Chapter 29

74 10 15
                                    

{ နှလုံးသားထဲမှာနေရာယူထားသူကသပ်သပ်ရှိပါသော်လည်း...,.}

အခန်းတစ်ခုထဲတွင်Juyeonတစ်ယောက်စားပွဲမှာတင်ထားသည့်စာရွက်မှလိပ်စာတစ်ခုအားသေချာကြည့်ရင်းအတွေးများလို့နေသည်။

သူစဥ်းစားနေသည်မှာနာရီပိုင်းမျှကြာပြီဖြစ်သော်လည်းယခုအချိန်ထိဘာကဘာမှန်းကိုမသိရသေးချေ။ Bossရဲ့သားဖြစ်သူကိုခေါ်သွားတဲ့နှစ်ယောက်ရဲ့အိမ်လိပ်စာဟာအဘယ်ကြောင့်များသူ့အိမ်လိပ်စာဖြစ်နေရသနည်း။

တွေးကြည့်လျှင်သူ့ရဲ့အဖေအရင်းဖြစ်သူဟာလည်းသူနဲ့သူ့အမေကိုထားသွားပြီးကတည်းကလုံးဝပြန်မလာတော့။ ဒါဆို.....သူ့ရဲ့ပထွေးကများလုပ်ခဲ့တာလား။ သူကBossရဲ့သားလား။

Juyeonတွေးရင်းခေါင်းရှုပ်လာမိသည်။ ဒီကိစ္စအားBossကိုသေချာရှင်းပြပြီးတိုင်ပင်လိုက်ရင်ကောင်းမလားဟုလည်းတွေးမိသည်။

သို့ပေမဲ့သူ့ခေါင်းထဲသို့ရုတ်တစ်ရက်ပေါ်လာသောအတွေးတစ်ခု။ အိမ်လိပ်စာကဆင်တူရိုးမှားဖြစ်နေခဲ့လို့မှားပြောမိတယ်ဆိုရင်ကော။ Bossရဲ့သားကသူ့ရဲ့အိမ်နီးချင်းဖြစ်ခဲ့သည့် Jaeများလား။

အသေချာစဥ်းစားကြည့်မည်ဆိုလျှင်Jaeပြောဖူးတာ သူ့မိဘတွေကခရီးခနခနထွက်တဲ့အကြောင်းပြီးတော့ပိုပြီးသံသယဝင်စရာကောင်းတာကJaeတို့အိမ်ကအိမ်အကူမမ။

အဲ့နေ့ညကတောင်Juyeonတွေ့လိုက်တာသေချာပေမဲ့နောက်နေ့ကျတော့မွေးရပ်မြေပြန်သွားသည်ဟုပြောခဲ့သည်။ နောက်နေ့ကျတော့ဖုန်းကအိမ်မှာကျန်နေခဲ့သည်တဲ့။ လွန်ခဲ့သည့်ခုနှစ်နှစ်ကျော်ကကိစ္စများကိုပြန်လည်ကာအစဖော်ရင်းJuyeonအကြောင်းရာတွေအားဆက်စပ်ကြည့်မိသည်။

သတင်းရလာသည့်သူကလည်းအလိမ်ညာမဖြစ်နိုင်ဆိုတာသေချာပါသည်။သို့ပေမဲ့မသေချာသည်ကသူကဟာBossရဲ့သားလား ဒါမှမဟုတ် JaeကပဲBossရဲ့သားလား။

ဒီကိစ္စနဲ့ပတ်သက်ပြီးJuyeonအရင်ကထက်ပိုပြီးတိကျအောင်စုံစမ်းမှဖြစ်တော့မည်။ သူဟာBossရဲ့သားဆိုတာတော့မဖြစ်နိုင်ဘူးဟုလည်းတွေးမိပါသည်။ လူချင်းမသိတောင်သွေးကစကားပြောတတ်သည်မလို့Bossသာသူ့အဖေအရင်းဖြစ်နေခဲ့ရင်စတွေ့ကတည်းကရင်းနှီးသည့်ခံစားချက်မျိုးရရမှာကို ဘယ်လိုမှမနေတော့သူဟာBossရဲ့သားဘယ်လိုမှမဖြစ်န်ိုင်ပါလေဟုသာကောက်ချက်ချလိုက်မိသည်။

Redamancy - Jumil (Complete) Where stories live. Discover now