Chapter 21

54 9 10
                                    

{ ဝေးကွာဖို့အတွက်ချစ်ခဲ့လေခြင်းတော့မဟုတ်ပေမဲ့လည်း.......}

​ဆောင်းရာသီရဲ့လေပြေတွေဟာညတုန်းကတစ်စုံတစ်ယောက်သောသူလာခဲ့ပြီးပြန်ထွက်ခဲ့သောကြောင့်ဖွင့်ထားမိသည့်ပြတင်းပေါက်မှတစ်ဆင့်ကုတင်ထက်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောကောင်ငယ်လေးပေါ်သို့ကျရောက်လာသည့်အခါမှာအေးစက်မှုကြောင့်နိုးထလာခဲ့သည်။

စောင်နဲ့ ဖွင့်ထားသည့်heaterရဲ့အနွေးဓာတ်ကိုခံစားမိပေမဲ့တစ်ယောက်သောသူရဲ့ရှိနေရမည့်အငွေ့သက်ကိုမခံစားမိချေ။ဒါကြောင့်အိပ်ချင်နေသေးသည်ကိုပင်လျစ်လျူရှုကာထကြည့်လိုက်တော့သူ့ဘေးမှာရှိနေရမည့်သူကမရှိတော့လေပြီ။

"Juရေ!!!!"

မတွေ့တော့လန့်သွားပေမဲ့ခနtoiletသွားတာဖြစ်မှာပါလေဆိုပြီးဖြည့်တွေးကာထကြည့်ပြန်တော့လည်းဘယ်မှာမှရှာမတွေ့။

မဟုတ်လောက်ပါဘူးနော်......Juကသူ့ကိုမနေ့ညကပြောတဲ့အတိုင်းထွက်သွားတာမျိုးမဟုတ်လောက်ပါဘူးနော်။

ပါးပြင်ပေါ်တွင်လှိမ့်ဆင်းလာသည့်မျက်ရည်စီးကြောင်းတို့ကိုအကြမ်းပတမ်းသုတ်ပစ်ကာမတွေ့သောသူကိုပဲရှာနေမိသည်မှာအရူးတစ်ယောက်နှယ်။

ထိုစဥ်ခုံပေါ်တွင်ထားခဲ့သည့်စာရွက်ဖြူလေးတစ်ခုအားမျက်စိရောက်မိလေသည်။အလျင်မြန်ပဲဖွင့်ကာကြည့်လိုက်တော့နှစ်ယောက်မရှိပါသောချစ်ရတဲ့သူရဲ့လက်ရေးမူနဲ့ရေးထားသည့်စာများ။

" Jae......ကိုယ်တောင်းပန်ပါတယ် မဖြစ်မနေလုပ်လိုက်ရတာမလို့ပါ။ ကိုယ့်ကိုလိုက်ရှာဖို့လည်းမကြိုးစားပါနဲ့။အချိန်တန်ရင်ကိုယ်Jaeဆီပြန်လာပြီးကတိပေးထားခဲ့သလိုကိုယ်တို့အတူတူနေကြမယ်နော် ချစ်တယ်Jae"

သူ့ရဲ့နာမည်လေးနဲ့ပဲအစပြုခဲ့ပြီးထိုနာမည်လေးနဲ့ပဲအဆုံးသတ်ခဲ့သည့်စာတစ်ပိုဒ်လေးဟာJaehyunအဖို့တော့မျက်ရည်မဆည်နိုင်ဖြစ်ဖို့ရန်လုံလောက်နေခဲ့ပါသည်လေ။

ချစ်တယ်တဲ့။ Juကသူ့ကိုချစ်တယ်တဲ့။ အဲ့စကားလေးကိုအတူတူရှိနေတုန်းကပြောပါဦးလားJuရယ်။ အခုတော့စာလေးနဲ့ပဲရေးသွားခဲ့တာနားနဲ့ကိုယ်တိုင်မကြားနိုင်တော့ဘယ်ကျေနပ်နိုင်ပါ့မလည်း။ သူJuyeonကိုထားခဲ့လို့ဆိုပြီးပဲစိတ်ဆိုးပစ်ရမလား။

Redamancy - Jumil (Complete) Where stories live. Discover now