{ မထင်မှတ်ထားပါသော }
Jaehyunတစ်ယောက်ကျောင်းကနေဆင်းပြီးအိမ်ပြန်ရောက်ကတည်းကသူ့ရဲ့မူမမှန်နေသည့်နှလုံးသားလေးအားလုံးဝလျစ်လျူရှု၍မရသေးချေ။
သူ့ဘက်ကစနမ်းမိတာဟုတ်ပေမဲ့လည်းသူကပဲပို၍တောင်ရှက်နေသလိုပင်။စောနကJuyeonစက်ဘီးပေါ်ကဆင်းပြီးနှုတ်ဆက်တော့သူ့မှာJuyeonမျက်နှာတောင်သေချာစေ့စေ့မကြည့်ရဲ။အမြန်နှုတ်ဆက်ပြီးအမြန်အိမ်ထဲဝင်လာခဲ့ရသည်။
Juyeonစာမေးပွဲမှာအဆင့်တက်လာတော့သူဒီလိုလေးနမ်းဖို့ကိုတွေးမိပါခဲ့သည်။အတွေးထက်လက်တွေ့ကပိုခက်ခဲနေမယ်မှန်းJaehyunသတိမထားမိခဲ့တာလား။လျှော့တွက်မိခဲ့တာလားတော့မသိ။
ယခုသူ့နှလုံးသားထဲမှာတော့ဆိုင်ကလုန်းမုန်တိုင်းတိုက်နေသည့်အလားပင်ဂနာမငြိမ်တွေဖြစ်ရပါတော့သည်။ရေသောက်လည်းမရ။ထလိုက်ထိုင်လိုက်လုပ်တော့လည်းမရ။ညစာချက်ကူတော့လည်းဆားနဲ့သကြားတွေမှားထည့်လို့ထည့်။တစ်ခါမှမဖြစ်ဖူးခဲ့သည့်ကြက်ဥကြော်ကလည်းတူးလို့တူးနဲ့။စိတ်နဲ့လူနဲ့လည်းမကပ်ချေ။
အိမ်အကူမမကတောင်မနည်းတားယူရသည့်အဖြစ်မလို့Jaehyunဆိုဖာပေါ်မှာပဲငြိမ်ငြိမ်လေးထိုင်ကာနေမိသည်။ထိုင်နေသည်ဆိုပေမဲ့စိတ်ကတော့ဘေးအိမ်ကတစ်ယောက်သူလေးဆီမှာသာ။
"သူကော.....ဒီအချိန်ဘယ်လိုဖြစ်နေလောက်မှာလည်း......ငါနမ်းတာခံရလို့ငါ့လိုပဲစိတ်လှုပ်ရှားနေမလား?"
Jaehyunတွေးမိပါသည်။ဒါတောင်ပါးလေးကိုပဲနမ်းမိတာနော်။သူတွေးနေတဲ့တစ်ခြားနေရာများသာနမ်းရင်းအမလေး....ဘုရားဘုရား။
Jaehyunတစ်ယောက်သူ့အတွေးထဲကိုဝင်ရောက်လာသည့်အတွေးတစ်ခုကြောင့်တစ်ကိုယ်လုံးကျဥ်စက်နဲ့တို့လိုက်သည့်နှယ်တုန်တတ်သွားပြီးခေါင်းကိုလည်းခါကာအတွေးကိုမြန်မြန်မောင်းထုတ်လိုက်ရပါသည်။
....................တစ်ဖက်အိမ်မှာတော့......
Juyeonတစ်ယောက်ထုံးစံအတိုင်းသူ့ပထွေးရယ်သူ့ရယ်အတွက်ညစာလုပ်နေရပါသည်။သင်ပေးမဲ့သူလည်းမရှိခဲ့ ဒီလိုပဲမလုပ်တတ်လို့အရိုက်ခံရရင်းနောက်တစ်ခါအရိုက်မခံရအောင်ဆိုကာမနည်းကိုသူ့ဟာသူကြိုးစားပြီးချက်ခဲ့ရသည်မလို့ဟင်းတွေများများစားစားမချက်တတ်ပေမဲ့စားလို့ရလောက်သည့်အထိတော့သူလုပ်တတ်ပါသည်။
YOU ARE READING
Redamancy - Jumil (Complete)