဆူးမှ တအံ့တသြငေးကြည့်နေမိသည်။တစ်ခုခုကိုသဘောကျဟန်ဖြင့်ပြုံးရယ်နေပုံမှာ လွန်ခဲ့သည့်ဆယ်နှစ်ပတ်ဝန်းကျင်အားပြန်ရောက်သွားသလိုပင်။မမလေးမျက်နှာထက် ဒီလိုမျိုးသဘောတကျပြုံးရယ်နေသည့်ဟန်မျိုး သစ်လွင်မတွေ့ဖူးတာကြာခဲ့လေပြီ။
"သစ်လွင်ရေ...ဆူးရေ..လာပါအုံး"
ခေါ်သံကြားတာကြောင့် နှစ်ယောက်လုံးမီးဖိုခန်းဆီအမြန်သွားမိသည်။ခုံပေါ်တွင်စီတန်းချထားသည့်အထုပ်များအား အကြည့်တို့ဝေ့ဝဲမိတော့ အသီးအရွက်သားငါးများပင်။ဘာများလုပ်ဖို့ပါလိမ့်လို့တွေးကာ အနားသွားမိလိုက်ကြသည်။
"သစ်လွင် အန်တီကိုသွားခေါ် ဆူးက ဒီမှာကူလုပ်ပေး ဟိုရက်က အန်တီ ဟော့ပေါ့ လုပ်စားချင်တယ်လို့ပြောတယ်မလား"
အန်တီဆိုသည့်စကားလုံးကြောင့်သစ်လွင်ရောဆူးပါ နေရာတွင်ရပ်လျှက်သား။အန်တီကမနက်ကပဲထွက်သွားပြီမလား။ဒါကိုမမလေး ခုထိသိသေးဟန်မတူ။ဒါကြောင့် အန်တီစားချင်သည်ပြောသည့် ဟော့ပေါ့အားချက်စားရန် ပစ္စည်းတွေဝယ်လာခြင်းသာ။သစ်လွင်နဲ့ဆူးမှာ ဘယ်ကနေဘယ်လိုစပြောရမယ်မှန်းမသိတာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရပ်လျှက်နေရာမှမရွေ့ကြ။
"အန်တီကိုသွားခေါ်ဆိုတာကို ဘာလို့ရပ်နေတာလဲ"
"ဟို..ဟိုလေ..မမလေး"
"သွားခေါ်ပါဆိုတာကို ဘာတွေဟိုနေတာလဲ"
"အန်တီအိမ်မှာမရှိတော့ဘူးမမလေး"
လက်ထဲတွင်ကိုင်ထားသည့် ဗန်းမှာကြမ်းပြင်ပေါ်ပြုတ်ကျကာပြန့်ကျဲသွားတော့သည်။မရှိတော့ဘူးတဲ့လား။ဒါဆို အန်တီက တကယ်ပဲဟယ်ရီကိုထားခဲ့တာပေါ့လေ။မနက်ကဟယ်ရီသွားသည်အထိ အခန်းထဲမှာအိပ်ပျော်နေတာကို။မရှိတော့ဘူးဆိုတာ မဖြစ်နိုင်တာပဲလေ။
"အ..အပြင်သွားတာမလား..ဟင်"
မျှော်လင့်ချင်ခပ်ယဲ့ယဲ့ဖြင့်ထပ်မေးတော့ နှစ်ယောက်လုံးစီမှအဖြေသံအားမကြားရတော့။ခေါင်းကိုသာငုံ့ပြီးရပ်နေလေရဲ့။ဒီလောက်ဆို သေချာသွားပါပြီလေ။အန်တီက တကယ်ပဲ ဟယ်ရီကိုထားခဲ့ရက်နိုင်တာပဲ။ဟယ်ရီအပေါ်နည်းနည်းလေးတောင်မှသံယောဇဥ်တို့မထားခဲ့လေဘူးပဲ။ရက်စက်လိုက်တာလို့တောင်မပြောရက်ခဲ့။မျက်ရည်စတို့အားသိမ်းဆည်းရင်းအပြေးလေးတက်မိသည်မှာအပေါ်ထပ်အခန်းဆီသာ။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now