Chapter 35

38 6 2
                                    

{မရေရာခြင်းပေါင်းများစွာနဲ့အတူ}

ခြောက်ကပ်နေပါသောတောလမ်း၏လမ်းမပေါ်၌ရွေ့လျားသွားနေသောကားတစ်စီးပေါ်တွင် တိတ်ဆိတ်ခြင်းကနေရာယူလျက်ရှိသည်။ မောင်းနှင်သူနေရာတွင်ရှိနေသည့်ကောင်လေးကလည်းတစ်ဖက်ကိုလှည့်လှည့်ကြည့်ပြီးသက်ပြင်းချရုံမှတစ်ပါးမတတ်နိုင်။

ဘေးတွင်လိုက်ပါလာသည့်ကောင်လေးဟာလည်းကားမှန်မှတစ်ဆင့်အပြင်ကသစ်ပင်တွေကိုအကြောင်းမဲ့စွာကြည့်ရင်းမျက်နှာဟာတည်လို့နေသည်။

သိပ်မကြာလိုက် သွားလိုရာ စံအိမ်သို့ရောက်ရှိတော့Juyeonကားပေါ်မှအရင်ဆင်းလိုက်ပြီးတစ်ဖက်မှJaehyunကိုသွားခေါ်သည်။ ထိုစဥ်သူတို့အနားသို့နောက်လိုက်တစ်ယောက်လာပြီးJaehyunကိုခေါ်မည်လုပ်တော့..

"Jaeကိုငါတစ်ယောက်တည်းပဲထိမယ်!!! မင်းတို့ထိစရာမလိုဘူး!!!"

Juyeonမှငေါက်လိုက်တော့နောက်လိုက်ဖြစ်သူမှတောင်းပန်ကြောင်းပြောကာမြန်မြန်ထွက်သွားလေသည်။

"Jaeကို ကိုယ်ခေါ်သွားပေးမယ်နော်"

ဟုပြောကာ ကားပေါ်မှာထိုင်နေသည့်Jaehyunအား Juyeonမှပွေ့ချီလိုက်တော့ဟိုကဘာမှပြန်ပြောခြင်းမရှိ။Juyeonလည်းJaehyunကမငြင်းသည်မလို့အဲ့အတိုင်းပွေ့ချီပြီးအရင်Jaehyunကိုထားရာအခန်းထဲသို့ခေါ်သွားသည်။

"Jae...တောထဲသွားထားလို့ထင်တယ် တစ်ကိုယ်လုံးပေကျံနေတာပဲ...ကိုယ်လက်သန့်စင်လိုက်မလား....ကိုယ်ကူပေးမယ်နော်..."

ဆိုကာရေချိုးခန်းထဲခေါ်သွားသည်။ သေချာပေါက်ရေချိုးခန်းထဲကပြတင်းပေါက်ကတော့အပြင်ကနေပိတ်ထားပြီပေါ့။

Juyeonကိုယ်တိုင်ခေါင်းလျှော်ပေး ကိုယ်လက်သန့်စင်ပေးနဲ့ တစ်ယုတစ်ယလုပ်ပေးရှာပါသည်။ Jaehyunကတော့ဘာတုံ့ပြန်မှုမှမရှိဘဲမျက်နှာအတည်ဖြင့်ပင်Juyeonအားကြည့်နေမိသည်။

သူJuyeonအပေါ်စိတ်ဖြတ်နိုင်အောင်ထွက်ပြေးလာခဲ့တာလေ....အခုတော့ထွက်ပြေးတာမအောင်မြင်သည့်အပြင်Juyeonပြုစုယုယတာတွေပါသူခံပေးရနေသည်။

ခေါင်းလျှော်ပြီးသွားတော့လည်းJaehyunကိုကုတင်ခြေရင်းမှာထိုင်ခိုင်းပြီးJuyeonကလေမှုတ်စက်ဖြင့်ဆံပင်ခြောက်အောင်လုပ်ပေးပြန်သည်။

Redamancy - Jumil (Complete) Unde poveștirile trăiesc. Descoperă acum