အပိုင်း (၁၉)

8.1K 659 24
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၉)

"သူတို့အဆင်ပြေသွားကြပြီမလို့ပူးပေါင်းနေကြပြီ"
တစ်ဖက်မှမကျေမချမ်း တောက်ခ် ခတ်သံကျယ်ကျယ်အားကြားလိုက်ရသည်။
"ဆက်ပြီးစောင့်ကြည့်ထား တစ်ခုခုအကြောင်းထူးတာနဲ့ ဖုန်းဆက်လိုက် ကြားလား"
"ဟုတ်ကဲ့"
"အထူးသဖြင့် ဒေါ်နန်းရိပ်လွှာဆိုတဲ့မိန်းမကိုစောင့်ကြည့်ထား။သူ့ကြောင့်သာမဟုတ်ရင် ဒီလိုအခြေအနေရောက်လာစရာအကြောင်းမရှိဘူး"
"ဟုတ်ကဲ့..."
----------
"လွန်းဟယ်ရီ နိုးနေရင်လည်း လက်ကိုဖယ်။တို့အောက်မှာလုပ်စရာတွေရှိသေးတယ်"
"အစောကြီးရှိသေးတာကို အန်တီကလည်း။အောက်မှာဆူးတို့၊သစ်လွင်တို့ရှိတယ်။သူတို့လုပ်လိမ့်မယ် အန်တီလုပ်ဖို့မလိုဘူး"
"မလိုလည်း ဖယ်။အိပ်တော့တာလည်းမဟုတ်ဘဲ"
နန်းရိပ် မိမိအားအနောက်မှသိုင်းဖက်ထားသည့်လက်အားဖယ်စေကာ ထဖို့ပြင်တော့ ပြန်ဆွဲပြီး ရင်ခွင်ထဲထည့်ဖက်ထားသည့်ကလေးမ။တစ်ညလုံးလည်း ဖက်ထားတာ တစ်ချက်ကလေးမလွှတ်။
"ဆောင်းရာသီက ဒီလောက်အေးနေတာကို အန်တီကဘာလို့အစောကြီးထချင်ရတာလဲ။ဟော့ဒီ ဟယ်ရီရင်ခွင်ကျယ်ထဲမှာ အနွေးဓာတ်ယူစမ်းပါ"
"လွန်းဟယ်ရီ!!"
"ထမယ် ထမယ် တကယ်ပါပဲ။အနွေးဓာတ်ပေးနေတာကိုမလိုချင်တဲ့အဒေါ်ကြီး။စေတနာကိုနားမလည်တဲ့အဒေါ်ကြီး"

ပါးစပ်ကနေ တတွတ်တွတ်ရေရွတ်ပြီး ရေချိုးခန်းထဲခြေဆောင့်ကာဝင်သွားတာကြောင့် နန်းရိပ်ရယ်လိုက်မိသည်။ဘယ်လိုလေးမှန်းမသိလေ ဒီကလေးမကတော့။

"ဆူး..."
"အမေ့..အန်..အန်တီ"
"ဟယ် ဘယ်လိုဖြစ်တာလဲ အန်တီခေါ်တာက အသံတိုးတိုးလေးပါ ဘာလို့အဲ့လောက်လန့်ရတာလဲ။စိတ်တွေဘယ်ရောက်နေသလဲ"
"ရုတ်..ရုတ်တရက်ဆိုတော့ ဆူးလန့်သွားလို့ပါ"
အောက်ပြုတ်ကျသွားသည့် ကြက်သွန်များအားကောက်ရင်း ပြောနေသည့်ဆူးအား နန်းရိပ်စနေမိတော့သည်။
"ကြက်သွန်ခွာနေတော့ ဘာချက်မလို့လဲ "
"ချက်မလို့မဟုတ်ပါဘူးအန်တီရဲ့။ဆူးနေ့လည်စာကျရင်အသုပ်သုပ်ဖို့လေ။ကိုင်းခရမ်းချဥ်သီးအလုံးကြီးတွေပေါ်နေပြီလေ။အဲ့တာမနက်ကအစိမ်းသုံးလုံးဝယ်လာတယ်။မမလေးက အဲ့တာသုပ်ရင်အရမ်းကြိုက်တာ"
"ဒါဆို မမလေးအတွက်ပဲပေါ့"
"အဲ့လိုမဟုတ်ပါဘူးအန်တီရဲ့။အန်တီကြိုက်ရင်အန်တီလည်းစားလို့ရတာပေါ့"
"အန်တီဘာကူရမလဲ"
"ရပါတယ်အန်တီ။မနက်စာစားလေ။သမီး ထမင်းကြော်ထားတယ်"
"အင်း လွန်းဟယ်ရီဖို့ပါ တစ်ခါတည်းယူသွားလိုက်မယ်"
ထမင်းကြော်အားပန်းကန်ထဲသို့ကုန်နိုင်ရုံထည့်ကာ ထမင်းစားခန်းဆီယူလာလိုက်မိသည်။ကြက်ဥကြော်လည်းရှိသေးတာမလို့ယူပြီးပြန်လာတော့ ထိုကလေးမက ထိုင်ခုံတွင်ဝင်ထိုင်ပြီးနေလေပြီ။
"ဒီနေ့ မင်းမင်းနဲ့ချိန်းထားတယ်နော် ပိတ်ရက်ဆိုတော့ အားတယ်မလား"
"ဟုတ် အားပါတယ်။အန်တီပါ လိုက်မှာမလား"
"အင်း လိုက်ရမှာပေါ့"
လိုက်ရမှာပေါ့။မလိုက်ရင် သူကပြေမှာကျလို့။တစ်လွဲတွေပဲလုပ်မှာ နန်းရိပ်သိတာပေါ့။
"အန်တီ..."
"ဟင်..."
"ဘာလို့ ဟယ်ရီကြိုအဲ့လိုကြည့်နေတာလဲ ဒီမှာရှက်နေပြီ"
"ဟင်...ဘယ်..ဘယ်မှာကြည့်လို့လဲ"
အထစ်ထစစ်အငေါ့ငေါ့ပြောကာ မျက်နှာတစ်ခုလုံးကလည်းရဲကာနေပြီး ထမင်းဝမှထထွက်သွားလေသည်။
သူ့ဘာသာအတွေးလွန်နေတယ်ဆိုတာ ဟယ်ရီသိသားပဲ။စချင်လို့ပြောလိုက်တာ။
"ကြည့်တုန်းကသူပဲကြည့်ပြီး ဘယ်ကိုပြေးတာလဲ"
ပန်းကန်အားယူကာ မီးဖိုခန်းဆီလိုက်လာရင်း အသံကျယ်ကျယ်ဖြင့်မေးလိုက်မိသည်။
"သစ်လွင်နဲ့ဆူးရေ ဒီအခန်းထဲမှာ သူများကိုကြည့်တုန်းကကြည့်ပြီး ပြောတော့ရှက်ပြေးသွားတဲ့အဒေါ်ကြီးတစ်ယောက်ရှိတယ်"
"လွန်းဟယ်ရီ...မဟုတ်တာလျှောက်မပြောနဲ့။ဖယ် အခန်းဝကနေ "
"ဟုတ်တာပြောလို့ရှင်နေတာမလား အန်တီ့ပါးနှစ်ဖက်ကို မှန်ထဲပြန်ကြည့်ကြည့်ပါအုံး"
"ဟာ!!မင်းနော်"
ပြေးဖို့ကြံနေသည့်သူအား ရင်ခွင်ထဲထည့်ဖက်လိုက်ရင်း
"သစ်လွင် အဲ့တာဘာချက်မှာလဲ"
"ဆူးက အသုပ်သုပ်ဖို့ဆိုတာကြောင့် သစ်လွင်ကူပြင်ပေးတာပါ"
"နေမကောင်းဘူးလား သစ်လွင် အသံတွေဘယ်လိုဖြစ်နေတာလဲ"
"ကောင်းပါတယ် မမလေး"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now