➡Ep20 ➡

455 30 14
                                    

အရာရာကိုအရှုံးပေးထားသည့် အချိန်တွေကဒီလောက်နဲ့
လုံလောက်သင့်ပြီ မဟုတ် ပါလား ။ မိသားစုအသိုင်းအဝိုင်းရဲ့
အချစ် သူလိုချင်တဲ့ ဂရုစိုက်မှုတိုင်း လုယုထားတဲ့အချိန်တွေ ကုန်ဆုံးသင့်ပြီနာရာ ။

မကြာခင် ရိုက်ချတော့မည့်ထိုးနှက်ချက်တွေအတွက် ကျေနပ်စွာ ပြုံးလိုက်မိသည် မောင်ရယ် သူရယ် အချစ်တွေနဲ့
အေးချမ်းမှူ ဆိုတဲ့အရာတွေသာ ကျန်တော့မည့်အချိန်အတွက်
ဒီတစ်ကြိမ်တော့ စကားနားမထောင်တဲ့သားတစ်ယောက် ဖြစ်ရလိမ့်မယ် ခွင့်လွှတ်ပါလို့တော့ ကြိုမပြောချင်တော့ ။

'' ကောင်လေး ကိုယ့်ကိုကြည့်ပါဦး ဘာတွေ ဒီလောက် သဘောကျနေတာလဲ ''

'' မောင့်အနားရှိလို့ပေါ့ဗျာ ''

'' စကားတွေသိပ်တတ်နေတာ ပေါ့ ကောင်လေးက ''

'' အင်းလေ အဲ့တော့ ​မောင်မကြိုက်ဘူး လား ပြော ''

'' ကောင်လေး မနက်ဖြန် ပြန်မှာသေချာပြီလား ကောင်လေးရင်ဆိုင်ရမယ့်အရာတွေအတွက်အဆင်သင့်ဖြစ်ပြီဆို မောင်ကူညီပါ့မယ် ''

'' အင်း မောင် ငါအဆင်သင့်ဖြစ်ပြီ james ရော ထယ်ယောင်းရောဆိုတဲ့ လှည့်ကွက်ထဲဝင်လာကြပြီလေ ပြီးတော့ ငါ့ထောင်ချောက်ထဲ လှလှပပ ဝင်လာတဲ့ သားကောင်က နာရာတဲ့.. ဟက် ''

'' အား..ကောင်လေးပြုံးနေတာ လူယုတ်မာ ကြီးနဲ့တူလို့ကိုယ်တောင်ကြောက်လာပြီ ''

'' ဟားဟား ဒီလို ဆိုရင်တော့ လူယုတ်မာ ကြီးရဲ့ မောင်ကလည်း လူဆိုးဘဲပေါ့ကွာ မဟုတ်ဘူး လား ''

'' ဟင့်အင်း မောင်က လူဆိုးမဖြစ်ချင်ပါဘူး လူယုတ်မာ ရဲ့ရည်းစား ထယ့်ကိုဘဲ ကွက်ယုတ်မာတော့မယ့် လူဆိုးကြီးလေ လာစမ်း ''

'' အွန့်.. တော်ပြီကွာ.. မောင်.. ကြောက်ပါပြီကွာ ''

ညနေခင်းနေဝင်ချိန်တွေက သူတို့ အချစ်တွေနဲ့ပိုလှပနေခဲ့ဖူးသည် သူရယ် သူ့အပြုံးတွေရယ် ဒီအချိန်လေးလောက်ပြည့်စုံတဲ့ သုခဘုံ ရှိပါဦးမလား ။

ရှယ်ယာရှင်အစည်းအဝေးအတွက် Mr. kim ရဲ့ အစည်းအဝေးခန်းအတွင်း၌လူကြီးလူကောင်းများစွာ
စုဝေးနေကြပြီးအဓိကရှယ်ယာဝင်လေးယောက်ကတော့အခွင့်ထူးခံလူတန်းစားပီသစွာအချိန်အနည်းငယ်နောက်ကျချင်နိုင်သလို အတိအကျမှ လာသည်လဲ ဖြစ်နိုင်သည် ။

Differently [ongoing] Onde histórias criam vida. Descubra agora