➡Ep2 ➡

933 66 14
                                    

တစ်စုံတစ်ယောက်  ရှိမှန်းသိပေမယ့် ရှာလို့မတွေ့ခဲ့တဲ့
လူကို စွဲလမ်းရင်း နေ့ရက်တိုင်းက ပဟေဠိ ဖြေရှင်းရသလို
မေပယ်လ်ငယ် ရှိတဲ့ အရပ်ကို ရှာရတာ ဟာ သိပ်ခက်ခဲလွန်းခဲ့တယ် ဒါပေမယ့် မနက်ဖြန် ဆိုတာ ရှိနေသေးသရွေ့ တော့ တွေ့ကောင်းတွေ့နိုင်ပါရဲ့...

ဆိုးလ်မြို့ရဲ့ ညခင်း အလှကိုကြည့်ရင်း တစ်နေ့တာ အလုပ်များကို ခဏ ဥပေက္ခာ ပြုထားကာ သွားမိသည်က
ရပ်ကွက်ထဲ သို့ ဖြစ်သည် တနေကုန်
အလုပ်မှာထိုင်ခဲ့သမျု ညဘက် ပြေးလွှားရင်း ရပ်ကွက်ထဲသို့
လည်ပတ်ခြင်း စတင်ခဲ့သည်

လူချမ်းသာများရော အတော်အသင့် လူများရော အစုံရှိသည့်
ရပ်ကွက်ထဲ မို့ လူစည်ကားသည် ထိုလူစည်ကားမှုကို
အားဖြည့်ပေးနေသည်က ညဘက် ဖွင့်သော အကင်ဆိုင်များ
မုန့်ဆိုင်များ နှင့် ညဈေး က ပျော်ဖို့ကောင်း သည်

ငယ်ကတည်းက ကြိုက်ခဲ့သော တော့ပိုကီအား ဂျောင်ကုတစ်ယောက် ဝယ်ခဲ့ရင်း အိမ်သို့ပြန် ရန် ပြင်တော့
အနောက်အလှည့်တွင် ဝင်တိုက်မိသော လူတစ်ယောက်
တစ်ကိုယ်လုံး အဖြူကိုသာဝတ်ဆင်ထားပြီး ဦးထုပ်ကိုငိုက်ငိုက်စောင်းထားသဖြင့် ရုပ်ကိုတော့ သိပ်မမြင်ရ
သူတိုက်လိုက်မိတဲ့ အရှိန်နဲ့ လဲသွားသည့် ထိုကောင်လေး အားမထူပေးတော့ တိုးတိုးလေး ထွက်လာသော ကျေးဇူးတင်စကား တဆက်တည်း ရလိုက်တဲ့ ပန်သီးစိမ်း
ရေမွေးနံ့လေး က စိတ်ကိုကြည်သွားစေသည်

'' ရရဲ့လား ခြေထောက် တွေ ဘာတွေ နာသွားလား ''

'' အင်း ရပါတယ် မနာဘူး ''

'' ဒါပေမယ့် အကျီ်တွေ စွန်းကုန်ပြီ မမြင်လိုက် မိလို့ ရရဲ့လား
မသိဘူး ''

'' အင်း အဆင်ပြေပါတယ် ဒီလောက်လေးစွန်းတာဘဲ ''

'' အခု တော့ပိုကီလာဝယ်တာမလား ကျွန်တော် ဝယ်ကျွေးပါ့မယ် ''

'' ရပါတယ် ''

သူပြောလိုက်တော့ တော့ပိုကီအားဆက်မှာနေရင်း သူ့ကိုမကြည့်သောထိုကောင်လေးအကျီအဖြူတစ်ခုလုံးသူလုပ်လိုက်လို့ စွန်းသွားသည့်တိုင် ဒေါသထွက်တဲ့ အငွေ့အသက်
တောင် မရှိသော ထိုကောင်လေး ဦးထုပ်ကို အပေါ်ပင့်တင်
လိုက်တော့ ထွက်လာတဲ့ မျက်ဝန်းလှလှလေးများ ကြောင့် 
ခဏတော့ သတိလက်လွတ်ငေးနေမိသည်

Differently [ongoing] Where stories live. Discover now