အပိုင်း {၈}

9.8K 709 25
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၈}

"အန်တီအစောကြီးပါလား"
"အန်တီသွားစရာလေးရှိလို့ပါ..သစ်လွင်နဲ့ဆူးဘာလိုတာရှိလဲပြောနော်"
"မလိုပါဘူးအန်တီရယ်..ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်ပါ..အန်တီနွမ်းနေတယ်နေကောင်းရဲ့လား"
"အင်း...ကောင်းပါတယ်..ဒါဆို အန်တီသွားအုံးမယ်"
"ဟို..ဟိုလေအန်တီ.."
"ပြောလေသစ်လွင်ဘာလို့ထစ်နေတာလဲ"
"အန်တီဘယ်သွားမှာလဲဟင် လမ်းကြုံရင်သစ်လွင် ကျောင်းလိုက်ချင်လို့ပါ"
"အိုဒါများသစ်လွင်ရယ်..လာသွားမယ် အန်တီလိုက်ပို့မှာပေါ့"
ကားမောင်းနေသည့်အန်တီအား သစ်လွင်ခိုးခိုးပြီးကြည့်နေမိသည်မှာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါများမသိတော့ပေ။အန်တီမသိပေမဲ့ ကြာလာတော့ ကိုယ့်ဘာသာရှက်လာလေသည်။
"သစ်လွင်..အန်တီ့ကိုကြည့်လို့ဝရင်ဆင်းလို့ရပြီနော်..ကျောင်းရှေ့ရောက်နေပြီ"
နန်းရိပ်ပြောတော့ ရှက်သွားသည့်သူအားကြည့်ကာ ရယ်လိုက်မိသည်။
"တို့ကစတာပါကွယ် အဲ့လောက်ထိရှက်မနေနဲ့။ညနေကျရင် အန်တီဝင်ခေါ်မယ် ဟုတ်ပြီလား..စောင့်နေ"
"ဟုတ်ကဲ့အန်တီ"
ကားပေါ်မှဆင်းကာ ကျောင်းဝန်းထဲ ဝင်သွားသူအား ကြည့်ရင်းနန်းရိပ်ပြုံးလိုက်မိသည်။အိမ်မှာနေရင်သာ အမြဲဖိုးရိုဖားယားနေတတ်သူက ကျောင်းမှာကျတော့ ရောင်စုံဝတ်စုံကလေးဖြင့်လှပနေလေသည်။ဒီအရွယ်ဆို ဘေးနားမှာ ဝိုင်းနေသည့် ကောင်လေးများရှိနေမည်မှာသေချာသည်။တစ်နေ့လောက်တော့ ဆူးကိုမေးကြည့်ရအုံးမည်။သစ်လွင်မှာကောင်လေးရှိနေသလားလို့။သင့်တော်၏မသင့်တော်၏ကြည့်ဖို့လိုသည်မလား။လွန်းဟယ်ရီကြောင့်သိရတယ်ဆိုပေမဲ့ သစ်လွင်ဟာ နန်းရိပ်တူမလေးလိုပင်။
"ဟဲလို..ကိုကိုကြီး"
"..."
"ဟုတ် နန်းရိပ်ရောက်တော့မှာပါ ထွက်လာနေပြီ။ကိုအောင်ခန့်ကျော်ရောရောက်နေပြီမလား"
"..."
"ဟုတ်..ဒါပဲနော် နန်းရိပ်လာခဲ့မယ်"
ကားလေးအားမောင်းကာ ချိန်းထားသည့်ဆိုင်လေးရှေ့တွင်ရပ်လိုက်မိသည်။ဆွဲသားစကပ်အရှည်အား အပေါ်မှ လက်ဇကအင်္ကျီအပွဖြင့်တွဲဝတ်ထားပြီးကပိုကရိုဖြစ်နေသည့်တိုင် ဆိုင်ထဲရှိပုရိသတို့၏အကြည့်မှာ နန်းရိပ်ဆီမှမခွာပေ။နီစွေးစွေးနှုတ်ခမ်းထက်တွင်အပြုံးတစ်ပွင့်ဆင်မြန်းတော့ မြင်သူရင်မောရသည်။
"ကလေးမလေးကိုကျောင်းပို့တာနဲ့နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်ဗျာ ပြောရမဲ့သူမှမဟုတ်တာ"
"ကိုကိုကြီးရော သူရောက်နေပြီဆို"ဟုမေးရင်း ထိုင်ခုံပေါ်တွင်ထိုင်လိုက်မိသည်။
"သူ့သူငယ်ချင်းတွေလို့သွားနှုတ်ဆက်တယ်"
"ညက ကိစ္စအတွက်တောင်းပန်ပါတယ်နော် အားနာလိုက်တာ"
"မလိုပါဘူးဗျာ ကျွန်တော်ကလည်းကျွန်တော်ပဲလေ အချိန်မရှိကြီးကျမှ ဆက်မိတာကိုး ဒီတော့ သူသဝန်တိုမှာပေါ့ဗျာ"
"ဘာတွေပြောနေကြတာလဲ..နန်းရိပ်အတွက်ကိုကိုကြီး စားစရာမှာခဲ့တယ်"
"ဟုတ်ကဲ့ကိုကိုကြီး"
"ကဲ ဒေါက်တာ ကျွန်တော်က ဘာကူရမှာလဲ ပြောပါအုံး။ဒေါက်တာရဲ့စုံထောက်ကရော"
"သူလာပါလိမ့်မယ်..ဟောပြောရင်းလာပြီ"
ဆိုင်တွင်းသို့ဝင်လာသူအား နန်းရိပ်လှမ်းကြည့်မိတော့ အသက်အားဖြင့် ၂၇၊၂၈လောက်သာရှိသေးမည့် လူရည်သန့်တစ်ဦးပင်။ရှပ်အင်္ကျီလက်ရှည်အား သပ်သပ်ရပ်ရပ်ခေါက်တင်ထားပြီး ပုဆိုးအကွက်စိပ်ကလေးဝတ်ထားပုံမှာ သပ်ရပ်လှသည်။ဒါကစုံထောက်လားလို့တွေးမိတော့ နန်းရိပ်မျက်ခုံးနှစ်ဖက်မြောက်တက်သွားတော့သည်။
"သူကအဲ့လိုကိစ္စတွေဝါသနာပါလို့လေ။ငယ်ပေမဲ့တော်ပါတယ် "
"ဟုတ်ကဲ့ ကိုအောင်ခန့်အဆင်ပြေရင်ပြီးတာပါပဲရှင်"
"မင်းမင်း ဒီမှာ"
အနီးရှိထိုင်ခုံအလွတ်တစ်လုံးတွင်ဝင်ထိုင်လိုက်သည့်သူအား နန်းရိပ်မှာအကဲခတ်နေမိတော့သည်။ပုံစံကြည့်ရတာတော့တော်မဲ့ပုံပါလေ။
"ကျွန်တော်စုံစမ်းရသလောက်တော့ ဒီကိစ္စကတော်တော်လေးရှုပ်တယ်။ဒေါက်တာပြောတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်စုံစမ်းရတာနဲ့ကိုက်ညီကြည့်တော့ ဒါက တမင်ကိုအကွက်ချပြီးဖန်တီးထားတာလို့ ကျွန်တော်ယူဆတယ်။မသွန်းချယ်ရီအမှုကို ဖန်တီးပြီး ဒီက ဦးရဲထွဋ်ခေါင်ကို ချောက်ချချင်တဲ့သဘောပဲ။"
"အဲ့ဒီလူကဘယ်သူဖြစ်မလဲ။ဘာလို့ကိုကိုကြီးကိုလဲ"
"ဒါအတွက်အဖြေကိုကျွန်တော်တို့ဆက်ရှာရမှာပဲ မမကြီးရဲ့။ကျွန်တော်သိချင်တာက သွန်းချယ်ရီနဲ့ဒီကဦးရဲထွဋ်ခေါင်နဲ့ကြား ပတ်သက်မှုပဲ။သူနဲ့ဘယ်လိုစသိခဲ့သလဲဆိုတာ မှတ်မိသေးရင် ကျွန်တော့်ကိုပြောပြပေးပါ"
ကိုကိုကြီးကသက်ပြင်းရှည်အားချပြီး အတိတ်အကြောင်းများအားပြန်စဥ်းစားကာ ပြောဖို့အားယူလိုက်သည်။
"ကျွန်တော်နဲ့အဲ့ကလေးမ စသိတာ ဆိုင်တစ်ဆိုင်မှာပဲ။ကျွန်တော့်အင်္ကျီကို သူသတိမထားမိဘဲ ရေခဲမုန့်ပေသွားတာ။အဲ့တုန်းကစသိခဲ့တယ်ပေါ့ဗျာ"
---
...အတိတ်...
"ကိုဦး ဟိုဆိုင်ရှေ့ကျကားခဏရပ်အုံး မင်းတူမက မုန့်မှာလိုက်တယ်"
"ဟုတ်ကဲ့ဆရာ"
"ခဏစောင့်အုံး သွားဝယ်လိုက်အုံးမယ် မပါရင် ဇူးလဲ့ထွဋ်ခေါင်တို့က ကောက်မှာ"
သမီးဖြစ်သူအကြောက်းအားသဘောတကျပြောရင်းဆိုင်ထဲသို့ဦးတည်လိုက်မိသည်။ဆိုင်တံခါးအား ဖွင့်ပြီးအဝင် အထဲမှထွက်လာသည့်လူတစ်ယောက်ကြောင့် ရဲထွဋ်အင်္ကျီပေါ် ရေခဲမုန့်တို့ပေသွားတော့သည်။
"ဟာ!!"
"ဆော..ဆောရီးနော် တောင်းပန်ပါတယ် ချယ်ရီသတိမထားလိုက်မိလို့ပါ"ဟုဆိုရင်း ရဲထွဋ်ရင်ဘတ်တွင်ပေသွားသည့်ရေခဲမုမ့်တို့အား တစ်ရှူးစဖြင့်သုတ်ပေးနေသည့်ကလေးမမှာ ညီမဖြစ်သူထက်ဆယ်နှစ်လောက်ငယ်မည့်ပုံပင်။
"ရပြီ..ရပြီကလေးမ ကိုယ်အင်္ကျီပြန်လဲလိုက်မယ် နောက်တစ်ခါဆိုသတိထား"ပြောပြီး ကောင်တာသို့သွားကာ သမီးဖြစ်သူမှာထားသည့်မုန့်အားဝယ်ယူကာ ကားဆီပြန်မိသည်။ခုနက ကလေးမမှာ သူ့သူငယ်ချင်းတွေနဲ့ပွဲကျနေတော့သည်။
"ကိုဦးရေ..နန်းရိပ်ဆီဒီနေ့မသွားတော့ဘူးကွာ အင်္ကျီပေသွားပြီ အိမ်ပဲတန်းပြန်ကြရအောင်"
"ဟုတ်ကဲ့ ဆရာ..ဒါနဲ့ဆရာနောက်လထဲမှာ ဆရာ့ညီမမွေးနေ့ရှိတယ်နော်"
"ဒါတော့ ငါမမေ့ပါဘူးကွာ ဒီညီမလေးတစ်ယောက်ပဲရှိတာကို"
ညီမဖြစ်သူအကြောင်းအား ရဲထွဋ်ပြုံးနေမိတော့သည်။ကိုယ်ကသာ သမီးတစ်ယောက်ရနေပြီ ညီမလေးကတော့ အပျိုကြီးပဲလုပ်မှာဆိုသည့်အတိုင်း ခုချိန်ထိ အပျိုကြီးဘဝနဲ့နေနေလေသည်။အပူတွေမရှာချင်ပါဘူးဟုဆိုကာ တူမဖြစ်သူကိုသာအချစ်တွေပုံပေးနေလေတော့သည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now