➡Ep16➡

413 42 5
                                    

ကိုယ့်မှာ မောင်ဘဲ ရှိတာပါ ကိုယ့်ကိုယုံကြည်မယ့်သူ
ကိုယ့်ကို ချစ်ပေးမယ့်သူ အဲ့လို လူက ကိုယ့် ကိုပစ်ထားတော့
သေလောက်အောင် နာကျင်ရပါတယ် မောင် ရယ် ။

'' မောင့်ကို စကားပြောပါဦး ကောင်လေးရယ် ''

စိတ်ဆိုးရမယ့်သူက ပြန်ချော့ရဦးမည် ကောင်လေးရယ်
မင်းကဆိုးလိုက်တာ ချစ်တော့လည်း ဒါလေးကို ပစ်မထားနိုင်
တာခက်သား ။

လိုအပ်တာတွေ ဝယ်လာတော့ ကောင်လေးသူငယ်ချင်း ရောက်နေပြီဖြစ်သည် သူ့အားအခုထိစကားမပြောသေးသော
ကောင်လေးက သူ့သူငယ်ချင်း နဲ့တော့ ဘာတွေ များတိုးတိုး
ကပ်ပြောနေသည်မသိပါ ။ သူ့ကိုပင်မကြည့်လာသဖြင့်
ရေဝတ်လေးယူသွားကာ ခပ်တည်တည် ဘဲ သုတ်ပေးနေမိတော့ ငြိမ်နေပြန်သည့် ကောင်လေးက ဂျစ်ကန်ကန် လေး ပါ ကွာ ။

'' ဂျီမင်း မနက်ဖြန် ကျ ငါပြောတာ မမေ့နဲ့နော် ဟီး ''

'' မမေ့ဘူး မမေ့ဘူး အခုတော့ ပြန်ပြီ အသည်းပုံရာသီဥတုအခြေအနေတွေ မခံစားနိုင်ဘူး ''

သူ့သူငယ်ချင်း နဲ့ပြုံးနေသည့် ကောင်လေးက သူ့သူငယ်ချင်း ပြန်သွားသည်နှင့် သူ့အားမကြည့် လက်လေးကို ဖွဖွလေး ရေဘတ်တိုက်ပေးတော့ လည်းမကြည့်လာ သဖြင့် ဆူနေသည့် နှုတ်ခမ်းလေးအား ခပ်ဖွဖွလေး နမ်းမိတော့
အံ့သြကာ သူ့အား လက်သီးနဲ့ ပစ်ကျွေးတော့သည် ။

'' မောင့်ကို ဘာလို့ စိတ်ဆိုး နေတာလဲ ကောင်လေးရဲ့ ''

'' ....... ''

'' မောင် မှားသွားပါတယ် ပစ်ထားမိတာလည်း မှားပါတယ် နော် စကားမပြောဘဲ မနေနဲ့လေ ကောင်လေးရေ မောင့်ကို မချစ် ဘူးလား ဟမ် လို့ ''

'' မသိဘူး ''

'' မသိလို့ မရဘူးလေ ကောင်လေးရဲ့ အာဘွား အကြီးကြီးပေးပြီး ချော့ပါတယ် ဗျာ ''

'' မောင် ''

'' ဟင် ပြော အသည်း လေး ''

'' ငါ့ကို ပစ်ထားတာ မကြိုက်ဘူး ငါ့ကို .. ''

ငိုချင်တာ ကို ကြိတ်ခံနေသည့် ကောင် လေးက မျက်လုံး တွေနီရဲ နေသလို နှုတ်ခမ်း တွေ ကိုကိုက်ထားပြန်သည်မို့ သူဝမ်းနည်းသွားရသည် ။ ကောင်လေးသာ ဒီလောက် နာကျင်ရမှန်းသိရင် သူမပစ်ထားခဲ့သင့် အခုတော့ သူ့ကောင်လေး ဝမ်းနည်း သွားရပြီလေ ။

Differently [ongoing] Where stories live. Discover now