➡Ep13 ➡

400 41 8
                                    

တစ်နေကုန် ကောင်လေးနဲ့ ဖုန်းပြောဖြစ်ကြရင်း အလုပ်လုပ် ရင်းပြုံးမိသည်က အကြိမ်ကြိမ်ညနေကျ ပါတီသွားရမည်ကိုတွေးတော့ ဖုန်းထဲက ကောင်လေးကိုအားနာသွားရသည် ကိုယ့်ပါတနာက မင်းပါဘဲကောင်လေးရယ် ဒီတစ်ခါတော့ ကိုယ် မဖြစ်မနေမို့ပါ ကွယ် ။

လူချမ်းသာများ စီးပွားရေးနယ်ပယ်ကလူများ တက်ရောက်သည့် dinner ပွဲအတွင်း မီဒီယာ သမားများရော စုဝေးနေသည်မို့ မကြာခင် ဂျောင်ကုနဲ့နာရာဝင်လာတော့ ကင်မရာမီးများ တဖျက်ဖျက်နှင့်
မီဒီယာ များစုဝေးလာသည် ။

လတ်တလောကတက်ခဲ့တဲ့ ကောင်လေးနဲ့ ပုံများအစား နာရာနှင့်ပုံမျတက်လာမည်ကိုတွေးမိတော့ စိတ်ပျက်သွားရသည် ။ ''ဟိုနေ့က ပုံများအကြောင်းသာမေးနေသော မီဒီယာ များကြောင့် မျက်နှာတင်းမာလာသည့်ဂျောင်ကု '' ဒီလို ပုံစံအတိုင်းဆို သူ
သတင်းစာရှင်းလင်းပွဲလုပ်ရတော့မည် ။

မကြာခင်ထပ်ဝင်လာတဲ့ အနက်ရောင်ကားတစ်စီး သေးသွယ်တဲ့ ခန္ဓာကိုယ် နဲ့ မျက်နှာဖုံးတပ်ကာ ဝင်လာသည့် James ကလူအများရဲ့ အာရုံစိုက်ခြင်းကို ခံနေရသည် ခရမ်းရောင် suit ကထိုလူနဲ့လိုက်ဖက်စွာ ခန့်ညားနေပြန်သည် ။

'' ဒီပွဲကိုတက်လိမ့်မယ်လို့ မထင်ထားဘူး ''

'' အင်း ''

သူ့ကိုကျော်ကာ ထွက်သွား သည့် James က တခြားသူများနှင့် အနည်းငယ် စကားပြောကာ ထောင့်ကျကျဝိုငိးတွင် ဝင်ထိုင်လေသည် ။ မကြာခင် ဒီပွဲရဲ့
အဓိကဇာတ်လိုက် ဒုဝန်ကြီး ရောက်လာပြီး ဂျောင်ကုအဖေအား စကားပြောဖို့ လှမ်းခေါ်နေသည်မို့
သူပါလိုက်သွားရသည် ။

အားလုံး ဘဲ ဒီနေ့ပွဲမှာ ကြော်ငြာစရာတစ်ခုရှိပါတယ် မကြာခင်
Jeon group ကို ကျွန်တော့် သားအား တရားဝင် လွှဲပြောင်းတော့မှာဖြစ်ပြီး ယာယီစီအီးအိုနေရာကနေ အမှန်တကယ် စီအီးအို ရာထူးကို ရရှိတော့မှာ ဖြစ်သည် ။ ပြီးတော့ သားဂျွန်နဲ့ လိုက်ဖက်တဲ့ လက်တွဲဖော်ကိုလည်း မကြာခင် ကြော်ငြာတော့မှာမို့ ဆက်ပြီး အလုပ်တွဲလုပ်ပြီး
ကြိုးစားသွားကြတာပေါ့ ။

ဂျောင်ကုပင်မသိရသေးသော အကြောင်းအရာများပြောသွားသည်မို့ သူအံ့သြနေရသည် ပါတနာ သူမှာ ရှိနှင့်နေပြီးသားကို အဖေက ဘာလို့ထိုသို့ပြောလည်း အိမ်ရောက်မှမေးရန်ပြင်ကာ အလိုက်သင့်လေးနေမိသည် ။

Differently [ongoing] Where stories live. Discover now