သစ်ပင်ကြီးတွေဖုံးအုပ်ထားသည့် တောတောင်မြေရဲ့ ကားလမ်းမပေါ်မှာ တစ်ရွေ့ရွေ့သွားနေသော အနက်ရောင်ကားလေးတစ်စီးထဲဝယ် သာယာကြည်နူးသည့် လေထုလေးကလွှမ်းခြုံလျက်ရှိသည်။
radioမှလွှင့်လာသော မနက်ခင်းရဲ့တေးသံသာ ဟာလည်း သာယာနာပျော်ဖွယ်ကောင်းအောင် ပျံလွင့်လျက်ရှိပြန်သည်။
ကားအတွင်းမှ ကောင်လေးနှစ်ယောက်သည်လည်း အပြုံးကိုယ်စီလေးဖြင့်တပ်ဆင်ထားကာ ချစ်မဝသည့် မျက်ဝန်းများဖြင့် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လျက်ရှိသည်။
လက်တစ်ဖက်မှကားစတီယာရင်ကို ကိုင်ထားရင်း တစ်ဖက်ကလည်းJaehyunရဲ့လက်ကလေးကို ဆုပ်ကိုင်ထားသည့် Juyeon။
ကိုင်ထားရင်းနဲ့မှ မနေနိုင်တော့သည့်အဆုံး ကိုင်ထားသည့်လက်ဖြူဖြူအုအုလေးအား အနမ်းတစ်ပွင့်ပေးမိသည်။
" ကားကိုသေချာကြည့်မောင်းနော် အကိုကြီးJu "
" ကိုယ်ဒီလမ်းတွေကိုသွားနေကြမလို့ ကျွမ်းပြီးသားပါ "
Jaehyunခပ်ဖွဖွလေးပြုံးလိုက်သည်။
သူတို့အခုသွားနေသည်က Jaehyunရဲ့ အဖေအရင်းဖြစ်သူ, Juyeonရဲ့ Boss, Lee Sunghyunဆီကိုပင်ဖြစ်သည်။
Jaehyunအနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။ သူ့ရဲ့တစ်ခါမှမမြင်ဖူးသည့် အဖေအရင်းဖြစ်သူအား တွေ့ရမည်ဆိုတော့ ရင်လည်းခုန်မိသလို စိတ်လည်းကဏာမငြိမ်ဖြစ်မိသည်။
သူ့အဖေအရင်းကိုတွေ့ရင် သူရင်းနှီးနေပါ့မလားဆိုသည့် စိုးရိမ်စိတ်ဟာလည်းရှိနေသေးပြန်သည်။
နာရီပိုင်းလောက်ကြာအောင် မောင်းပြီးသွားတဲ့နောက်မှာတော့ Jaehyunအဖေရဲ့ စံအိမ်ဆီသို့ရောက်လာခဲ့တော့သည်။
မလာခင်ကတည်းက Juyeon ဖုန်းကြိုဆက်ထားသည်မလို့ ခြံတံခါးဟာလည်းအသင့်ဖွင့်ထားပြီးဖြစ်သည်။
" Jae...ဘာမှမဖြစ်နဲ့နော် ဒါJaeဖေဖေအရင်းကိုတွေ့ရမှာ "
ကားပေါ်မှမဆင်းခင် Juyeonမှ Jaehyunစိုးရိမ်စိတ်တွေသိနေသည့်အလား နှစ်သိမ့်စကားပြောပေးလာသည်။
" တစ်ခုမေးမလို့ Ju "
"အင်း...."
"Jaeတို့နှစ်ယောက်ရဲ့ ပတ်သက်တာကို Jaeအဖေအရင်းက သိလား "
YOU ARE READING
Redamancy - Jumil (Complete)