➡Ep14 ➡

395 42 1
                                    

အရေးကြီးသော အစည်းအဝေး နေ့ဖြစ်သလို James နှင့်
မစ္စတာကင် ရဲ့ နောက်ထပ် project တစ်ခု အကောင်အထည်ဖော်ဖြစ်တော့မည် မို့ နေ့ထူးနေ့မြတ်လို့
ပြောလျုင် လည်းမမှား James က ပွဲတုန်းက ပျောက်သွားပေမယ့် နေသိပ်မကောင်းပုံမို့ ဂျောင်ကု အနားယူရန် အချိန် ပေးသော်လည်း ခေါင်းမာသည့် James
ကလက်မခံချင်ပုံရသည်မို့ အစည်းအဝေး စရန်သာပြင်လိုက်သည် ။

မစ္စတာကင်က အားတက်သရော ရှင်းပြနေသလောက် James ကတုပ်တုပ်မှမလှုပ် ဘဲနားထောင်နေသည် မကြာသေးခင်ကမှ မှာထားတဲ့ ကိတ်လေးကို ဂျောင်ကု
ရှယ်ယာရှင်များအား စားစေသည် James က ကိတ်ကို
အသာအယာစားပြီးနောက် ဝေဝါးလာတဲ့ အမြင်များ ကြောင့် 
အစည်းအဝေး ပြီးတဲ့ထိ တောင့်ခံနေရတာတကယ်မလွယ်ပေ

ညှိနှိုင်းမှုတွေပြီးသွားတော့ အပြင်ထွက်သွားကြပြီဖြစ်တဲ့ ရှယ်ယာရှင်များကြောင့် သူထပြန်ရန်ပြင်လိုက်တော့ တစ်ဆို့နေသော ရင်ဘတ် နဲ့အတူ ထွက်လာသော အနီအဖုပိန့်များ ကြောင့် သူနောက်ဆုံးသိလိုက်ရတာ စီအီးအို ဂျွန်ရဲ့ ရင်ခွင်ထဲ ရောက်သွားခဲ့သည်ဆိုတာဘဲ ဖြစ်သည် ။

ဆေးပိုက်တန်းလန်းနဲ့ အားနည်းစွာ မေ့မျောနေသော James က သစ်ကြားသီး နဲ့မတည့်၍ အလက်ဂျစ်ထသည်မို့သူအပြစ်မကင်းသလို ခံစားရသည်
personal အရ ဆရာဝန်များကပါ မျက်နှာဖုံးအားချွတ်မသွားသဖြင့် သူ၏ စပ်စုလိုစိတ်ကြောင့် မျက်နှာဖုံးအားချွတ်ရန်ပြင်လိုက်တော့James ရဲ့ အတွင်းရေးမှူး ရောက်လာ၍ မသိသလိုနေလိုက်ရသည် ။

'' အဆင်ပြေရဲ့လား ''

'' နည်းနည်းတော့ နေရခက်သေးတယ် မင် ငါအိမ်ပြန် ချင်ပြီ''

'' ဆေးရုံ မှာညနေထိတော့နေလိုက်ပါဦး ''

'' မနေချင်ဘူး မစ္စတာ ဂျွန်ကျဉ်းကြပ်တယ် ''

အိမ်အတင်းပြန်ရန်ပြင်နေသည်မို့ သူသေချာပြောတော့မှဆေးရုံမာနေဖို့လက်ခံတော့သည်
James မှာ ဒီလို ကလေးဆန်တဲ့အကျင့်လည်း ရှိနေသေးသည်ကိုး ။

တစ်ညနေလုံး ဖုန်းမကိုင်တဲ့ ကောင်လေးက အခုကိုင်တော့သူနည်းနည်းတော့စိတ်ဆိုးနေပြီဖြစ်သော်လည်း
နေမကောင်း သလိုအသံလေးကြောင့် စိတ်ကပျော့သွားရပြန်သည် ။

Differently [ongoing] Dove le storie prendono vita. Scoprilo ora