အပိုင်း (၁၄)

8.5K 682 43
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၄)
"ဒေါ်နန်းရိပ်လွှာ ဘယ်လိုဖြစ်လို့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာလဲ"
"တို့ခြေထောက်နဲ့တို့လျှောက်တာကို မင်းနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ ဆိုင်တာပေါ့။ဒီမှာစာရင်းဇယားလုပ်နေတာကို ရှင်က လမ်းတွေလျှောက်နေတော့ အာရုံနောက်တယ်လေ"
"ကျစ်...တကယ်ပါပဲ။သူကလူကြီးကျလို့အကုန်လိုက်ပြောနေတယ်"ဟုဆိုရင်း ဆိုဖာခုံပေါ်တွင် ထိုင်ချလိုက်မိသည်။အတွေးတွေကတော့ ခုနကအတိုင်းဆက်လက်တွေးနေဆဲပင်။
"ငါသူ့ကိုမေးလိုက်ရမလား"
"မေးရင်ရောသူကဖြေမှာလား။တော်ကြာထပြီးဝုန်းဒိုင်းကြဲရင် ရုံးခန်းမှာအရှက်ရအုံးမယ်"
"မမေးရင်လည်းဘာမှသိရမှာမဟုတ်ဘူး။စိတ်ညစ်လိုက်တာ လွန်းဟယ်ရီ ကို ဘယ်လိုစကားစရမလဲ"
တစ်ယောက်တည်းတိုးတိုး တိုးတိုးဖြင့် ဘာတွေရေရွတ်နေမှန်းမသိသည့်အမျိုးသမီးအား ဟယ်ရီ လှမ်းကြည့်လိုက်မိသည်။ကုမ္ပဏီရောက်ပြီး သိပ်မကြာခင်တည်းက လျှောက်နေတာ မပြီးတော့။ဟယ်ရီပြောပြန်တော့ ဆိုဖာတွင်ထိုင်ကာ ဘာတွေရေရွတ်နေမှန်းမသိပေ။
ပန်းအိုးအား.စိုက်ကြည့်ကာ မျက်ခုံးနှစ်ခုတွန့်ချိုးလိုက်၊နှုတ်ခမ်းအားကိုက်လိုက်ဖြင့် စဥ်းစားတွေးတောနေတာကြောင့် ဟယ်ရီစိတ်ကူးပေါ်ကာ ဖုန်းအား ထုတ်လိုက်မိသည်။
"ချလပ်..."
"ဟာ!! ကျစ် အသံမပိတ်မိဘူး"
အသံကြားတာကြောင့်လှည့်ကြည့်တော့ မိမိဘက်သို့ဖုန်းလှည့်ကာ ဓာတ်ပုံရိုက်နေသည့်လွန်းဟယ်ရီ။နေရာမှထကာ ထိုကလေးမဆီ လျှောက်သွားမိသည်။
"ဖုန်းပေး..."
"ဘာလုပ်ဖို့လဲ သူများဖုန်းကို"
"မင်း တို့ပုံတွေရိုက်နေတာမလား ပေး။ပြန်ဖျက်မယ်"
"မပေးပါဘူး။ဘယ်သူကရိုက်လို့လဲ"
"တို့မြင်လိုက်တယ်နော်....ပြန်ဖျက်"
ပြောမရတာကြောင့် နန်းရိပ်ဖုန်းအား လုမိသည်။လွန်းဟယ်ရီက သွက်တာကြောင့်လုမရ။
"သူများပုံကိုခွင့်ပြုချက်မရဘဲရိုက်ရင် တရားစွဲလို့ရတယ်နော် ပြန်ဖျက်"
"ဖျက်ချင်ရင် ရအောင်ယူပြီး ဖျက်လေ အဟွန့်"
"တို့ကိုအထင်သေးရင်မင်းမှားမယ်နော် လွန်းဟယ်ရီ။"
နန်းရိပ်ကလု သူကပြေးနှင့် အခန်းထဲ ဆူနေတော့သည်။အသံတွေလုံလို့တော်သေးရဲ့။
အခန်းတံခါးခေါက်သံပေါ်လာတာကြောင့် မျက်စောင်းတစ်ချက်ခဲကာ တံခါးအား သွားဖွင့်လိုက်မိသည်။
"အန်တီ လက်မှတ်လေးလိုလို့ပါ"
"အင်း ဝင်လေ "
အလုပ်စားပွဲဆီပြန်သွားကာ ဝန်ထမ်းကောင်မလေးပေးသည့်စာရင်းဖိုင်အား တစ်ချက်စစ်ကာ လက်မှတ်ထိုးပေးလိုက်မိသည်။
"အကုန်အဆင်ပြေတယ်မလား "
"ဟုတ်ကဲ့ ပြေပါတယ်အန်တီ။"
"အင်း။တစ်ခုခုဆို ပြောနော်။စာရင်းတွေလည်း သေချာလုပ်နော်။စာရင်းတစ်ခုလွဲရင် မင်းရောအန်တီတို့ရော နှစ်ဖက်လုံးအတွက် မကောင်းဘူး သိတယ်မလား"
"ဟုတ် အန်တီ။ဂရုစိုက်ပါ့မယ်"
"အင်း ဒါဆို ဘာကိစ္စမှမရှိရင် သွားတော့နော်"
"ဟုတ်ကဲ့"
ဝန်ထမ်းကောင်မလေး ထွက်တော့ ထိုင်ခုံမှထကာ လွန်းဟယ်ရီအား တစ်ချက်ကြည့်လိုက်မိတော့ လက်တော့နှင့် အလုပ်ရှုပ်နေတာကြောင့် မသိမသာ ကပ်ရင်း ဖုန်းအားယူလိုက်မိသည်။သို့ပေမဲ့ ထိုကလေးမအား သိပ်လျှင်သည်။ဖုန်းအားယူသည့်နန်းရိပ်လက်အား ဖြတ်ကနဲလှမ်းဆွဲလိုက်တာကြောင့် လူမှာ သူ့ပေါင်ပေါ် ထိုင်မိလျှက်သားပင်။
"ဒီအကွက်တွေက ကလေးအကွက်တွေပါ ဒေါ်နန်းရိပ်လွှာရဲ့။အဟင်း "
"မင်းကလေ လူနဲ့မလိုက်အောင်ကို ဥာဏ်များလွန်းတယ် လက်ဖယ်။"
"မဖယ်ပါဘူး ဒီလိုဖြစ်အောင် ရှင်ပဲ ဖန်တီးတာမလား"
"ဖယ်ပါဆို"
လက်အားအတင်းဆွဲဖယ်ကာရုန်းနေသည့်အမျိုးသမီးအားကြည့်ကာ ဟယ်ရီ စနောက်ချင်စိတ်တို့မှာထိန်းမရ။လက်အားမဖယ်ပေးပါဘဲ ပိုတိုးဖက်ထားမိသည်။နိုင်ငံခြားမှာတုန်းက အခြေခံကိုယ်ခံပညာတို့သင်လာသည့်အကျိုးကြောင့်ပဲလား မသိ ဒေါ်နန်းရိပ်လွှာအား လက်တစ်ဖက်တည်းဖြင့်ပင်ရုန်းမရအောင်ဖက်ထားနိုင်သည်။
"ရေမွှေးကတော်တော်မွှေးတာပဲ ဘာလို့ကျွန်မရေမွှေးကျ ဒီလိုမမွှေးရတာလဲ"ဟုဆိုရင်း ဆံစတို့အနည်းငယ်ကျနေသည့်လည်တိုင်အား ဖြတ်ကနဲနမ်းမိလိုက်သည်။
"မင်း..."
"တစ်ခါရုန်းရင် တစ်ခါနမ်းမယ်"
"မရူးနဲ့ ဖယ်"
ပါးပြင်ပေါ်သို့ရောက်လာသည့်အနမ်းတစ်ပွင့်ကြောင့် ခေတ္တခဏငြိမ်သက်သွားမိသည်။လူကို စိတ်ဒုက္ခအမျိုးမျိုးပေးနိုင်တဲ့ ကလေးမပဲ။
"ထပ်ရုန်းရင် ထပ်နမ်းမယ်"
"မရုန်းတော့ဘူး။မင်းရဲ့လက်ကိုသာဖယ်လိုက်ပါ"
"ဘယ်လက်ကိုလဲ.."
ပြုံးစစဖြင့်မေးတော့ ဘာမှမဖြေပါဘဲနှုတ်ခမ်းအား သွားဖြင့်ကိုက်ကာ မျက်ရည်တို့ရစ်ဝဲလာသည့်အမျိုးသမီး။တကယ်ပါလေ ဒီအမျိုးသမီးကတော့ တကယ်မှတကယ့်ကိုအရှက်ကြီးတော့တာပဲ။စချင်တာကြောင့် သူ့ခါးအား ပွတ်သပ်နေမိတာ။ဒါကို မျက်ရည်များဝဲလာသည့်အမျိုးသမီး။လက်ဖယ်ဖို့သာပြောပြီး ဘယ်လက်လဲ မေးတော့မဖြေ။
"ရှင် ကျွန်မကို ပြောစရာရှိနေတယ်မလား"
"ဒီလိုပုံစံနဲ့တော့ မဟုတ်ဘူးလွန်းဟယ်ရီ"
"ကျွန်မကတော့ ဒီပုံစံကိုသဘောကျတယ်။ဒီလိုရှက်နေတဲ့ ဒေါ်နန်းရိပ်လွှာရဲ့ပုံစံကိုသဘောကျတာမလို့ ဒီပုံစံကိုသဘောကျတယ်"
ဘာမှမပြောတော့ပဲ တစ်ဖက်လှည့်ကာ ငြိမ်နေသည့်အမျိုးသမီးကြောင့် ဟယ်ရီ့နှုတ်ခမ်းထက်တွင် အပြုံးတို့ဝေနေတော့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now