{ လွမ်းဆွတ်တမ်းတခြင်းကတစ်ဖက်သတ်ပဲမဟုတ်ခဲ့လေသောအခါ }
Seoulမြို့ရဲ့ပေတစ်ရာအဝေးပြေးလမ်းမဘေးတွင်ပြေးလွှားနေသောလူငယ်တစ်ဦး။ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားပြီးကျောပိုးအိတ်တစ်လုံးနှင့်ကိုကြည့်ရတာ တစ်နေရာရာမှထွက်ပြေးလာပုံပေါက်ပါသည်။
မွေးကတည်းကတစ်နေရာမှမရောက်ဖူးသေးသောဤမြို့ကြီး၌ဘယ်နေရာကနေအစရှာ၍လိုရာအရပ်ကိုသွားရမည်မသိသော်လည်းအနည်းငယ်လူတွေနှင့်ကင်းသည့်လမ်းမကိုတော့ရွေးချယ်မိခဲ့သည်။
သူ့ရွေးချယ်မှုကမှားလားမှန်လားတော့မသိ။လမ်းမအတိုင်းပြေးလာခဲ့ပြီးဘယ်ကိုရောက်ပါစေဆက်သွားမည်ဟူသောစိတ်ဖြင့်တစ်ဖက်လမ်းကိုကူးလိုက်မိသည်မှာညအချိန်တွင်မီးအလင်းရောင်မှိန်ပျပျနှင့်သာမောင်းလာသည့်အနက်ရောင်ကားတစ်စီးအားသတိမမူမိတော့ဖြတ်ကူးလိုက်ချိန်မှာပဲ
"ဒုန်း!!!!!!!"
ကားကိုအလျင်မှီဘရိတ်အုပ်သည့်အသံနဲ့အတူမြေပြင်ပေါ်သို့လဲကျသွားသောထိုကောင်လေး။
"တိုက်မိသွားတာလား!!!"
"ဟုတ်........တိုက်မိသွားတယ်ထင်တယ်Boss"
"မြန်မြန်ဆင်းကြည့်စမ်း....သေရင်တစ်ခါတည်းရှင်းခဲ့ရအောင်!!"
"ဟုတ်ကဲ့ပါBoss"
ကားပေါ်တွင်ပါလာသောလူနှစ်ယောက်မှာတစ်ယောက်ကdirverဖြစ်ပုံရပြီးနောက်ခန်းမှာထိုင်နေသည့်လူမှာအနက်ရောင်suitကိုဝတ်ထားပြီးစျေးကြီးသည့်မျက်မှန်တစ်လက်ကိုတပ်ထားကာဘော်ကြော့ထိုင်နေပုံအရထိုလူဟာသာမန်လူတန်းစားတော့မဖြစ်နိုင်ပေ။
လူတစ်ယောက်ကိုကားနှင့်တိုက်မိသွားတာတောင်တုန်လှုပ်ခြင်းအလျဥ်းမရှိဘဲသေရင်အတလာင်းပါတစ်ခါတည်းရှင်းခိုင်းနေသည်မှာလည်းကြောက်မက်ဖွယ်ရာပင်။
ဒါဆိုထိုလူဟာလူကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား။
YOU ARE READING
Redamancy - Jumil (Complete)