➡Ep8 ➡

435 43 3
                                    

'' မရေရာတဲ့အတွေးတွေက အမှားတစ်ခု ပြုလုပ်ဖို့ လမ်းစ
ဖြစ်ခဲ့သည်  ''

ထယ်ယောင်းပန်းချီဆွဲရင်း ဖုန်းကို အကြိမ်ကြိမ်ကြည့်မိနေသည် မက်ဆေ့ဝင်နေကျ အသံလေး
မရှိတော့ ဖြစ်ပျက်နေလိုက်တာ ထယ်ယောင်းရယ်
ဒီလို စိတ်တွေဖြစ်ရတာ သူတကယ်ပူလောင်တယ် မကြိုက်ဘူး ခင်ဗျားကို မချစ်ချင်လိုက်တာ လူကြီးဂျွန်ရယ်...

ဒီနေ့ ဂျောင်ကုတစ်ယောက် ကျောင်းရဲ့ သူငယ်ချင်း တစ်ယောက် မွေးနေ့ ဖြစ်တာမို့ အလုပ်မအားတဲ့ကြားက
သွားဖြစ်သည် သူရောလာလိမ့်မည်တဲ့ ကျွန်တော် မသေချာဘူး hyung ကိုပြန်တွေ့ရမှာ စိတ်လှုပ်ရှားနေတာ
တော့ ငြင်းမရခဲ့ပေ ။

မွေးနေ့ ရောက်တော့ သူငယ်ချင်း အများစုနဲ့ နှုတ်ဆက်ပြီး
ဝိုင်သောက်ရင်း စောင့်နေမိသည် မကြာခင် ခန်းမအတွင်းသို့
ဝင်လာတဲ့ သူ အပြာနုရောင် ဝမ်းဆက်နှင့် နတ်သားတစ်ပါးကဲ့
သို့ပင် သူသတိလက်လွတ်တစ်ချက် ငေးမိတော့ သူ့အနား
လာနှုတ်ဆက်သည့် ချာဝန်း

'' တွေ့ရတာ ဝမ်းသာပါတယ် စီအီးအိုဂျွန် မကြာခင် အလုပ်တွဲလုပ်ရတော့မှာ အခုမှ လူချင်းတွေ့ဖူးတော့တယ် ''

'' အင်း ဟုတ်တယ် တွေ့ရတာ ဝမ်းသာပါတယ် စီအီးအို ချာဝန်း ''

နှုတ်ဆက်ရင်းလက်ကို အကြာကြီးလာကိုင်ထားသည့် ချာဝန်း
အနေခက်ပေမယ့် မရုန်းဖြစ် ဘေးမှာ လည်း လူတွေနှင့်မို့
အားနာစရာ ကောင်းသည်လေ ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေတဲ့ ထယ်ယောင်း

နာရာနဲ့အတူသူ့ ကျောင်းက သူငယ်ချင်း မွေးနေ့ မို့ သူ့အား
လိုက်ပို့ပေးရင်း တွေ့လိုက်ရသည့် မြင်ကွင်းက သူ့ရင်ကို
မီးစနဲ့ထိုးသလိုပင် လူကြီးက ပြုံးနေပြီး ကောင်လေးတစ်ယောက် လက်ကို ကိုင်ထားသည် သူသိပ်သဘောကျရတဲ့ ပါးချိုင့်လေး က အခုတော့ ဖြင့်
တခြားသူရှေ့ထွက်ပေါ်လာရသည်တဲ့လေ

သူကြည့်နေရင်း လူကြီးရင်ခွင်ထဲရောက်သွားသည့် ဟိုကောင်လေး ခါးကို ဖက်ထားပေးသည်တဲ့လေ ဘေးကလူတွေပြောနေသည့် စီအီးအိုချာဝန်းဆိုတာ ထို​ကောင်လေးဖြစ်ရမည် သိပ်လိုက်ဖက်ပါတယ် ခင်ဗျား ရယ် ။

Differently [ongoing] Where stories live. Discover now