{ ဂရုဏာသက်မှုကနေဖြစ်တည်လာသောအချစ်သံယောဇဥ်ကြိုးလေးတစ်ခု }
"Juရေ......အလုပ်ဆင်းရင်ရပ်ကွက်ထဲကကစားကွင်းထဲမှာသွားဆော့ရအောင်"
"ဟုတ်ပါပြီ...."
Jaehyunတစ်ယောက်ခါတိုင်းလိုကျူရှင်ဆင်းသည်နှင့်Juyeonအလုပ်ဆီလာပြီးဘေးကနေပူဆာနေခြင်းဖြစ်သည်။Juyeonကလည်းမုန့်ထုတ်တွေပြန်စီနေရင်းသူ့ဘေးမှာစကားတွေတစ်တွတ်တွတ်ပြောပြီးဟိုပူဆာဒီပူဆာလုပ်သည့်Jaehyunလေးအားလည်းမငြီးမငြူပြောသမျှအကုန်လုပ်ပေးရှာသည်။
"Ju...စာကောလုပ်ပြီးပြီလားနောက်လကျရင်စာမေးပွဲရှိတယ်နော်"
"အင်းပါ...လုပ်နေပါတယ်"
"လုပ်နေတာမှန်ရင်ဒီတစ်ခေါက်တော့အဆင့်တက်မယ်ပေါ့"
"အယ်........1 to 15ဝင်ပါတယ်"
Jaehyunသက်ပြင်လေးခပ်ဖွဖွချလိုက်ပြီး
"အဲ့ထက်ပိုများအောင်လုပ်လေ"
"လုပ်မှာပါ....ပိုကြိုးစားပါ့မယ်"
"Juကတော်ပါတယ်ကွာ......ဒီလိုလုပ်....အကယ်လို့Juလာမဲ့စာမေးပွဲမှာ 1 to 10ဝင်ခဲ့ရင်Jaeကလက်ဆောင်ပေးမယ်"
"တစ်ကယ်လား...ဘာပေးမှာလည်း"
"မပြောပြဘူး"
"ဒါဆိုရင်တော့...စာပိုလုပ်မှရတော့မယ်"
"အင်း...ညကျရင်Jaeဆီလာလိုက်လေ....စာအတူတူလုပ်ကြမယ်"
"Okလေ"
Jaehyunကစာတော်ပေမဲ့Juyeonကျတော့ဉာဏ်ကောင်းပြီးစာတော့သိပ်မလုပ်ခြင်းဖြစ်သည်။ဒါကိုJaehyunကသိတော့Juyeonအားပိုပြီးစာကြိုးစားအောင်လုပ်ပေးလေ့ရှိသည်။
Juyeonကောင်တာဘက်ကိုပြန်ရောက်တော့စျေးဝယ်သူလာနေ၍Jaehyunလည်းတစ်ခြားမုန့်တန်းတွေဘက်ရောက်သွားသည်။ထိုစဥ်ဆိုင်ထဲမှာအလယ်တန်းအရွယ်လောက်ရှိမည့်ကောင်လေးတစ်ယောက်နှင့်အတူသူ၏အဖေဖြစ်ပုံရသည့်လူတစ်ယောက်ကဝယ်ထားသည့်မုန့်များအားကောင်တာတွင်လာရောက်ငွေရှင်းလေသည်။
KAMU SEDANG MEMBACA
Redamancy - Jumil (Complete)