➡Ep4➡

574 60 8
                                    

လွပ်လပ်စွာပျံသန်းခွင့်မရှိသော ငှက်တစ်ကောင်ဟာ
လှောင်အိမ်ထဲ မှာ ပျော်နေမယ်ထင်တဲ့ သခင်နဲ့ဘဲ
ကြုံခဲ့ရတဲ့အခါ လွတ်လပ်ခြင်းသည် ထိုငှက်ငယ်အတွက်တော့
မကြုံဖူးတဲ့ နာမ်စားတစ်ခုဖြစ်ခဲ့သည် ။

ဂျောင်ကုတစ်ယောက် KMA Company သို့ရောက်ရှိနေတာဖြစ်သည် စီအီးအို ကင်ရဲ့ဖိတ်ကြားမှုကြောင့် ရောက်ရှိလာပေမယ့် အပြင်အဆင်ပိုင်းကို အကဲခတ်ကြည့်ရင်း သဘောကျနေတာတော့ ငြင်းမရပေ ။

စီအီးအို ကင်နဲ့အလုပ်အကြောင်းပြောပြီးတော့ ပြန်ရန်ပြင်တော့ တံခါးအဖွင့်တစ်ဖက်လူကလည်း ဖွင့်လိုက်ပုံရသည် အပြင် ကဝင်လာတဲ့သူက သူ့ရင်ခွင်ထဲ တန်းတန်းမတ်မတ်ဝင်လာတော့သည် ရင်းနှီးတဲ့ ရေမွေးအနံ့နဲ့
ကောင်လေးများလားလို့ ကြည့်ရန်ပြင်မိတော့ စီအီးအို ကင်က
မြေကွက် ကြည့်ဖို့အလျင်အမြန်ခေါ်သွားသည်မို့ ခေါင်းငုံ့နေသော ထိုကောင်လေးအား မမြင်လိုက်ရ ထိုကောင်လေး ကလည်း အခန်းထဲ သာအမြန်ဝင်သွားပြန်သည် ။

အင်း အရမ်းစိုးမိုးတာဘဲ ကောင်လေးရယ်...

မြေကွက်ကြည့်ပြီးအပြန်တော့ စီအီးအို ကင်ရဲ့ တိုက်တွန်းမှုကြောင့် ကင်နာရာ၏ ပြခန်းသို့ ရောက်ရှိလာပြီဖြစ်သည် ပြခန်းကသပ်သပ်ရပ်ရပ်လေးနှင့် ကြည့်ကောင်းလှသည် ကင်နာရာဆွဲထားသော ပုံများမှာလည်း
အနုစိတ်သေချာဂရုစိုက်ထားပုံပင် မချီးကျူးဘဲတော့မနေနိုင်
ဒါပေမဲ့ ထုတ်တော့ မပြောမိပါ ။

နောက်ဆုံး ကပန်းချီကားလေးက ထူးထူးဆန်းဆန်း နှင့် ကြည့်ကောင်းသည်ငှက်တစ်ကောင်ဟာ လှောင်အိမ်ထဲ ကနေ ပျံတက်နေတဲ့ပုံ အကြိမ်ကြိမ် လွတ်မြောက်ဖို့ကြိုးစားနေသလို
မြင်ယောင်လာအောင်ထိ အသက်ဝင်သည်မို့ သဘောကျစွာ
ပြုံးလိုက်မိသလို နံရံအကွယ်တစ်ဖက်က ကောင်လေးတစ်ယောက် ကလည်း ထိုနည်းတူစွာ လိုက်ပြုံးနေသည်ကိုတော့ ဘယ်သူမှ မသိလိုက်ပါ ။

ပြခန်းကပြန်လာတော့ အတွင်းရေးမှူး အားအလုပ်များကိုစီစစ်ခိုင်းထားပြီး ခဏအနားယူရင်း ကားအပြင်ဘက်ကို ငေးနေမိတော့ ဟိုကောင်လေး အစိမ်းနုရောင်အကျီင်္လေးနှင့် လမ်းတစ်ဘက်သို့ကူးသွားသည်
အတွင်းရေမှူးအားကားရပ်ခိုင်းပြီး ကြည့်မိတော့ မတွေ့တော့
ဒီတခေါက် လည်း ဆုံဖို့ကံမပါခဲ့ဘူး ကောင်လေးရယ်
သေချာပေါက် ဒီညတော့ ဟာတာတာနဲ့ ဖြတ်သန်းရအုံးမည်လေ

Differently [ongoing] Onde histórias criam vida. Descubra agora