➡Ep18➡

471 31 10
                                    

မင်းပြီးရင် '' မင်း '' ဘဲရှိတဲ့ ငါ့ကမ္ဘာလေးက မင်းပစ်ထားတော့အသက်မဲ့နေလိုက်တာများ
ဓာတ်ခဲကုန်သွားတဲ့အရုပ်​လေးလိုပါဘဲကွယ် ။

ထယ်ယောင်း ဂုံဂျင်း ရောက်နေတာ သုံးရက်လောက် ကြာနေပြီဖြစ်သည် ဖုန်းလည်းမဖွင့်ထားမိသလို အိမ်နားက
အန်တီကြီးတွေနဲ့တောင် အတော်အတန်ရင်းနှီးနေပြီဖြစ်သည်
သူ့ကိုချစ်စရာလေးဆိုပြီးခဏဏခြံထွက်သီးနှံတွေလာပေးသည့် အဖွားတွေနဲ့ အတော်လေးပျော်ဖို့ကောင်းသည် အရာရာ ခဏမေ့ထားမိသလို အချစ်မခံခဲ့ရတဲ့ကလေးက နွေးထွေး မှုတွေကိုခဏတဖြုတ်ရသင့်တယ်လေဒါမှသာ တရားမှာပေါ့ ။ နှလုံးသား ကတော့ တစ်စုံတစ်ယောက် ဆီမှာကျန်ခဲ့သလို
လွမ်းလွန်းပေမယ့် မောင့်အတွက်လက်ဆောင်လေး ပြင်ဆင်နေသည်မို့ ခဏတော့ သူသည်းခံရပေဦးမည် ။

'' ထယ်ယောင်းလေးရေ ''

'' ဗျာ ''

'' ထယ်ယောင်းလေးရဲ့ဧည့်သည်တဲ့ ဟိုဘက်ပင်လယ်ကမ်းစပ်ဘက်မှာ စောင့်နေတယ် ''

'' အာဟုတ် သွားလိုက်မယ်အဖွားရေ အိမ်ပြန်ပို့ပေးရဦးမလား
ဝေးကဝေးနဲ့ဗျာ ''

'' သွားသွား အဖွားကသွားနေကျ လေ မျက်စိမှိတ်လျောက်တောင်ရတယ်
ဧည့်သည် စောင့်နေပါဦးမယ်ကွယ် ''

ပင်လယ်ကမ်းခြေဘက်ရောက်တော့ ဘယ်သူမှရှိမနေ ပြန်များပြန်သွားတာလားမသိ စောင်းထားတဲ့ ဦးထုပ်ကိုချွတ် ယပ်ခတ်နေရင်း အိမ်နေရင်း အဖွားတို့ ခြံထဲသွားရင်းဝတ်တဲ့
ဘောင်းဘီ အပွကြီးနဲ့မို့ သူ့ကိုယ်သူရယ်လိုက်မိသေးသည် ။
ဒီလို ပုံစံ နဲ့ Mr. James လို့ပြောရင်ယုံမယ့်သူတောင်မရှိ
လောက်ဘူး စိတ်နဲ့လူနဲ့မကပ်လိုက်ပုံများ

'' အား....မောင်......''

ရုတ်တရက် အနောက်က လူတစ်ယောက် လာချုပ်သည်မို့ ထယ်ယောင်းအော်လိုက်မိသည် ဘုရား ဘုရား ဘယ်သူမှ မရှိတုန်းလုပ်ကြံခံရရင် မတွေးရဲစရာ သူမောင်နဲ့တောင်
လက်မထပ်ရသေး ဘူးလေ ။

လွန်ခဲ့သော ( ၂) ရက်က

KMA company ရဲ့ ရှယ်ယာဈေးကွက်များကစားခံနေရသလို ရှယ်ယာအများဆုံး
Mr. James ရဲ့ ရင်းနှီးမြုပ်နှံမှုငွေတွေ ပြန်ထုတ်မည့် သတင်းကြောင့်ရှယ်ယာဈေးများအောက်ဆုံးသို့ကျသွားရသည်

Differently [ongoing] Where stories live. Discover now