➡Ep9 ➡

445 43 1
                                    

ခပ်ဆွေးဆွေးနံရံကို မျက်နှာမူရင်း နာရီလက်တံကို ဆွဲချလိုက်တော့ ထွက်ပေါ်လာတဲ့ အခန်းငယ်လေး
ထိုသူဝင်ရောက်လိုက်သည်နှင့် အလိုလိုပိတ်ကျသွားပြီး
မကြာခင် ထိုအခန်းငယ်အတွင်း၌ တိတ်ဆိတ်သွားခဲ့သည် ။

တန်ဖိုးကြီး ပန်းချီများကို ဝိုင်နီသောက်ကာ အရသာခံကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည် ထိုသူနှုတ်မှ
သြရှရှအသံလေးက '' ဘယ်လောက်ထွက်ပြေးပြေး
ပိုင်ရှင် အမှန်ဆီပြန်ရောက်လာတာပါဘဲ ''
လောဘသားတွေရဲ့ ထို့နောက် တော့ ကျေနပ်စွာပြုံးရင်း
ဥယျာဉ် ထဲသို့ လေညင်းခံထွက်ရန်သာ ဆုံးဖြတ်လိုက်သည် ။

တင်ဒါများစွာဖြင့် မအားလပ်သည့်အပြင် မကြာခင် စီအီးအိုချာဝန်းတစ်နည်းအားဖြင့် သူု့ငယ်ချစ်ဦးနဲ့အတူ
အလုပ်လုပ်ရမည်ဆိုတော့ ကသိကအောက်ဖြစ်မိတာတော့
အမှန် ပင် ။ ထို့ထက် James Taket ဆိုတဲ့ အမည်နဲ့ ရှယ်ယာရှင်က ပိုစိတ်ဝင်စားဖို့ကောင်းသည် ။

ရှယ်ယာသန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ပန်းချီ လေလံပွဲတိုင်း သူလိုချင်တာ မရလျုင်မပြန်ဘူး
ငယ်ရွယ်တဲ့အသွင်အပြင်ရှိပေမယ့် အရေပြားရောဂါကြောင့်
မျက်နှာပြလေ့မရှိဘူး သဘောကောင်းပြီး ကြင်နာတတ်သူ
လို့လည်း နာမည်ကြီးသေးသည် ။

James Taket နဲ့ဆုံဖူးသူတိုင်း ပြောသည့်စကားများက
အနုပညာ ဆန်တဲ့ လက်လေးများ သွယ်လျတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်ဟုသာ ယခုမူ ထိုလူက အဘယ်ကြောင့် သူ့ကုမ္မဏီတွင် ရှယ်ယာထည့်ဖို့ ကြိုးစားနေသည်လဲ ဘာကိုလိုချင်တာလဲ တွေးမရသဖြင့်
ရှေ့လျောက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့
project ဖြစ်လိမ့်မည် ။

တင်လ်
➡လူကြီး အားလား ကျွန်တော် သွားစရာရှိလို့ ➡

ကောင်လေးထံမှ ပထမဆုံး ရောက်လာသည့် မက်ဆေ့မို့ အစည်းအဝေး ဖျက်ကာ ကောင်လေးသွားချင်သည့် နေရာသို့
ပို့ပေးရန် ပြင်လိုက်သည် ။

ကားတွေကြပ်နေသည်မှာ ဒီနေ့ပိုဆိုးနေသလိုပင် မကြာခင်
ချိန်းထားသည့် နေရာရောက်တော့ စာအုပ်ဖတ်ကာ
Suit ခဲရောင်နဲ့ ကောင်လေးက ဒီနေ့မှ ပို၍ ကြည့်ကောင်းနေသလို ထိုကောင်လေးကို မြင်တိုင်း
အေးချမ်းသွားသည် ကိုတော့ သူငြင်းမရခဲ့ပေ ။

Differently [ongoing] Where stories live. Discover now