အပိုင်း ၅၇

2.6K 95 1
                                    

(unicode)

ဒေါင်းမာန်လက်မှနာရီကိုကြည့်လိုက်လျှင် အချိန်သည်ကား

" ကလေးငယ်ခြံတွင်းလမ်းလျှောက်ချိန်တောင်ရောက်တော့မယ် "

နှုတ်မှတိုးတိုးရွတ်လျက် ကလေးငယ် လက်ရှိနေ ထိုင်ရာသို့ ထွက်ခဲ့လိုက်သည်။ ခြံဝင်းကြီးငယ်တို့ဖြင့် တိတ်ဆိတ်နေသောလမ်းတစ်လျှောက် ကားမောင်းဝင်လာပြီး ကလေးငယ်ရှိနေသော ခြံဝင်းရှေ့မရောက်ခင်တွင် ကားရပ်လိုက်သည်။

စွယ်သော်လင်းသည် ခြံဝင်းငယ်လေးထဲ လမ်း လျှောက်နေပေသည်။ အမေဖြစ်သူအုပ်ထိန်းမှုအောက်မှာပဲ နေထိုင်ခဲ့သည်မှာ အချိန်ကြာသွား ၍ထင် ကိုယ်တိုင်က အလုပ်ပင်တစ်ခါမှ မလုပ်ဖူးခဲ့ပေ။ မိခင်ထံမှ လိုသလောက်ရခဲ့နေ၍ အရေးမပါလှသောအချစ်ရေးကိစ္စတို့တွင်သာ အချိန်ကုန်မိခဲ့ပေ၏။

ယခုမှာမူ မထင်မှတ်ဘဲ မမျှော်လင့်ထားသောဘဝအလှည့်အပြောင်းကြောင့် ယောက်ျားတစ်ဦးသော်ဖြစ်နေသော်ငြားလည်း ဗိုက်တစ်လုံးနှင့်ဖြစ်ရပြန်သည်။ သို့​သော်လည်း ထိုဗိုက်အတွင်းမှသန္ဓေသား၏ဖြစ်တည်မှုကို ကိုယ်တိုင်က ကျေကျေနပ်နပ်လက်ခံခဲ့ခြင်းလည်း ဖြစ်၏။

" ဖေဖေ့ကလေးလေးက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရမယ်နော်။ ဖေဖေအတွက် ဦးလေးနေ့သစ်က အလုပ်ရှာပေးနေတယ် "

မသိသာသေးသော တစ်နည်းအားဖြင့် မထင်ရှားသေးသော ဗိုက်ချပ်ချပ်လေးကိုအသာပွတ်သပ်လျက် စကားဆိုဖြစ်သည်။

" ဖေဖေ့ကလေးလေးက ကျန်းကျန်းမာမာလေးထွက်ခဲ့နော်၊ အင်း ကြားလား မကြားရသေးဘူးလား "

နှုတ်ခမ်းလေးစူထော်လျက် ပွစိပွစိစကားပြောနေသူထံကြည့်နေလျက် ဒေါင်းမာန်အသည်းယားနေမိသည်။ အုတ်တံတိုင်းလေးပင် မခြားနေလျှင် ဒေါင်းမာန် ဘာလုပ်မိလိုက်မယ်ဆိုတာ မသိလေအောင် ချစ်ဖို့ကောင်းနေသူကိုငေးလျက်သာ ဖြေသိမ့်နေရပေသည်။

စွယ်သော်လင်းဗိုက်ကို အသာပွတ်သပ်စကားဆိုနေလျက်မှ ခြံပြင်ဘက်သို့ကြည်လိုက်လျှင် မြင်လိုက်ရသူကြောင့် ထိုင်ရာမှအိမ်ထဲပြန်ဝင်ရန်ခြေလှမ်းပြင်လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now