➡Ep6➡

530 56 21
                                    

ချစ်စကားဆိုပြီးသွားပြီမို့ ကိုယ့်နှလုံးသားကိုတာဝန်ယူဖို့တော့
ကောင်လေး တာဝန် ဖြစ်သွားပြီ ကိုယ့်ကောင်လေးအဖြစ်
တရားဝန်ပိုင်ဆိုင်ဖို့နေ့ကိုတော့ မျော်လင့်မိသား ။

ပန်းချီပြခန်းတွင် စိတ်ဝင်တစား ပန်းချီဆွဲနေတဲ့ထယ်ယောင်း
သူဆွဲနေသည့်ပန်းချီအား အနောက်မှ ကင်နာရာနှင့်အဖေက
ကြည့်ကာသဘောကျနေကျသည်ကောင်းသော
သဘောကျခြင်းတော့မဟုတ် သူ၏ပန်းချီများကို ပြခန်းတွင်တင်ကာ နာမည်ယူဖို့ဘဲလေ သူကတော့ သူဝါသနာ
ပါရာလေးလုပ်ခွင့်ပေးလို့ ကျေးဇူး တင်ရမလိုပင် ။

ပန်းချီများအားလက်စသတ်နေတုန်း အပြင်မှ ထွက်လာတဲ့အသံတစ်ခုကြောင့် ထယ်ယောင်းလက်လေးတွန့်
သွားရသည် စီအီးအို ဂျွန်ရောက်နေသည်တဲ့လေ အခန်းပြင်လည်း ထွက်မရတာမို့ ကင်နာရာ၏ တွန်းဖယ်ခြင်းကို ခံရကာ ပန်းချီဆွဲတဲ့နေရာမှာ ကျကျနနထိုင်နေတဲ့ သူမ သိပ်လည်း ချီးကျူးခံချင်တာဘဲ
နာရာရယ် ။

အထဲသို့ဝင်လာတဲ့ လူကြီးဂျွန် မနေ့တစ်နေ့ကမှ သူ့ကို ချစ်စကားဆိုထားသည်မို့ အနည်းငယ်တော့ အို့တို့အမ်းတမ်း
နိုင်လှသည် သူ့ဘက်သို့ အကြည့်တစ်ချက်ရောက်လာကာ
ပြန်လွဲသွားပြီး မကြာခင်အံ့သြနေတဲ့ မျက်ဝန်းများနဲ့ ပြန်စိုက်ကြည့်လာပြန်သည် ထယ်ယောင်း ကတော့ နေရခက်ထိုင်ရခက် ။

'' စီးအီးအိုဂျွန် ဘယ်လို ရောက်လာတာလဲဟင် နာရာဆီလာတာလား ''

'' အလုပ်ကိစ္စဆွေးနွေးဖို့ လာတွေ့တာပါ မစ္စတာကင် ''

စကားပြောရင်း ထယ်ယောင်းဘက်သို့သာအကြည့်ရောက်နေသော ဂျောင်ကု
ကြောင့် မစ္စတာကင်မိတ်ဆက်ပေးရန်ပြင်လိုက်သည်

'' ဒါက အိမ်မှာနေတဲ့ ကျွန်တော့်တူလေး မင်ထယ်ယောင်းတဲ့'

'' အာ မစ္စတာ ကင်အိမ်လာတိုင်းမတွေ့မိပါလား ''

'' ထယ်ယောင်းလေးက အပြင်သိပ်မထွက်တတ်လို့ပါ ''

'' တွေ့ရတာ ပိုပြီးဝမ်းသာပါတယ် ကောင်လေး ''

Wink တစ်ချက်နဲ့အတူ သူ့ရှေ့သို့လက်ကမ်းလာပေးတဲ့သူကြောင့် ထယ်ယောင်း မှာ
ဝမ်းနည်းစိတ်အစား ရှက်စိတ်ကပိုလာရသည် ဘယ်လိုလူကြီးလဲ လူတွေရှေ့မှာ အတင်းလက်ကိုဆွဲကာ နှုတ်ဆက်နေသည် ။

Differently [ongoing] Where stories live. Discover now