{မြင်သာမြင်ပေမဲ့မကြင်ရသလိုထွေးပွေ့ခွင့်လေးတောင်မရှိနေခဲ့ပါ}
"Hyung....ရောက်ပြီ.....HyungပြောတာဒီMallမလား"
"အင်းဟုတ်တယ်....ဒီကစာအုပ်ဆိုင်တစ်ခုမှာဆိုတော်တော်စုံတယ်"
"ဟုတ်လား....ဒါဆိုအတော်ပဲဖြစ်သွားတာပေါ့"
သူတို့နှစ်ဦးလည်းMallရဲ့မြေအောက်ကားပါကင်ဆီမောင်းသွားလိုက်ကြပြီးJaehyunမှကားပေါ်ကဆင်းမယ်လုပ်တော့Hyunjunကအမြန်ဆင်းကာကားတံခါးကိုလာဖွင့်ပေးသည်။
"ကျေးဇူးပါ Hyunjun "
"ဟုတ်.....ရပါတယ်"
အခုမှစသိတဲ့သူကသူ့အတွက်အခုလိုမျိုးတွေလုပ်ပေးတာJaehyunနည်းနည်းတော့အားနာမိပါသည်။သို့ပေမဲ့Hyunjunပုံစံကိုကဖော်ရွေသည်မလို့Jaehyunလည်းနှစ်သက်မိပါသည်။နှစ်ယောက်သားကခင်မင်တတ်သူတွေလည်းဖြစ်တော့ခနလေးနှင့်ပင်ရင်းနှီးသွားကြသည်။
"ဒါနဲ့Hyungက Seoulမှာပဲမွေးတာလား"
"မဟုတ်ဘူး....HyungကIncheonမှာမွေးတာ "
"အော်....ဒါဆိုကြီးတာကလည်းIncheonပဲပေါ့"
Hyunjunမှမေးတော့Jaehyunကခပ်ဖွဖွလေးရယ်ရင်း
"မဟုတ်ဘူး....Hyungကငယ်ငယ်လေးကတည်းကခနခနအိမ်ပြောင်းနေရတယ် ဒါမဲ့မူလတန်းစတက်ပြီးအထက်တန်းထိကတော့Incheonနားကနယ်မြို့လေးတစ်မြို့မှာနေခဲ့တာ"
Jaehyunလည်းပြောရင်းအတွေးများကတစ်ယောက်သောသူလေးဆီသို့ရောက်သွားပြန်သည်။
"အာ....အဲ့လိုလား ပြီးတော့မှဒီမှာUniတက်ပြီးနေတာပေါ့"
"အင်း...ဟုတ်တယ်....Junnieကရော"
"Junnie?? "
"အာ.....sorry စာသင်ပေးတဲ့ကလေးတွေကိုဆိုနာမည်အဖျားစွတ်ပြီးခေါ်နေကြဆိုတော့အကျင့်ပါသွားလို့ပါ"
"ရပါတယ်....ကျွန်တော်ကြိုက်တယ်....Junnieလို့ခေါ်လည်းရပါတယ်....ကျွန်တော်လည်းကလေးလုပ်တာပေါ့"
YOU ARE READING
Redamancy - Jumil (Complete)