Chapter 36

46 10 3
                                    

~ အချိန်အကြာကြီးချစ်ခဲ့ရတဲ့သူကိုမချစ်တော့ဖို့ကခက်ခဲလှတယ်...တော်ပါသေးရဲ့ ကံကြမ္မာကသူတို့နှစ်ဦးအပေါ်အဆုံးစွန်ထိမရက်စက်
တော့လို့ ~

ဆောင်းဦးရာသီမနက်ခင်းရဲ့နေရောင်ခြည်ဟာအပြာနုရောင်အခန်းထဲကကုတင်ထက်တွင်ထိုင်နေသည့်ကောင်လေးရဲ့နောက်ကျောသို့ဖြာကျနေလျက်ရှိသည်။

အစပိုင်းတော့သိပ်မသိသာလှပေမဲ့အနည်းငယ်ကြာသောအခါနောက်ကျောမှပူလာသည်ကိုခံစားမိသောကြောင့်နေရောင်ဖြာကျနေသည့်ပြတင်းပေါက်အားပိတ်ရန်ထလာလိုက်သည်။

ပြတင်းပေါက်တွေအကုန်လုံးကတံခါးအပိတ်အဖွင့်တော့လုပ်လို့ရပေမဲ့အရင်တစ်ခါသူထွက်ပြေးထားဖူးတော့အပြင်မှတစ်ထပ်ကာထားလေသည်။

ပြတင်းပေါက်ကနေအောက်ဘက်တစ်နေရာမှလူအရိပ်ယောင်တွေ့လိုက်သဖြင့်လှမ်းကြည့်လိုက်တော့ ဆေးလိပ်သောက်နေသည့်Juyeonကိုတွေ့လိုက်ရသည်။

"ဒီကောင်တစ်ကယ်ဆေးလိပ်​သောက်တာမလျှော့ဘူးပဲ"

Jaehyunဒီအိမ်မှာအဖမ်းခံထားရစဥ်ကာလအတွင်းJuyeonအရက်သောက်တာ ဆေးလိပ်သောက်တာစသဖြင့်လုပ်တာတွေကိုသူခနခနမြင်တွေ့နေရသည်။

စိတ်ပူခြင်းဆိုပေမဲ့ထိုကဲ့သို့ခေါင်းစဥ်မတပ်ချင်ခြင်းကြောင့်အမြင်မတော်၍​တွေးတာဟုသာသတ်မှတ်လိုက်တော့မည်။

သို့ပေမဲ့...Juyeonနဲ့သူနဲ့စကားမပြောတာ...မဟုတ်ဘူး...မျက်နှာချင်းတောင်ဖြစ်တာသုံးရက်လောက်ရှိနေပြီဖြစ်သည်။ သူထွက်ပြေးပြီးပြန်မိလာသည့်ညနေကပြောလိုက်သည့်စကားတွေကြောင့်လားမသိ။

Juyeonကအရင်လိုအခန်းထဲလည်းမလာဖြစ်တော့သလိုစကားလည်းမပြောတော့ပေ။ အခန်းထဲမလာဖြစ်မှတော့စကားပြောဖို့ရန်နေနေသာသာမျက်နှာချင်းတောင်မဆုံရ။

ထိုကဲ့သို့ဖြစ်နေတော့လည်းJaehyunဘယ်ဘက်ရင်အုံတစ်နေရာကအနည်းငယ်နာကျင်လို့နေသည်။

"မနက်စာလာပို့တာပါ"

တံခါးဖွင့်သံကြား၍လှည့်ကြည့်လိုက်တော့လည်းအရင်ရက်ကလိုလူတစ်ယောက်သူ့အားစားစရာလာပို့ပေးခြင်းဖြစ်သည်။ထိုလူမထွက်သွားသေးခင်

Redamancy - Jumil (Complete) Onde histórias criam vida. Descubra agora