Chapter 9

47 11 0
                                    

{ သိပ်ကိုတန်ဖိုးထားရတော့ကာကွယ်ပေးချင်တဲ့စိတ်လေးကသူ့အလိုလိုနေရာယူနေတတ်တယ် }



"ဒါဘယ်လိုဖြစ်တာလည်းLee Jaehyun!!!!"

ကျောင်းရဲ့ရုံးခန်းထဲတွင်အတန်းပိုင်ဆရာရဲ့အော်သံဟာလွှမ်းမိုးလို့နေသည်။

"မင်းကိုစာလည်းတော်လို့....ပြောစကားလည်းနားထောင်လို့လိမ္မာလှချည်ရဲ့ဆိုပြီးချီးကျူးနေတာလေ!!!!"

ထပ်ပြီးဆောင့်ကာအော်နေသောအသံတို့အားရုံးခန်းထဲရှိမည်သူမျှပင်မလွန်ဆန်ရဲသလိုဆရာ့ရဲ့အရှေ့မှာကြုံ့ကြုံ့လေးရပ်နေသည့်Jaehyunကလည်းမလွန်ဆန်နိုင်ပါ။

"အခုဒီပြဿနာဘယ်သူစတာလည်းပြော!!!"

"ဟို.........."

"Jae!!!!"

ဆရာမေးသည့်မေးခွန်းအားပြန်ဖြေမလိုလုပ်နေချိန်မှာရုံးခန်းရှေ့သို့ရောက်လာသည့်Juyeon။ချွေးတွေလည်းထွက်နေပြီးမောဟိုက်နေပုံကိုကြည့်ရရင်ပြေးလာလို့ထင်ပါရဲ့။

"Jae...ဘယ်လိုဖြစ်တာလည်း!!"

သူ့အနားကိုရောက်လာပြီးဒဏ်ရာတွေရှိနေသောလက်ချောင်းများကိုစိုးရိမ်တစ်ကြီးဖြင့်ဆုပ်ကိုင်ကာမေးလာပေမဲ့Jaehyunလေးမှာပြန်ဖြေဖို့အားပင်မရှိသေးပါ။

"Sam!!....သူဘယ်လိုဖြစ်တာလည်းဟင်"

"မင်းသူငယ်ချင်းက ဟိုမှာလေ...အတန်းကြီးကောင်လေးနှစ်ယောက်ကိုရိုက်လိုက်တာမေ့လဲသွားတယ် ခုထိလည်းမထနိုင်သေးဘူး"

အတန်းပိုင်ဆရာစကားဆုံးတော့သူ့အားမျက်နှာငယ်လေးဖြင့်ကြည့်နေသည့်JaehyunအားJuyeonမယုံသည့်မျက်လုံးများဖြင့်ကြည့်မိတော့အကြည့်လွှဲသွားလေသည်။

"Jae.....ဘာလို့ဒီလိုလုပ်ရတာလည်း"

Juyeonမေးသည့်မေးခွန်းအားJaehyunမျက်လုံးအိမ်ထဲမှမျက်ရည်ကျရုံကလွဲလို့ပြန်မဖြေနိုင်သေးချေ။

Redamancy - Jumil (Complete) Where stories live. Discover now