အပိုင်း ၆၈

2.3K 77 0
                                    

(unicode)

" Cheers × 9 ..."

နာမည်ကြီးဟိုတယ်တစ်ခု၏သီးသန့်စားသောက်ခန်းထဲ၌ လူတစ်စုပျော်ရွှင်စွာ စားသောက်နေကြသည်။ ဆယ်ကျော်သက်အရွယ် ကောင်မလေး ၅ ယောက်၊ ကောင်လေး ၃ ယောက်တို့အပြင် အပြုံးချိုချိုဖြင့်ထိုင်နေသူ လူကြီးပိုင်းတစ်ဦး။

" ဦးလေးလည်း နည်းနည်းသောက်လေ "

လိမ္မာ်ရည်ခွက်ရှေ့ချထိုင်နေသော လူကြီးဖြစ်သူ
အား အသက် ၁၇ ကျော်ကျော်ကောင်မလေးတစ်ယောက်မှ အ​ခြားသူများနည်းတူ အဖျော်ယမကာအနည်းငယ်ပါ သောက်ရန် စကားစလိုက်သည်။

" ဟေ့ ဟေ့ ငါ့ဖေဖေကို မစွယ်နဲ့။ daddyနဲ့ တိုင်ပြောလိုက်မှာနော် "

ဖေဖေအား အရက်သောက်ရန် စကားဆိုလိုက်သော သူငယ်ချင်းဖြစ်သူအမြန်တားလိုက်ရသည်။ သမီးဖြစ်သူအပြောကြောင့် လူကြီးအားသတိရစိတ်တို့ပင် ဖြစ်ရသည်။

" ရတယ် ရတယ်။ ဦးလည်း တစ်ခွက်တလေသောက်လို့ရပါတယ် "

စွယ်သော်လင်းသည်လည်း " ကျွန်တော် " ဟုနာမ် စားသုံးပြောသည်အရွယ်မှ ယခုဆိုလျှင် " ဦး " ဟု နာမ်စားသုံးပြောရမည်အရွယ်တို့ ရောက်လာလေပြီး။ သမီးဖြစ်သူ " ယသော်ငယ်ငယ် " မှာလည်း ၁၈ နှစ်ပြည့်တင်းတင်းခဲ့ပြီး ဖြစ်သည်။

" မရပါဘူး။ daddy သိရင် ယယဆူခံရမယ်။ နင်တို့ကလည်း ကိုယ့်ဘာသာသောက်ကြလေ။ ဖေ ဖေကိုတော့ လွတ်ထားပေးစမ်းပါ။ ခဏနေ daddy က လာရှာတော့မှာကို "

" ဘာလို့လဲ ယသော်။ နင့်အဖေတစ်ယောက်လုံးပါတာတောင်မှ နင့်daddy က လာကြိုအုန်းမယ်ဆိုတော့ နင်ကံကောင်းလိုက်တာဟာ။ ငါတို့မောင် နှမကတော့ ဘယ်ချိန်ပြန်ပြန်ပဲ "

သူငယ်ချင်းဖြစ်သူ၏ပြောစကားကို ကြားလျှင်

" ငါလည်း ဘယ်ချိန်ပြန်ပြန်ပါပဲ။ daddy လာကြိုမှာက 'ယသော်ငယ်ငယ်' ဆိုတဲ့ ငါကိုမဟုတ်ဘူးဟ။ ဖေဖေကိုဟ၊ သိပြီးလား "

" woow × woow 5 "

ကလေးတွေအပြောကိုနားထောင်လျက် စွယ်သော်လင်းပြုံးမိသည်။

" daddy ကလေ ဖေဖေကို မျက်စိအောက်ကအပျောက်ကို မခံတာ။ အလုပ်ကပြန်လာရင် အရင်ဆုံးရှာတာက ဖေဖေကိုပဲ၊ ငါကိုဆို ရှိတယ်လို့ကို ထင်တာမဟုတ်ဘူး "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now