➡Ep11 ➡

423 44 5
                                    

အဝါရောင်ပန်းခင်းကြီးထဲမှာ အိပ်နေတဲ့ ထယ်ယောင်း
ခဏက ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုပြီးမှ အခုရှက်နေသည်ကြောင့် စံအိမ်ထဲကပန်းခြံထဲ ကျောခင်းချကာ အနားယူနေမိသည် အနည်းဆုံးတော့ ဒီနေရာက စိတ်ပင်ပန်းမှုတွေ လျော့စေနိုင်သည်လေ ။

'' ပြော ဂျီမင်း ''

'' အစည်းအဝေး မှာ မင်းကိုတွေ့ချင်လို့တဲ့ ''

'' ငါမအားတာမင်းသိသားနဲ့ မင်းဘဲသွားလိုက်လေနော်နော်
လုပ်ပါ ချစ်ဖို့ကောင်းပြီးသဘောကောင်းတဲ့ ပူကြူးရေ ''

'' ဘယ်လို အသံနဲ့ပြောနေတာ မလိုက်မဖက်တွေ ထယ်ယောင်း ရယ် သွားပေးမယ် မင်းဘဲ ကြီးနဲ့ဘဲ အားနေအချိန်ကုန်မနေနဲ့ဟိုက  ရိပ်မိသွားဦးမယ် ''

'' အေးပါ ငါသတိထားနေပါတယ် ဒါဘဲနော် ''

ဖုန်းချပြီးဘေးကိုကြည့်လိုက်တော့ သူ့အား ဝါးစားမတတ်ကြည့်နေတဲ့ ဂျောင်ကုကြောင့် လန့်ဖြန့်သွားရသည် လူကိုကြည့်နေတာ တကယ်ကြောက်စရာ ဒီလိုအချိန်တွေဆို လူကြီးက အာဏာပြင်းတဲ့ လူတစ်ယောက် လိုပင် ။

'' လူ.. အွန့်.. ပြွတ်စ် ''

အနီးအနားကိုရောက်လာကာ သူ့အားဆွဲနမ်းလာသည့် သူကြောင့် မျက်လုံးပြူးသွားရသည် ။ ပါးကိုလက်နှစ်ဖက်နဲ့ဖိကိုင်ကာ နူးညံ့သည်လည်း မဟုတ်တဲ့အနမ်းတွေ ရုန်းထွက်ဖို့ခက်ပြန်ပြီ အသုံးမကျတဲ့ လက်တွေ က ဒီအချိန်ဆို အားနည်းနေတတ်ပြန်သည် ။

မကြာခင်နူးညံ့တဲ့ အနမ်းများနဲ့အဆုံးသတ်ကာ ရင်ခွင် ထဲထည့်ဖက်ထားသည့် လူကြောင့် အလိုက်သင့်လေးနေမိသည် ။

'' ကောင်လေး ကိုယ်က အတ္တကြီးတယ် မင်းနဲ့ပတ်သက်ရင် စကားလုံးတွေကအစ သဝန်တိုတတ်တယ် ဒါ့ကြောင့် ကိုယ်ကလွဲပြီး တခြားသူတွေအပေါ် ချစ်သူလိုဘာလိုလိုနာမ်စားတွေတပ်မခေါ်ပါနဲ့ ''

'' ဒါပေမယ့်.. ''

'' ရှူး မင်းဆက်ပြောရင် အဲ့နှုတ်ခမ်းတွေ ကို ကိုယ်အလွတ်ပေးတော့မှာ မဟုတ်ဘူး နော် ''

'' အွန်း ''

တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ သူတို့နှစ်ယောက် ဆက်ဆံရေး က ချစ်သူတွေတော့ မဟုတ်ဘူးတဲ့လေ ။
ဘယ်လိုတောင်ဂွကျမှုကြီးလဲ

Differently [ongoing] Donde viven las historias. Descúbrelo ahora