Namwon မြို့နယ်၊ ပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနတွင် ဆရာဝန်အချို့နှင့် သူနာပြုများ အလုပ်ရှုပ်လျက်ရှိကြသည်။
တော်ရုံ ကြီးကြီးမားမားမဖြစ်တတ်သည့် မြို့နယ်ပိုင်းလေးက အခုလို နှလုံးရှိရာနေရာတွင် သေနတ်ပစ်ခံထိထားတော့ ကျွမ်းကျင်သည့် ဆရာဝန်များတောင် ချွေးတစ်လုံးလုံးဖြင့် ကြိုးစားနေကြရသည်။
ခွဲစိတ်ခန်းအတွင်းမှာ သတိလစ်မေ့မျောနေသော သေနတ်ပစ်ခံထိထားသည့် ကောင်လေးဟာလည်း အပြင်ဘက်လောကတွင် ဘာဖြစ်နေမှန်းမသိ။
ခွဲစိတ်ခန်း၏ အပြင်ဘက်တွင် စောင့်နေသော ကောင်လေးသုံးယောက်သည်လည်း အခြေအနေကိုစိုးရိမ်လျက်ရှိသည်။
Jaehyun တစ်ကိုယ်လုံးနီးပါးတွင် Juyeon၏ သွေးတို့ ပေနေခဲ့ပြီး ထိုအရာများကို ဆေးကြောဖို့လည်း မတွေးမိခဲ့။ သူအခုစိုးရိမ်နေသည်က Juyeonကိုပင်။ ခေါင်းထဲမှာ Juyeonတစ်ယောက်ကို စိုးရိမ်ခြင်းတွေသာလျှင် ကြီးစိုးနေတာကြောင့် Younghoonက စိတ်အေးအေးထားပြီး ထိုင်ခိုင်းတာတောင် သူအာရုံမရချေ။
" Jaehyun! ခဏလောက် ထိုင်လိုက် မင်းစိတ် တည်ငြိမ်ဖို့လိုတယ် "
" ငါဘယ်လိုလုပ် စိတ်တည်ငြိမ်နိုင်မှာလဲ!! Juyeonက သေရေးရှင်ရေးဖြစ်နေတာ ငါကဘာလို့ စိတ်ကိုတည်ငြိမ်အောင် ထားရမှာလဲ!! "
Younghoonလည်း Jaehyunကို ပြောမရတော့မယ်မှန်းသိတာမလို့ လက်လျှော့လိုက်ပြီး ဆရာဝန်ထွက်လာသည်ကိုပဲ အတူတူစောင့်ဆိုင်းနေလိုက်တော့သည်။
နာရီလက်တံတွေ တစ်ရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ခွဲစိတ်ခန်းထဲမှ ဆရာဝန်ဟာ အခုထိထွက်မလာသေးတာမလို့ Jaehyunရဲ့ စိုးရိမ်စိတ်တို့ ပိုမိုမြင့်တက်လာရသည်။
အချိန်အားဖြင့်လည်း ငါးနာရီကြာနေပြီမဟုတ်ပါလား။ အခုလောက်ဆို ထွက်လာသင့်နေပြီး Juyeonဘာမှ မဖြစ်ကြောင်း ပြောသင့်နေပြီလေ။ သို့ပေမဲ့ ဆရာဝန်၏ အရိပ်အယောင်လေး တစ်စွန်းတစ်စတောင်မှ မမြင်ရသေးချေ။
အနားရှိ Hyunjunမှာလည်း Juyeonအတွက် စိတ်ပူနေသည့် Jaehyunကိုကြည့်ကာ စိတ်မကောင်းလျက်ရှိသည်။ Jaehyunကို ဝမ်းမနည်းစေချင်ခါမှပဲ အခုလိုတွေဖြစ်လာရတယ်လို့။
![](https://img.wattpad.com/cover/289969588-288-k701272.jpg)
YOU ARE READING
Redamancy - Jumil (Complete)