Chapter 33

38 7 0
                                    

{မြတ်နိုးရတဲ့နှုတ်ခမ်းပါးလေးကနေထွက်လာသည့်စကားက မုန်းတယ် တဲ့လား}

"သွေးစစ်ဆေးချက်အဖြေထွက်လာပါပြီ Hyunjun Hur shi"

"ဟုတ်ကဲ့ အဲ့တာJaehyun Hyungရဲ့သွေးမဟုတ်ဘူးမလား!!"

"မဟုတ်ပါဘူး Lee Jaehyun အဖေဖြစ်သူရဲ့သွေးပါ ဒါပေမဲ့ထွက်တဲ့သွေးပမာဏကအနည်းငယ်ပဲမလို့ ကြည့်ရတာ အထိုးခံရလို့ထွက်လာတဲ့သွေးစလောက်ပါပဲ သေစေနိုင်တဲ့ပမာဏမဟုတ်ပါဘူး"

"ဟူး.....တော်ပါသေးတယ်....ဒါဆိုသူတို့ဘယ်လိုကနေဘယ်လိုဖြစ်ပြီးအခုလိုပျောက်ဆုံးနေရလည်းဆိုတာရော..."

"အဲ့တာကတော့ ကျွန်တော်တို့တစ်ချက်စုံစမ်းပေးပါ့မယ်....အခုလောလောဆယ်တော့Lee Jaehyunတို့မိသားစုကပျောက်ဆုံးနေဆဲဖြစ်တာရယ် ဘာအစနမှမကျန်ခဲ့တာကြောင့်ကျွန်တော်တို့လည်းကောက်ချက်ချဖို့အရမ်းစောနေသေးလို့ပါ"

"ဟုတ်ကဲ့ပါ ဒါဆိုအတတ်န်ိုင်ဆုံးကြိုးစားပြီးရှာပေးပါလို့တောင်းဆိုချင်ပါတယ် ရဲမှူးကြီး"

"ဟုတ်ကဲ့ပါဗျာ....ကျွန်တော်တို့ဖက်ကအတတ်နိုင်ဆုံးတာဝန်ယူပေးပါ့မယ်"

သွေးစတွေကJaehyunဟာမဟုတ်လို့တစ်ထစ်တော့စိတ်ချသွားပေးမဲ့ခုချိန်ထိအစနပျောက်စွာပျောက်ဆုံးသွားတာကြောင့်လူံးဝကြီးတော့စိတ်ချလို့မရသေးချေ။

Hyunjunလည်းပြန်ထွက်ခါနီးမှတစ်ခုခုကိုသတိရသွားသောဟန်ဖြင့်

"အာ...ရဲမှုးကြီး!"

"ဟုတ်ကဲ့ပြောပါခင်ဗျ"

"ဖုန်းကနေတစ်ဆင့်ခြေရာခံလို့ရတယ်မလား"

"ဟုတ်ကဲ့ GPSဖွင့်ထားမယ်ဆိုရင်တော့ရပါတယ်"

"ဒါဆိုလေ....ကျွန်တော်အဲ့နေ့ကJaeအိမ်ကိုမသွားခင်ဖုန်းဆက်ကြည့်သေးတယ် အဲ့တာပထမတစ်ခေါက်ဝင်သွားပေမဲ့နောက်ခေါက်ကျတော့စက်ပိတ်သွားတယ်"

"ဒါဆို.....ကျွန်တော်ခန့်မှန်းမိသလောက်တော့Lee Jaehyunကိုပြန်ပေးဆွဲသွားတဲ့သူကချလိုက်နေမှာ"

ရဲမှူးကြီးပြောသောစကားကိုHyunjunကအလန့်တစ်ကြားဖြင့်

"ဗျာ!!! ပြန်ပေးဆွဲတယ်?"

Redamancy - Jumil (Complete) Donde viven las historias. Descúbrelo ahora