➡Ep7 ➡

485 43 5
                                    

ရာသီဥတု အတော်အသင့်သာယာပြီး ရုံးပိတ်သည့်ရက်မို့
ဂျောင်ကု ကင်အိမ်တော်အား သွားကာ ထယ်ယောင်း ကို
ခေါ်ရန် သွားမည်ဟု တွေးမိတော့ တက်ကြွနေသော ခြေလှမ်းများ လွတ်လွတ်လပ်လပ် shirt အကျီ်နဲ့ အခါတိုင်း နဲ့မတူစွာ လူငယ်ဆန်နေသော ကြောင့် မှန်ထဲ ကြည့်ကာ
ကျေနပ်နေမိသည် ။

'' မားရေ သွားစရာရှိလို့ ညနေမှ ပြန်လာမယ်နော် ''

'' သွားသွား သားရေ ရုံးပိတ်ရက် ဆိုတော့ ကောင်းကောင်းလည်ခဲ့နော် ထယ်လေးနဲ့ ''

'' ဟုတ် မား အားတဲ့တစ်ရက်တော့ အိမ်ခေါ်ခဲ့မယ်နော် ''

'' အေးပါအေးပါ သွားသွား ''

ကင်စံအိမ်ကြီး ရောက်တော့ နာရာကထွက်လာပြီး ဝမ်းသာအားရ ကြိုဆိုနေသည် သို့သော် ကောင်လေးကိုတော့
မတွေ့ မစ္စတာ ကင်အပေါ်ထပ်ကဆင်းလာသည့်တိုင်
ကောင်လေးအရိပ်အယောင်ပင်မမြင်ရသေးသဖြင့် ထိုင်မရ
ထမရဖြစ်နေမိသည် ။

'' အလည်သပ်သပ်လား ဂျောင်ကု ''

'' မစ္စတာကင် ထယ်ယောင်း နဲ့ ကျွန်တော် အတူသွားလည်လို့ရမလား ''

'' ရပါတယ် ဂျောင်ကု သွား နာရာ ထယ်လေး ကိုသွားခေါ်လိုက်ဦး ''

'' ထယ် ယောင်းက အပြင်သိပ်မသွားတော့ ကျွန်တော် လည်း
အဖော်မရှိတာနဲ့ ''

'' ဟုတ်တယ် ထယ်လေးက အာ့လိုဘဲ အခန်းထဲအောင်းပြီး
စာဖတ်နေတာ ကများတယ် ''

မစ္စတာကင်နဲ့ စကားပြောနေတုန်း လှုပ်တုပ်လှုပ်တုပ်ဆင်းလာတဲ့ ကောင်လေး ကြည့်ရတာ အိပ်ရေးမဝတဲ့ပုံမို့ မျက်နှာက သိပ်မလန်း ချစ်ဖို့တော့
ကောင်းနေသေးသည် ။

'' သွားရအောင် ကောင်လေး ''

'' အင်း ''

ထယ်ယောင်းနဲ့ဂျောင်ကု ထွက်သွားတော့ စိတ်တိုနေသည့်နာရာ သူ့အားကျော်ချကာ ဟိုကောင်ထယ်ယောင်းကို ဦးစားပေးသွားတာလား အရင်တွေ့ခဲ့တာနာရာနဲ့ပါ ဘာကြောင့် ထယ်ယောင်း ကိုပိုဦးစားပေးနေရတာလဲ

'' သမီးနာရာ ကိုယ်အသုံးမကျရင် ကိုယ်ခံ ရမှာ သိတယ် မလား ဒီလိုကိစ္စတွေထိတော့ အဖေ့အကူအညီ မယူသင့်ဘူးမလား ''

Differently [ongoing] Where stories live. Discover now