အပိုင်း {၃}

10.4K 784 25
                                    

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၃}

"လွန်း..လွန်းဟယ်ရီ..နင်..မယုတ်မာနဲ့နော်..ဖယ်"
"ရှင်ပြောတဲ့လူယုတ်မာပုံစံဆိုတာ ဘယ်လိုလဲသိရအောင်ပြပေးမလို့..."
"ဟင့်အင်း...လွန်းဟယ်ရီ..မလုပ်..."
ရုန်းကန်နေသည့်ကြားမှ နန်းရိပ်နှုတ်ခမ်းသားတို့မှာ သိမ်းပိုက်ခံလိုက်ရတော့သည်။အတင်းတွန်းကန်ရုန်းပေမဲ့အစကတည်းက အားနည်းသူမလို့ လွန်းဟယ်ရီအားမယှဥ်နိုင်ခဲ့။
ကျောကုန်းအားထုရိုက်နေပေမဲ့ဟယ်ရီမမှု။ဒီလောက်အားလေးကတော့ ဖြုံတောင်မဖြုံ။နှုတ်ခမ်းသားတို့အားအတင်းနမ်းရှိုက်နေမိသည်။ခပ်တင်းတင်းစေ့ထားတာကြောင့် လျှာတိုးဝင်မရသည့်အခါ အောက်နှုတ်ခမ်းအား အားပါပါဖြင့်ကိုက်ချလိုက်မိတော့ နှုတ်ခမ်းနှစ်လွှာပွင့်သွားသည်နှင့်လျှာအားတိုးဝင်ကာ ရစ်ပတ်နမ်းရှိုက်နေမိတော့သည်။တော်တော်ကြာနမ်းရှိုက်လိုက်တော့ ဟယ်ရီကျောအားထုရိုက်နေသည့်လက်တို့မှာအရှိန်လျော့သွားတာကြောင့် နှုတ်ခမ်းအားခွာလိုက်မိသည်။
"ဟင့်..ဖယ်..ဖယ်ပါတော့..ငါတောင်းပန်ပါတယ်..လွန်းဟယ်ရီ"မျက်ဝန်းမှမျက်ရည်များစီးကျရင်း မျက်နှာအားတစ်ဖက်လှည့်ကာ ငိုရင်းပြောနေသည့်အမျိုးသမီး။နှုတ်ခမ်းပါးမှာလည်းဟယ်ရီကိုက်ထားတာကြောင့်သွေးစတို့စို့နေသလို နှုတ်ခမ်းတစ်ခုလုံးလည်းရဲနေတော့သည်။ဟယ်ရီစိတ်အားလျှော့ချလိုက်ရင်း
"ကျွန်မရှင့်ကိုနမ်းရုံလေးတောင် ရှင်ဒီလောက်ခံစားရတယ်မလား..ဒါဆိုကျွန်မအစ်မကို ရှင့်အစ်ကိုမတရားကြံတုန်းက ကျွန်မအစ်မ ဘယ်လောက်ကြောက်နေမလဲ ရှင်တွေးကြည့်စမ်းပါ"
အုပ်မိုးထားရာမှထလိုက်ပြီး မှန်တင်ခုံတွင်ထိုင်ကာ စီးကရက်တစ်လိပ်အားမီးညှိပြီး ရှိုက်ဖွာနေလိုက်မိသည်။ထိုအမျိုးသမီးကတော့ ခုတင်ပေါ်တွင်ထိုင်ကာ ငိုနေဆဲပင်။မျက်ဝန်းမှမျက်ရည်တို့ကျရင်း တစ်သိမ့်သိမ့်ရှိုက်ကာ ငိုနေပုံမှာတောင်ဆွဲဆောင်မှုရှိလွန်းလှသည်။ဆေးသားမကူတော့ပါဘဲ ရဲရဲနီနေသည့်နှုတ်ခမ်းလွှာနဲ့သွေးစတစ်ချို့၊မျက်ဝန်းမှစီးကျနေသည့်အရောင်လဲ့လဲ့မျက်ရည်စများ၊ထုရိုက်ထားလွန်းလို့ရဲနေသည့်လက်ဖဝါးပြင်နဲ့အတူ တွန့်ကျေကာ အနည်းငယ်ပုံပျက်နေသည့်အဝတ်အစားများ။ဒါတောင်ဒီအမျိုးသမီးက ဆွဲဆောင်မှုရှိကာလှနေလေသည်။အခန်းထဲဆက်နေရင်မဖြစ်တော့တာမလို့ အောက်ထပ်ဆီဆင်းဖို့ပြင်လိုက်မိသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now