Chapter 17

58 11 20
                                    

{ Jaeကသိပ်ကိုနူးညံ့နွေးထွေးလွန်းတဲ့ကဗျာလေးတစ်ပုဒ်နဲ့တူတယ် }

"Ju......ဘယ်သွားမလို့လည်း!!!!"

".............."

"Ju....Jaeခေါ်နေတယ်လေ"

သူ့ရှေ့မှထွက်သွားမလိုလုပ်နေသည့်Juyeonရဲ့လက်တို့အားJaehyunဆုပ်ကိုင်လိုက်ပြီးသွားမရစေရန်တားထားလိုက်သည်။

"Ju....ဘယ်သွားမှာလည်းလို့"

Juyeonရဲ့မျက်နှာပေါ်မှာခံစားချက်မဲ့နေပြီးသူ့အားသူစိမ်းဆန်သည့်မျက်လုံးတို့ဖြင့်လည်းကြည့်နေသည်မှာထိတ်လန့်စရာပင်။

"ငါ့လက်ကိုလွှတ်!!!!"

"မလွှတ်ပါဘူး.....အခုဘယ်သွားမှာလည်း!!!!"

JaehyunကJuyeonရဲ့လက်တို့ကိုပိုမိုတင်းကြပ်စွာဖက်လိုက်ရင်းပြောလိုက်လေသည်။Juyeonကလည်းJaehyunလက်ကိုအားနဲ့ဖယ်ထုတ်ရင်း

"ငါ့လက်ကိုလွှတ်လို့ပြောနေတယ်!!!!! ငါ့ဘာသာဘယ်သွားသွားမင်းနဲ့မဆိုင်ဘူး!!!!"

ပစ်ပစ်ခါခါပြောလာသည့်စကားတို့ကJaehyunရင်ကိုဓားနဲ့အစိမ်းလိုက်ခွဲလိုက်သလိုပင်နာကျင်လှပါသည်။ဝမ်းနည်းမှူကြောင့်မျက်ရည်များပင်စတင်ဝဲလာရတော့သည်ကိုလည်းJuyeonကလျစ်လျူရှုနေခဲ့သည်။

"Juဘာလို့ချက်ချင်းပြောင်းလဲသွားတာလည်း!!!ပြောတော့Jaeနဲ့အတူတူနေမှာပါဆို အခုဘယ်သွားမယ်ဆိုတာလည်းမပြောဘူး!!!"

Juyeonကစိတ်ပျက်နေသည့်ပုံဖြင့်စုပ်တစ်ချက်သပ်လိုက်ပြီး

"စိတ်ကူးတွေယဥ်မနေနဲ့Lee Jaehyun!!!!!"

ဟုပြောကာJaehyunအားတွန်းထုတ်ခဲ့ပြီးထွက်သွားလေသည်။ကျန်ရစ်ခဲ့သည့်Jaehyunလေးမှာတော့အော်ဟစ်ပြီးငိုရုံမှလွဲ၍မတတ်နိုင်ခဲ့ချေ။

"Jaeတောင်းပန်ပါတယ်....မသွားပါနဲ့Ju.......Jaeတောင်းပန်ပါတယ်လို့....မသွားပါနဲ့!!!! Juyeon nah.....မသွားပါနဲ့လို့!!!"

ဟုအော်ဟစ်ငိုကြွေးနေမိသည့်Jaehyunလေးမှာသနားဖွယ်ကြေကွဲဖွယ်အတိ။စုံမှိတ်ထားသည့်မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့တစ်ခန်းလုံးမှောင်မည်းနေပြီးမောဟိုက်ကာမျက်ရည်များလည်းမျက်နှာတစ်ခုလုံးရွှဲစိုနေလေသည်။

Redamancy - Jumil (Complete) Where stories live. Discover now